အမျိုးသားအဖြစ်ကနေ ပြောင်းလဲထားတဲ့ ကမ္ဘာ့အချောဆုံး အမျိုးသမီးလေးတွေ အကြောင်း

ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးအတွက် ပြောပြပေးချင်တဲ့ ထူးထူးဆန်းဆန်းအ ကြောင်း အရာတစ်ခုရှိပါတယ်။

ဒါကတော့ အမျိုးသားအဖြစ်ကနေ ပြောင်း လဲထားတဲ့ ကမ္ဘာ့အချောဆုံး အမျိုးသမီးလေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ တစ်ကယ့်ကို မျက်စိမှားသွားအောင် လှရဲ့လားဆိုတာကတော့ အောက်မှာ ဆက်ပြီး လေ့လာကြည့်လိုက်ရအောင်နော်

၁။ Florencia Trinidad

 

 

Florencia ကတော့ အာဂျင်တီးနားနိုင်ငံမှာ ပထမဦးဆုံး ယောကျာ်းကနေ မိန်းမအဖြစ် ပြောင်းလဲခွဲစိတ်ထားတဲ့ အမျိူးသမီးပဲ ဖြစ်ပါတယ်။ သူမကို Flor de la Vလို့လည်း လူသိများကြပြီး လက်ရှိမှာတော့ TVPresenter အဖြစ်ရော သရုပ်ဆောင် မင်းသမီးအဖြစ်ပါ လုပ်ကိုင်ချက်ရှိပါတယ်။

၂။ Caroline Cossey

 

 

၁၉၅၄ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Caroline က တော့ ပြောင်းလဲခွဲစိတ်ထားတဲ့ အမျိုးသမီးတွေထဲမှာ ပေါ်ပြူလာအဖြစ်ဆုံး သူလည်း ဖြစ်ပါတယ်။ Caroline ဟာ သူမရဲ့ ဖြစ်တည်မှုကို တရားဝင်အသိမှတ်ပြုခံရဖို့နဲ့ လက်ထပ်ခွင့် ရှိဖို့စတဲ့ အခွင့်အရေးတွေအ တွက် တိုက်ပွဲဝင်ခဲ့ရတာပါ။ ဒါ့အပြင် နာ မည်ကြီး Playboy မဂ္ဂဇင်းရဲ့ ပထမဆုံး ဓာတ်ပုံမော်ဒယ် တစ်ယောက်လည်း ဖြစ်ပါတယ်။

၃။ Carmen Carrera

 

 

တစ်ကယ့် မိန်းကလေး တစ်ယောက်နဲ့ ထင် မှတ်မှားလောက်အောင် လှနေတဲ့သူကတော့ Carmen Carrera ပဲ ဖြစ်ပါတယ်။ သူမဟာ ယောကျာ်းအဖြစ်ကနေ အမျိုးသမီးအဖြစ် ပြောင်းလဲ ခွဲစိတ်ထားပြီး အခုအခါမှာတော့ အမေရိကန် TV အစီအစဉ် တင်ဆက်သူအ ဖြစ် နာမည်ကြီးလျှက်ရှိပါတယ်။

၄။ Christine Jorgensen

 

 

Christine ကတော့ အမေရိကမှာ ပထမဦး ဆုံး ပြောင်းလဲ ခွဲစိတ်ထားတဲ့ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ခေတ်သူ့အခါတုန်းကတော့ အတော်လေးကို လှတဲ့ transgender တစ်ယောက်အဖြစ် အများက အသိအမှတ်ပြုခဲ့ကြပါတယ်။

၅။ Claudia Charriez

 

 

Claudia ကလည်း ပြောင်းလဲခွဲစိတ်ထားတဲ့ အမျိုးသမီးဖြစ်ပြီး မော်ဒယ် တစ်ယောက်အ ဖြစ် လုပ်ကိုင်လျှက်ရှိပါတယ်။ သူမကို လူသိများလာတာကတော့ အမေရိကရဲ့ နာမည် ကြီး Show တစ်ခုဖြစ်တဲ့ America Next top model မှာ ဖြစ်ပြီး ဒီပြိုင်ပွဲကနေ တဖြည် းဖြည်း နာမည်ကြီးလာခဲ့တာလည်း ဖြစ်ပါတယ်။

၆။ Andreja Pejic

 

 

 

Andreja ကတော့ နာမည်ကြီး ဒိတ်ဒိတ်ကြဲ Super Model တစ်ယောက်ပါ။ ဒါ့အပြင် သူ မဟာ ပြောင်းလဲ ခွဲစိတ်ထားတယ်ဆိုတာ ကြော်ငြာပြီး သတ်မှတ်ထားတဲ့ စံတွေကို ချို းဖျက်ပြခဲ့ပါတယ်။

၇။ Jenna Talackova

 

 

 

Jenna ဟာ ၂၀၁၂ တုန်းက ကနေဒါနိုင်ငံရဲ့ အလှမယ်ရွေးပွဲမှာ transgender တစ်ယောက်ဖြစ်လို့ ပါဝင်ခွင့်မရတဲ့ အပေါ်အချေအတင်ဖြစ်ခဲ့ပြီး မီဒီယာရဲ့ အာရုံစိုက်မှုကို ရခဲ့ပါတယ်။ သူမဟာ အခုလက်ရှိမှာတော့ Canadian Model အဖြစ်ရော TV Personality အဖြစ်ပါ လုပ်ကိုင်နေပါတယ်။

၈။ Chanel

 

 

 

စွဲမက်ဖွယ် အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ Chanelဟာ အရင်တုန်းက လူကြီးဇာတ် ကားတွေမှာ သရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ အမျိုးသမီးအဖြစ် ပြောင်းလဲ ခွဲစိတ်ထားတာလည်း ဖြစ်ပါတယ်။

၉။ Kim Petras

 

 

 

Kim ကတော့ အမျိုးသမီး အဖြစ် ပြောင်းလဲခွဲစိတ်ပြီးနောက်မှာတော့ အရိုးရှင်းဆုံး အ လှတရားကို ပိုင်ဆိုင်ထားတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ transgender တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ transgender တစ်ယောက် ဖြစ်ပြီးတဲ့ နောက် ပိုင်း အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်ဖို့အတွက်ပါ ကြိုးစားနေပါတယ်။

၁၀။ Thalita Zampirolli

 

 

 

တစ်ကယ့် မိန်းကလေးအစစ်နဲ့ ခွဲမရအောင် တူလွန်းလှတဲ့ Thalita ကတော့ ကမ္ဘာ့အချောဆုံး transgender တစ်ယောက်အဖြစ် စာရင် းဝင်ထား သူလည်း ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံသူတစ်ဦး ဖြစ်တဲ့ Thalita ဟာ အမျိုးသ မီးအဖြစ် ပြောင်းလဲခွဲစိတ်တုန်းက အသက် ( ၁၈ ) နှစ်ပဲ ရှိပါသေးတယ်။

အခုပြောပြပေးထားတာကတော့ ကမ္ဘာ့အ ချောဆုံး ပြောင်းလဲခွဲစိတ်ထားတဲ့ အမျိုးသ မီးတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလို ထူး ဆန်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးပါဦးနော်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *