GPS စနစ်ကို တီထွင်ခဲ့သူ Gladys West အကြောင်း(ခရီးသွားရင်း လမ်းပျောက်လို့ GPS လေးကို သုံးခဲ့ဘူးရင် Gladys West ကို သတိရလိုက်ပါ)
Unicode
GPS စနစ်ကို ဖန်တီးသူ ဂလေဒီစ် ဝပ်စ် (Gladys West) အကြောင်း
အခုခေတ်မှာ ခရီး လမ်းသွားနေရင်း လမ်းပျောက်တာ လမ်းရှာမရတာ ဖြစ်ရင် တယောက်ယောက်ကို မေးရတဲ့ ခေတ်က ကုန်ခဲ့ပါပြီ။ စမတ် ဖုန်းတလုံးသာ ရှိရင် GPS (Global Positioning Systemက) အလိုလို ပါနေပြီးသား မဟုတ်လား။
GPS သာ ရှိရင် အလွယ်လေးပဲ။ ဖုန်းထဲက မြေပုံလေး။ သိပ်မိုက်တာ။ ဆိုတော့ (ဂလေဒီစ် ဝပ်စ်) Gladys West ဆိုသူကိုရော သိကြပါသလား။ အခုလို ကမ္ဘာ့လမ်းညွှန်မြေပုံစနစ် GPS ကို သူမက ကျနော်တို့ နေ့စဉ်လှုပ်ရှားသွားလာမှုဘဝစနစ်ထဲ ကို ယူဆောင်လာပေးခဲ့သူပဲ ဖြစ်ပါတယ်။
ဂလေဒီစ် ဝပ်စ် (Gladys West) ဟာ GPS စ နစ် ကို ဖန်တီးဆန်းသစ်ခဲ့တဲ့ သင်္ချာ ပညာရှင်တွေထဲက တယောက်ပါ။ သူမကို ၁၉၃၀ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ အသက် ၉၁ အရွယ်ရောက်နေပါပြီ။ Alpha Kappa Alpha Sororityဆိုတဲ့ တက္က သိုလ်ကျောင်းသူများအသင်း အဖွဲ့ဝင်တယောက်ပါပဲ။
Dahlgren, VA Naval Base မှာ သချာပ ညာရှင်တဦးအနေနဲ့ ဘဝ ရဲ့ အသက်မွေ းဝမ်း ကျောင်းမှု ၄၈ နှစ်ကို ထူးထူးချွန်ချွန်ပဲ ကောက်ကြောင်းရေးခြစ်ခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ သွားလာရေးစနစ်ကို တမျိုးပြောင်းလဲ ပုံဖော်တော်လှန်ခဲ့သူ West ပါ။ သူ မရဲ့ အတ္ထုပတ္တိထဲမှာတော့ ဒီ GPS စနစ်ကို ဖန်တီးမယ့် အဖွဲ့အစည်းထဲမှာ 1950-1960 ကာလတွေကတည်းက ပါဝင်ပတ်သက်ကူ ညီနေတာပါ လို့ ဆိုထားပါတယ်။
ကွန်ပျူတာ ပရိုပရမ်မင်း အပိုင်းတွေ၊ Orbiting machines တွေက သတင်းအ ချက်အလက်နည်းပညာ စုဆောင်းရတဲ့ အရေးတွေမှာ အထူးဆောင်ရွက်ပေးခဲ့ပါတယ်။ သူ မရှာဖွေစူးစမ်းတူးဖော်ရရှိခဲ့တဲ့ Data တွေနဲ့ တွက်ချက်ဆောင်ရွက်မှုတွေဟာ GPS စနစ် ဖွံဖြိုးတိုးတက်မှုမှာ အတော်တန်ဖိုးကြီးခဲ့တာပါ။
အဲ့ဒီ အချိန်တုန်းကတော့ သူမရော အတူလုပ်ကိုင်ဖက်တွေကပါ ဒီ GPS ဟာ လက်ရှိခေတ် နည်းပညာကမ္ဘာမှာ ဘယ်လောက်တောင် အကျိုးသက်ရောက်မှုရှိခဲ့မလဲဆိုတာ စဉ်းတောင်မစဉ်းမိခဲ့ကြပါဘူး။ သူမတို့ လုပ်စရာရှိတာသာ ပြောင်ပြောင်မြောက်မြောက် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်
ဒီရလာတဲ့ DATA တွေကို ခန်းလုံးပြည့် ကြီ းမားတဲ့ စူပါကွန်ပျူတာကြီးတွေထဲ ထည့်သွင့်ပေးရပါတယ်။ သူမသုံးရတဲ့ ဆော့ဖ်ဝဲတွေ နဲ့ Data တွေကို အမှန်ကန်ဆုံးဖြစ်အောင် ထည့် သွင်းပေးနိုင်ခဲ့တဲ့ သူမဖြစ်ပါတယ်။
အလုပ်တိကျဖို့ဆို မမောနိုင် မပန်းနိုင် အား အင်မကုန်နိုင် မခမ်းနိုင် လုပ်နိုင်စွမ်းရှိ‌ ‌ဖို့လိုပါတယ်။ အခုချိန်မှာတော့ ပြောစရာမလိုအောင်ပဲ GPS ဟာ အပြောင်မြောက်ဆုံးသော သိပ္ပံပညာတိုးတက်မှုတွေထဲ ထည့် သွင်းထားလို့ရပါပြီ။
1998 မှာ ပင်စင်မယူခင်အထိ နှစ်လေးဆယ်တိတိ ဒီ GPS နဲ့ပတ်သက်ပြီး ဘဝကို ရင်းနှီးမြှုပ်နှံခဲ့တဲ့သူမ။ ရှုပ်ထွေးပွေလီနက်နဲလွန်းလှတဲ့ Data analysis တွေ၊ တွက်ချက်ရတဲ့အမှု တွေအပြီးမှာတော့ သူမရဲ့ အိမ် ထောင်ဖက် Ira West နဲ့ အပန်းဖြေခရီးကို အပျော်ရွှင်ဆုံးထွက်ခဲ့ပါတယ်။
နောက်ပိုင်းမှာ လေသင်တုန်း အဖြတ်ခံခဲ့ရပေမယ့် သူမကမမှု။ အကောင်းအတိုင်း ပြန်နေကောင်းအောင် အားထုတ်ခဲ့ပြီး ဂုဏ် ထူးဆောင်ဒေါက်တာဘွဲ့တောင် လက်ခံရယူခဲ့ပါသေးတယ်။ စိတ်ဓာတ်ခွန်အားသန်မာကြံ့ခိုင်မှု ၊ စိတ်စွမ်းတမံခိုင်မာမှု တို့ကြောင့် ကင်ဆာ နဲ့ နှလုံးရောဂါ တွေကိုလည်း အသာကျော်လွှားနိုင်ခဲ့သူပါ။
လက်ရှိအချိန်မှာတော့ မိသားစုနဲ့အတူ အချိန်တွေကို တန်ဖိုးရှိရှိ အမှတ်တရအနေနဲ့ ကုန် ဆုံးလျက်ရှိပြီး ထူးဆန်းတာတခုက သူမဟာ လက်ရှိအချိန်ထိတော့ မြေပုံစာရွက်ကိုသာ နှစ်နှစ်သက်သက် သုံးနေဆဲပါတဲ့။
Credit:
Zawgyi
Credit:
Leave a Reply
Your email address will not be published. Required fields are marked *