မချစ်တော့ချိန်မှာ အပြစ်ရှာပြီး မိဖုရားတွေကို သတ်ပစ်ခဲ့တဲ့ ဘုရင်အကြောင်း(ဘယ်လောက်ဆိုးလဲ တော်တော်လေးဆိုးတယ်နော်)

Unicode

မချစ်တော့ချိန်မှာ အပြစ်ရှာပြီး မိဖုရားတွေကို သတ်ပစ်ခဲ့တဲ့ ဘုရင်

 

 

အင်္ဂလန်နိုင်ငံရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ ဟင်နရီ ၈ ကို သမိုင်းမှာ ရက်စက်တဲ့ဘုရင်လို့ခေါ် တွင် ကြတဲ့အပြင် မိဖုရား၂ပါးကိုသတ်ခဲ့တဲ့ဘုရင်ဆိုးအဖြစ်နဲ့လည်းနာမည်ကြီးပါတယ်။

 

 

နန်းတက်စ မင်းပျိုမင်းလွင်ဘဝမှာ စပိန်မင်းသမီး ကတ်သရင်းကိုမိဖုရားမြှောက်ခဲ့ပေမယ့် မိဖုရားကြီးကတ်သရင်းကိုငြီးငွေ့လာချိန်မှာတော့ နန်းတွင်းက ချောမောတဲ့အ ပျိုတော်တစ်ပါးကို တပ်မက်လာခဲ့ပါတယ်။

 

 

အမှန်တော့ ကတ်သရင်းဟာ ဟင်နရီ ၈ ရဲ့အစ်ကိုတော်ဖြစ်သူ မင်းသားကြီးရဲ့ ဇနီးပဲဖြစ်ပါတယ်။

 

 

မရီးတော်ကို တပ်မက်ခဲ့ချိန်မှာ အစ်ကိုဖြစ်သူနဲ့ လင်မယားအရာမမြောက်ခဲ့ပါဘူးလို့ သာသနာပိုင်ဆရာတော်တွေကို အတင်းကြေ ညာခိုင်းခဲ့သူ ဟင်နရီ ၈ ဟာ နန်းတွင်းသူ အန်းဘိုလင်ကိုသဘောကျချိန်မှာလည်း ကတ်သရင်းကို အတင်းကွာရှင်းဖို့ ကြံစည်ပါတော့တယ်။

 

 

ထိုကာလရဲ့စည်းမျဉ်းတွေအရ ဘုရင်တစ် ပါးအနေနဲ့ မိဖုရားများများထားခွင့်မရှိတာကြောင့် အန်းဘိုလင်ကို မိဖုရားကြီးမြောက်လိုတဲ့ ဟင်နရီဟာ ဗရင်ဂျီဂိုဏ်းနဲ့ သာသနာရေးဂိုဏ်းက ပြဌာန်းချက်တွေကို လက်တလုံးခြားလုပ်ပြီး ကတ်သရင်းကိုရအောင်ကွာရှင်းခဲ့ပါတယ်။

 

 

ခက်ခက်ခဲခဲနဲ့ မိဖုရားဖြစ်ခဲ့ရတဲ့ အန်းဘိုလင်းမှာလည်း အသက်မရှည်ရှာပါဘူး။ ဘု ရင် အချစ်သစ်တွေ့ချိန်မှာတော့ အန်းဘိုလင်ဟာ သစ္စာမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ခေါင်းဖြတ်အသတ်ခံရတဲ့အထိ ကံ ဇာတာဆိုးဝါးခဲ့ပါတယ်။

 

 

ခေါင်းဖြတ်အသတ်ခံခဲ့ရတာဟာ မိဖုရားအန်းဘိုလင်တစ်ပါးတည်းမဟုတ်ပါဘူး။

ဆောင်းလေတိုက်သလို စိတ်ပြောင်းလွယ်တဲ့ဘုရင်ဟာ မိမိကြိုက်တဲ့အချောအလှကို မိ ဖုရားမြှောက်လိုက် မကြိုက်ရင်ကွာရှင်းလိုက်လုပ်လာရင်းနဲ့ ၅ယောက်မြောက်မိဖုရားကြီးအဖြစ် ငယ်ရွယ်လှပတဲ့ ကတ်သရင်းဟောင်းဝပ်ကို တင်မြှောက်ခဲ့ပါတယ်။

 

 

သူ့အလှည့်မှာတော့ ဘုရင်ဟာ သူနဲ့လက်မထပ်ခင် မျက်နှာများခဲ့တယ်ဆိုတဲ့ အကြောင် းပြချက်နဲ့ သတ်ခဲ့တယ်လို့သိရပါတယ်။

 

 

သူ့မိဖုရားတွေကို သတ်ချင်တဲ့သူကို သတ် ကွာရှင်းတဲ့သူကို ကွာရှင်းပြီး နေချင်သလိုနေခဲ့တဲ့ ဘုရင်ဟာ သူ့လက်ထက်မှာ လူပေါင်းသောင်းချီသေစေခဲ့တယ်လို့ ဆိုကြပေမယ့် တချို့ကလည်း ချဲ့ကားပြောခြင်းဖြစ်တယ်လို့ဆိုပြန်ပါတယ်။

ထူးခြားဆန်းပြားဖြစ်ရပ်မှန်များ ( Writer – LLA )

