ထိုင်းဘက်အခြမ်းကနေပြီမြန်မာနယ်စပ်တလျှောက်ကားမောင်းရင်းကျွန်တော့်ရင်ထဲမွန်းကျပ်လို့လာပါတယ်(ချောင်းလေးသာခြားပေမဲ့ သူတို့ကလေးတွေ ကျောင်းခန်းထဲမှာ ကိုယ်တွေဘက်က ကလေးတွေက ဗုံးခိုကျင်းထဲမှာ ရင်ထဲနင့်ရတယ်

ထိုင်းဘက်အခြမ်းကနေပြီမြန်မာနယ်စပ်တလျှောက်ကားမောင်းရင်းကျွန်တော့်ရင်ထဲမွန်းကျပ်လို့လာပါတယ်။မမွန်းကျပ်ပဲနေနိုင်ပါ့မလား၊ကျွန်တော်ကားမောင်းနေရင်းနဲ့ညာဘက်ခြမ်းကိုလှမ်းကြည့်တော့လျှိုလေးတခုနဲ့ချောင်းလေးတခုလှမ်းတွေ့ရတယ်။

 

 

ချောင်းလေးရဲ့ဒီဘက်ကထိုင်းနိုင်ငံ၊ဟိုဖက်ခြမ်းကမြန်မာနိုင်ငံချောင်းလေးတခုပဲခြားတဲ့ဟိုးဖက်ကမ်းနဲ့ဒီဖက်ကမ်းကရေမြေတောတောင်သဘာဝရှုခင်းတွေအားလုံးအတူတူပါပဲ..မတူတာကတော့ဒီဘက်ကမ်းမှာကျောင်း တွေဖွင့်နေတယ်။

 

 

သားသမီးတွေကိုကျောင်းလိုက်ပို့တဲ့မိဘတွေရယ်ကိုယ့်ဘာသာကိုဆိုင်ကယ်နဲ့တမျိုးစက်ဘီးနဲ့တဖုံကျောင်းသွားနေကြတဲ့က လေးတွေရယ်တွေ့ရတယ်။ကျောင်းဝင်းထဲမှာကလေးတွေပြေးလွှားဆော့ကစားနေတာတွေတွေ့ရတယ်။ဈေးတွေမှာလည်း လူတွေအားလုံးကအပူအပင်မရှိသွားလာလှုပ် ရှားနေကြတယ်။

 

 

ရှုခင်းတွေသာယာ လှပသလိုဒီဖက်ကမ်းမှာရှိတဲ့သူတွေအားလုံးကလည်းရာသီဥတုအေး အေးလေးနဲ့အတူဘဝတွေအေးချမ်းနေကြတယ်။ဒါပေမဲ့ချောင်းရဲ့တဖက်မှာရှိတဲ့မြန် မာပြည်သားတွေကတော့တနိုင်ငံလုံးအ တိုင်းအတာနဲ့ပူလောင်နေရတယ်။

 

 

ကလေးတွေကျောင်းနဲ့ဝေးနေရတာနှစ်ချီလာပြီ၊စာသင်သံစာအံသံတွေမကြားရတော့ဘူး၊အာဏာရူးတွေကြောင့်တိုင်းပြည်လည်းပျက် နေရပြီ၊ဦးတည်ရာမဲ့သနားစာနာမှုမဲ့တဲ့သေနတ်ကျည်ဆံတွေကြားမှာ၊ဗုံဆံတွေကြားမှာပြည်သူတွေကြောက်ရွံ့ထိတ်လန့်ငိုကြွေးနေရပြီ။ဒုက္ခသည်တွေကိုမှရွေးပြီး ပစ်နေတဲ့လက်နက်ကြီးတွေကြောင့်လည်းပြည်သူတွေပြေးစရာမဲ့ခိုကိုးရာမဲ့ဖြစ်နေရတယ်။

 

 

ဆရာ..ကားကိုဖြေးဖြေးမောင်းပါ..လို့ဇနီးသည်လှမ်းပြောမှကျွန်တော်သတိပြန်ဝင်လာတယ်။ကားဒိုင်ခွက်ထဲကိုပြန်ကြည့်တော့ တနာရီကီလိုမီတာ၁၂၀ နှုန်းဖြစ်နေတယ်။မြေ ပြန့်လမ်းဖြောင့်မှာဆိုရင်ဒီအမြန်နုန်းကမသိသာပေမဲ့ တောင်ပေါ်လမ်းနယ်စပ်လမ်းအကွေ့အကောက်လမ်းမှာတော့အနိမ့်အ မြင့်နဲ့အကွေ့အကောက်တွေကြောင့်အရမ်းမြန်သလိုဖြစ်နေတယ်။

