အသက်ကြီးပေမဲ့ စွမ်းဆောင်နိုင်သေးကြောင်း သက်သေပြခဲ့တဲ့ 94 နှစ်အရွယ် ကမ္ဘာ့အသက်အကြီးဆုံး ဖခင် ဆိုပြီး သတ်မှတ်ခံထားရတဲ့ ကလေးနှစ်ယောက်ဖခင်

Unicode

အသက် 94 နှစ်အရွယ်မှာ ကလေးရခဲ့ပြီး ‘ကမ္ဘာ့အသက်အကြီးဆုံး ဖခင်’ ဆိုပြီးသတ်မှတ် ခံထားရတဲ့ ကလေးနှစ်ယောက်ဖခင်

 

 

Mr Ragav အမည်ရှိတဲ့ အိန္နိယနိုင်ငံက အဘိုးအိုဟာ အသက် 94 နှစ်အရွယ် မှာ အသက် 60 အရွယ်ဇနီးသည် Shakuntala နဲ့အတူ သားလေးမွေးဖွားနိုင်ခဲ့လို့ ကမ္ဘာ့အသက်အ ကြီးဆုံးဖခင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ် ။ Mr Ragav ကတော့ သူ့ရဲ့စံချိန်ကို သူကိုယ် တိုင်ပြန်ချိုးဖောက်နိုင်ခဲ့ပါတယ် ။

 

 

အဲတာကတော့ အသက် 96 နှစ်အရွယ်မှာ နောက် ထပ်သားငယ်လေးတစ်ဦးကို ထပ်ပြီး မွေးဖွားပေးနိုင်ခဲ့လို့ပါပဲ ။သို့ပေမဲ့လည်း သူတို့ရဲ့ဘဝကို ထင်ထားသလို မဖြစ်လာဘဲ ကံဆိုးမှုတွေစပြီး ကြုံတွေ့ခဲ့ရပါတယ် ။ အဲတာကတော့ တစ်ရက်မှာ ဇနီးဖြစ်သူက နေမကောင်းလို့ သားကြီးနဲ့အတူ အနီးဆုံးဆေး ရုံ ဖို့ သွားရောက်ဖို့အကြောင်းဖန်လာခဲ့ပါတယ် ။

 

 

30 km ဘတ်စ်ကားခရီးသွားခဲ့ရလို့ သူမအ တော်လေး ပင်ပန်းခဲ့ပြီး လူတွေရှုပ်ထွေးလွန်းတဲ့ ဘတ်စ်ကားဂိတ်မှာ သားလေးကိုလက် မောင်းပေါ်မှာပွေ့ဖက်ထားပြီး အိပ်မောကျသွားခဲ့ပါတယ် ။သို့ပေမဲ့လည်း သူမနိုးထလာခဲ့ချိန်မှာတော့ သားလေးကိုလုံးဝမတွေ့ရှိတော့ပါဘူး ။ အချိန်အတော်ကြာ လိုက်လံရှာဖွေခဲ့ပေမဲ့လည်း သားကြီးကိုလုံးဝပြန်ရှာမတွေ့တော့လို့ လင်မယားနှစ်ယောက်လုံး ကလေးစိတ်နဲ့ ခက်ခဲပင်ပန်းလာခဲ့ကြပါတယ် ။

 

 

တစ်ရက်မှာတော့ အဘိုးအို သူ့ရဲ့အိမ်ကိုပြန်ရောက် လာခဲ့ချိန် ဇနီး နဲ့ သားငယ်လေးကို မတွေ့ရှိတော့ပါဘူး ။ သေချာတာကတော့ ဇ နီးက သားငယ်လေးကိုခေါ်ပြီး သူ့ကိုစွန့်ခွာသွားခဲ့တာပါ ။

 

 

မိသားစု ပျက်စီးဆုံးရှုံးခဲ့ရတဲ့ စိတ်ဒဏ်ရာကြောင့် အဘိုးအိုဟာ မစားနိုင် ၊ မသောက်နိုင်ဖြစ်ခဲ့ပြီး တစ်ရက်မှာတော့ အိပ်ယာဘေးမှာ ဆေးလိပ်သောက်နေရင်း မီးလောင်ကျွမ်းခဲ့လို့ အိမ်ပတ် ဝန်းကျင်က ကူညီကယ်ဆယ်ပေးခဲ့ပေမဲ့လည်း မီးလောင်ကျွမ်းတဲ့ဒဏ်ရာကြောင့် အသက်ဆုံးရှုံးသွားခဲ့ရပါတယ် ။

Crd

Zawgyi


 

 


 

 

 


 

 

 


 

 

 


 

 

 


Crd

Leave a Reply

Your email address will not be published. Required fields are marked *