Zawgyi

မခ်စ္ေတာ့ခ်ိန္မွာ အျပစ္ရွာၿပီး မိဖုရားေတြကို သတ္ပစ္ခဲ့တဲ့ ဘုရင္

 

 

အဂၤလန္ႏိုင္ငံရဲ႕ဘုရင္တစ္ပါးျဖစ္တဲ့ ဟင္နရီ ၈ ကို သမိုင္းမွာ ရက္စက္တဲ့ဘုရင္လို႔ ေခၚတြင္ၾကတဲ့အျပင္ မိဖုရား၂ပါးကိုသတ္ခဲ့တဲ့ဘုရင္ဆိုးအျဖစ္နဲ႔လည္းနာမည္ႀကီးပါတယ္။

 

 

နန္းတက္စ မင္းပ်ိဳမင္းလြင္ဘဝမွာ စပိန္မင္းသမီး ကတ္သရင္းကိုမိဖုရားေျမႇာက္ခဲ့ေပမယ့္ မိဖုရားႀကီးကတ္သရင္းကိုၿငီးေငြ႕လာခ်ိန္မွာေတာ့ နန္းတြင္းက ေခ်ာေမာတဲ့အပ်ိဳေတာ္တစ္ပါးကို တပ္မက္လာခဲ့ပါတယ္။

 

 

အမွန္ေတာ့ ကတ္သရင္းဟာ ဟင္နရီ ၈ ရဲ႕အစ္ကိုေတာ္ျဖစ္သူ မင္းသားႀကီးရဲ႕ ဇနီးပဲျဖစ္ပါတယ္။

 

 

မရီးေတာ္ကို တပ္မက္ခဲ့ခ်ိန္မွာ အစ္ကိုျဖစ္သူနဲ႔ လင္မယားအရာမေျမာက္ခဲ့ပါဘူးလို႔ သာသနာပိုင္ဆရာေတာ္ေတြကို အတင္းေၾကညာခိုင္းခဲ့သူ ဟင္နရီ ၈ ဟာ နန္းတြင္းသူ အန္းဘိုလင္ကိုသေဘာက်ခ်ိန္မွာလည္း ကတ္သရင္းကို အတင္းကြာရွင္းဖို႔ ႀကံစည္ပါေတာ့တယ္။

 

 

ထိုကာလရဲ႕စည္းမ်ဥ္းေတြအရ ဘုရင္တစ္ပါးအေနနဲ႔ မိဖုရားမ်ားမ်ားထားခြင့္မရွိတ ာေၾကာင့္ အန္းဘိုလင္ကို မိဖုရားႀကီးေျမာက္လိုတဲ့ ဟင္နရီဟာ ဗရင္ဂ်ီဂိုဏ္းနဲ႔ သာသနောရးဂိုဏ္းက ျပဌာန္းခ်က္ေတြကို လက္တလုံးျခားလုပ္ၿပီး ကတ္သရင္းကိုရေအာင္ကြာရွင္းခဲ့ပါတယ္။

 

 

ယခက္ခက္ခဲခဲနဲ႔ မိဖုရားျဖစ္ခဲ့ရတဲ့ အန္းဘိုလင္းမွာလည္း အသက္မရွည္ရွာပါဘူး။ ဘုရင္ အခ်စ္သစ္ေတြ႕ခ်ိန္မွာေတာ့ အန္းဘိုလင္ဟာ သစၥာမရွိဘူးဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ ေခါင္းျဖတ္အသတ္ခံရတဲ့အထိ ကံဇာတာဆိုးဝါးခဲ့ပါတယ္။

 

 

ေခါင္းျဖတ္အသတ္ခံခဲ့ရတာဟာ မိဖုရားအန္းဘိုလင္တစ္ပါးတည္းမဟုတ္ပါဘူး။

ေဆာင္းေလတိုက္သလို စိတ္ေျပာင္းလြယ္တဲ့ဘုရင္ဟာ မိမိႀကိဳက္တဲ့အေခ်ာအလွကို မိဖုရားေျမႇာက္လိုက္ မႀကိဳက္ရင္ကြာရွင္းလိုက္လုပ္လာရင္းနဲ႔ ၅ေယာက္ေျမာက္မိဖုရား ႀ​ြကီးအျဖစ္ ငယ္႐ြယ္လွပတဲ့ ကတ္သရင္းေဟာင္းဝပ္ကို တင္ေျမႇာက္ခဲ့ပါတယ္။

သူ႔အလွည့္မွာေတာ့ ဘုရင္ဟာ သူနဲ႔လက္မထပ္ခင္ မ်က္ႏွာမ်ားခဲ့တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ သတ္ခဲ့တယ္လို႔သိရပါတယ္။

 

 

သူ႔မိဖုရားေတြကို သတ္ခ်င္တဲ့သူကို သတ္ ကြာရွင္းတဲ့သူကို ကြာရွင္းၿပီး ေနခ်င္သလိုေနခဲ့တဲ့ ဘုရင္ဟာ သူ႔လက္ထက္မွာ လူေပါင္းေသာင္းခ်ီေသေစခဲ့တယ္လို႔ ဆိုၾကေပမယ့္ တခ်ိဳ႕ကလည္း ခ်ဲ႕ကားေျပာျခင္းျဖစ္တယ္လို႔ဆိုျပန္ပါတယ္။

ထူးျခားဆန္းျပားျဖစ္ရပ္မွန္မ်ား ( Writer – LLA )

Leave a Reply

Your email address will not be published. Required fields are marked *