 

 

ဒါပေမဲ့ကိုယ့်သွေးချင်းသားချင်းတွေအ ကြောင်းတွေးနေမိတော့မြန်လို့မြန်မှန်းမသိဖြစ်သွားတယ်..ဒီတော့အရှိန်ကိုပြန်လျှော့ရင်းခပ်မှန်မှန်လေးပဲမောင်းလိုက်တော့တယ်။နာရီဝက်လောက်အကြာမှာတော့ထိုင်းမြန်မာနယ်စပ်ရဲ့စစ်ဘေးဒုက္ခသည်တွေရှိရာကိုရောက်ပါတယ်။

 

 

စစ်ဘေးရှောင်တဲ့စစ်ဘေးဒုက္ခသည်တွေက တော့ချောင်းရဲ့တဖက်ကမ်းမှာခိုနားနေကြပါတယ်။ကျွန်တော်တို့ကဒီဘက်ကမ်းမှာပါ။

နယ်စပ်စောင့်နေတဲ့တာဝန်ကျထိုင်းစစ်သားတွေကိုအကျိုးအကြောင်းပြောပြတော့သူတို့က ဟိုးဖက်ကမ်းကို ကူးခွင့်မပေးဘူး။ပစ္စ ည်းတွေကိုဒီဖက်ကမ်းမှာပဲချထားပေးပါ။

ဒုက္ခသည်တွေထဲက တာဝန်ရှိသူတချို့ကိုချောင်းကူးပြီးပစ္စည်းတွေလာသည်ခိုင်းပါ့မယ်လို့ပြောပါတယ်။ ကျွန်တော်ကလည်းဟုတ်ကဲ့ပါမကူးပါဘူး၊ဒါပေမဲ့ကျွန်တော်တို့ချောင်းစပ်အထိပစ္စည်းတွေချပေးပြီးဒီဖက်ကမ်းကနေလှမ်းကြည့်လို့ရမလားလို့မေးတော့ဟုတ်ကဲ့ရပါတယ်။

 

 

ဒါပေမဲ့ကြာကြာမကြည့် ချင်ပါနဲ့ဗျာ..အစ်ကိုခံစားနိုင်မှာမဟုတ်ဘူးလို့ စိတ်မကောင်းဖြစ်ပြီးကြေကွဲနေတဲ့မျက်နှာနဲ့ထိုင်းစစ်သားကကျွန်တော့်ကိုပြောလာတယ်။ကျွန်တော်လည်းချောင်းစပ်ကမ်းနားအထိကားကိုဆုတ်လို့ရသလောက်ဆုတ်ပြီးကားပေါ်ပါ လာတဲ့ ကလေးအသုံးအဆောင်တွေ၊အမျိုး သမီးအသုံးအဆောင်တွေ အနွေးထည်၊စောင်၊ခြင်ထောင်နဲ့စားစရာဖြစ်တဲ့ခေါက်ဆွဲခြောက်တွေ၊ငါးသေတ္တာတွေ၊သွားတိုက် ဆေးသွားတိုက်တံမှအစဆေးဝါးတွေကိုဝိုင်းချပေးလိုက်တယ်။

 

 

ပြီးတော့တဖက်ကမ်းကနေတာဝန်ယူပြီးဒီပ စ္စည်းတွေကိုလာသယ်ပေးတဲ့လူတွေကို စ ကားစမြည်ပြောကြည့်မိတယ်။ အစ်ကိုရေဒီချောင်းဘေးတလျှောက်မှာပဲ လူဦးရေ ခုနှစ်ရာကျော်တယ်။ကလေးတွေချည်းနှစ်ရာနီးပါးရှိတယ်။ဒီရေစပ်နား အထိဆင်းလာကြည့်ရင်အကိုတွေ့ရလိမ့်မယ် လို့ပြောတော့ကျွန်တော်ရေစပ်နား အထိဆင်းကြည့်လိုက်တော့ ရေနဲ့ထိနေတဲ့ခြေဖျားတွေအေးနေပေမဲ့ခြေဖျားအ ထက်ပိုင်းတကိုယ်လုံးပူလောင်လာသလိုခံစားလိုက်ရတယ်။

 

 

အမိုးအကာမရှိ၊ကြုံသလိုသစ်ကိုင်းချိုးသစ်ရွက်ထိုးပြီးနေတဲ့သူတွေများလိုက်တာ ကိုယ်တွေကားသုံးစီးအပြည့်သယ်လာတာတွေဒီလူတွေတနပ်စာတောင်ရှိပါ့မလား…ကမ်းစပ်ကနေကုန်းပေါ်ပြန်တက်လာတော့ အခုနကကြာကြာမကြည့်ရင် ကောင်းမယ်လို့ပြောတဲ့ထိုင်းစစ်သားနဲ့ပြန်တွေ့တယ်။

 

 

ကျွန်တော့်ရဲ့မျက်နှာအမူအယာကိုကြည့်ပြီးသူက အစ်ကို့ကိုကျွန်တော်ပြောတယ်မဟုတ်လား၊ကြာကြာမ ကြည့်နဲ့အစ်ကိုခံစားနိုင်မှာမဟုတ်ဘူးဆိုတာလေး ဆိုတော့ကျွန်တော်လည်းသူ့ကို ဘာမှပြန်မပြောတော့ပဲခေါင်းပဲငြိမ့်ပြလိုက်တယ်။သူက ကျွန်တော့်ကိုရေဗူးလှမ်း ပေးပြီး..အစ်ကိုတို့ဒီလိုလာကူညီပေးတာကျေးဇူးအများကြီးတင်တယ်။

 

 

ကျွန်တော်တို့ကကူညီချင်ပေမဲ့တာဝန်နဲ့ဆိုတော့ကူညီလို့မရဘူး။ အစ်ကိုပြောရင်ယုံမလား ကျွန်တော်တို့တစ်ဖွဲ့လုံးညဆိုလည်းအိပ်မပျော်ဘူး၊စားသောက်တဲ့အချိန်ဆိုလည်း ရင်ထဲမှာတခုခုတစ်နေဆို့နေသလိုပဲစားလို့မဝင်ဘူး။

ဘာကြောင့်လည်းဆိုတော့ ညဆိုရင်ကျွန် တော်တို့ကစောင်နဲ့ခြင်ထောင်နဲ့နွေးနွေး ထွေးထွေးအိပ်နေချိန်မှာ တဖက်ကမ်းကကလေးတွေချမ်းလို့ငိုတာ၊ခြင်ကိုက်လို့ငိုတာဗိုက်ဆာလို့ငိုတာဖြစ်မှာပေါ့နော် တအားငိုကြတာကျွန်တော်တို့ဘယ်လိုမှမအိပ်ရက်ဘူးဗျာ…

 

 

ရာသီဥတု ကလည်းအေး၊ချောင်းရဲ့အငွေ့ကလည်းထပ်အေး၊စောင်ကမရှိအနွေးထည်ကလည်း မရှိဆိုတော့အတော်နေရခက်မှာပဲ…ကျွန်တော်တို့လည်းဒီအဖြစ်အပျက်တွေအမြန်ပြီးစေချင်ပြီဗျာ..ဒီမြင်ကွင်းဒီအသံတွေကိုကြားပြီး ကူဖို့လည်းကူခွင့်မရှိ၊ကူလည်း မကူနိုင်ဖြစ်နေတာနဲ့ကြာရင်ကျွန် တော် တို့လည်းရူးနိုင်တယ် လို့မျက်ရည်ဝဲဝဲနဲ့ ပြောလာတဲ့ထိုင်းစစ်သားကိုကျွန်တော်လည် းမျက်ရည်ဝဲဝဲနဲ့ပြန်ကြည့်ရင်းဘာမှမပြောတတ်ဖြစ်နေမိတာအမှန်ပါပဲ။

 

 

နောက်တော့မှအားတင်းပြီးသူကိုပြုံးပြပေးရင်းကျေးဇူးတင်ပါတယ်ဗျာ…ခင်ဗျားတို့ဒီလိုစာနာစိတ်ရှိပြီးတတ်နိုင်သလောက်ကူညီပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ လို့ပြောပြီးသူ့ကိုနုတ်ဆက်ပြီးထွက်လာမိတယ်။

အပြန်လမ်းခရီးမှာတော့ရင်ထဲမှာတနုန့်နုန့်ပါပဲ။တိုင်းသူပြည်သားတွေအပေါ် စာနာစိတ်မရှိပဲအာဏာရူးနေတဲ့သူတွေ……..သူများနိုင်ငံကအောက်ခြေစစ်သားတောင်ကိုယ့်တိုင်းသူ ပြည်သားတွေကိုစာနာသနားနေတာ သူတို့များကြတော့..

ဒီခရီးစဉ်တွေမှာ အမြဲတမ်းပါဝင်ကူညီမေ တ္တာပြကြတဲ့ အသင်းသူအသင်းသားများ၊ရပ်နီးရပ်ဝေးမှမိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ် ဘုရားသခင်ကောင်းကြီးပေးပါစေသော အာမင်

Crd

Leave a Reply

Your email address will not be published. Required fields are marked *