အတန်းထဲက ကျောင်းသားတစ်ယောက်ရဲ့ စာစီစာကုံးတစ်ပုဒ်ကြောင့် မိသားစုတစ်စုလုံးရင်နာမဆုံးဖြစ်ခဲ့ရတဲ့ နောင်တ(ဘယ်လိုများ ရေးတတ်လိုက်တဲ့ ကလေးရယ် မိဘတိုင်း ဖတ်သင့်လို့ မျှဝေပေးလိုက်ပါတယ်)

အတန်းထဲက ကျောင်းသားတစ်ယောက်ရဲ့ စာစီစာကုံးတစ်ပုဒ်ကြောင့် မိသားစုတစ်စုလုံးရင်နာမဆုံးဖြစ်ခဲ့ရတဲ့ နောင်တ

 

 

ကျွန်မ မနေ့က ကလေးတွေကို စာစီစာကုံးတစ်ပုဒ်ရေးခိုင်းလိုက်သည်။ ခေါင်းစဉ်က ရိုးရိုးလေးဖြစ်ပါသည်။ “ဘဝတွင်အဖြစ်ချင်ဆုံးအရာ” ဆိုသည့် ခေါင်းစဉ်ဖြစ်သည်။

 

 

“ဆရာမ … ကိုယ်ဘာဖြစ်ချင်ချင် … ဖြစ်ချင်တာကို ရေးခဲ့လို့ရသလား” ကလေးတစ်ယောက်က ထမေးခြင်းဖြစ်သည်။ ကျွန်မက “ရတာပေါ့ကွ ကိုယ်ဘာဖြစ်ချင်သလဲ ဖြစ်ချင်တာကို ရေးခဲ့လို့ရတယ်” ကလေးတွေ ပျော်သွားကြသည်။

 

 

တစ်ယောက်တစ်ခွန်း အော်ဟစ်ကာ ကျောင်းမှ ပြန်သွားကြသည်။ “ငါက နတ်သမီးလေးဖြစ်ချင်တယ်” “ငါက ဆရာဝန်ကြီး ဖြစ်ချင်တယ်” “ငါက ဘတ်စ်ကားမောင်းမယ်” က လေးတွေ တစ်ယောက်တစ်ခွန်းပြောသွားသည့် စကားသံများက ကြည်နူးစရာ ကောင်းလှသည်။

 

 

မနက်ဖြန် ဆိုလျှင် ကျွန်မ သူတို့ရင်ဘတ်လေ းတွေထဲကို မြင်ရတော့မည်။ နောက်တစ်နေ့ ကျောင်းတွင် အခြားဘာသာရပ်များ စစ် ဆေးနေသဖြင့် သူတို့ရေးထားသော စာစီစာ ကုံးများကို မစစ်မိ။

 

 

ကျွန်မက သူတို့စာအုပ်လေးတွေကို အိမ်ယူ လာပြီး စစ်ဆေးနေမိသည်။ ညဉ့်နက်သည်အထိ ကျွန်မ ခင်ပွန်းက မအိပ်နိုင်သေးပါ။

သူက ဖုန်းထဲကို စိုက်ကြည့်နေသည်။ သမီးကြီးနှင့် သားကြီးလည်း ထို့ အတူဖြစ်သည်။

 

 

“မောင်” “ဘာလဲကွာ” “ဒီမှာ လာကြည့်စမ်းပါဦး” “နေပါကွာ … ဒီမှာ စာဖတ်နေတယ်” “အဲဒါထားလိုက်ပါ … ကျွန်မ အတန်းက ကလေးတစ်ယောက် ရေးထားတဲ့ စာစီစာကုံးကောင်း လွန်းလို့ လာဖတ်ကြည့်စမ်းပါအုံး။ နပါဦးကွာ အရေးကြီးလို့ပါ။ … လာပါ … ဖတ်ကြည့် ပါဦး” “ကဲ … မင်းပဲ ဖတ်ပြတော့။

 

 

ဒါဆိုနားထောင်” “ကျွန်တော့်ဘဝတွင် အဖြစ်ချင်ဆုံးအရာ” ကျွန်တော်သည် ဖုန်းလေးတစ်လုံး အလွန်ဖြစ်ချင်သည်။ ကျွန်တော့်အိမ်တွင် မိသားစုအားလုံး ပြန်ဆုံလျှင် ဖုန်းလေးတွေ ကိုယ်စီနှင့်ဖြစ်သည်။

 

 

ဖေဖေကလည်း ဖုန်းနှင့်၊ မေမေကလည်း ဖုန် းနှင့်၊ ကိုကိုကလည်း ဖုန်းနှင့်၊ မမကလည်းဖုန်းနှင့် မျက် နှာမခွာဖြစ်နေကြသည်။

 

 

ကျွန်တော်က ဖေဖေ့ကို စက်ရုပ်ကားလေးဝယ်ခိုင်းချင်နေသည်။ ဖေဖေ့ကို ပြောမည်ဟု ပြင်လိုက်သောအခါ လက်ကာပြသည်။

ဖေဖေက ဖုန်းထဲကို အာရုံစိုက်နေသည်။ မေမေ့ကို အင်္ကျီကြယ်သီးပြုတ်နေသည်ကို တပ်ခိုင်း ချင်သည်။

 

 

မေမေက ဖုန်းကိုကြည့်ရင်းက မနက်မှ တပ်ပေးမည်ဟုအော်သည်။ ကိုကိုကလည်း ဘောလုံးကန်ရန် သွားပြောသည့်အခါ ဖုန်းကိုကြည့်ပြီး ရယ်နေသည်။ မမကလည်း ထ မင်းဆာပြီဟု ပြောရာ ဖုန်းကိုကြည့်ရင်း ခေါင်းခေါက်လွှတ်လိုက်သည်။သူတို့အား လုံး ဖုန်းကိုချစ်သည်။ ဖုန်းနှင့်မျက်နှာ မခွာနိုင်လောက်အောင်ဖြစ်နေကြသည်။

 

 

သူတို့က ကျွန်တော့် မျက်နှာထက် ဖုန်းမျက် နှာကိုကြည့်ပြီး ပြုံးနေကြသည်။ ထို့ကြောင့် ကျွန်တော့်ဘဝတွင် အဖြစ်ချင်ဆုံး အရာကို ပြောပါဆိုလျှင် ဖုန်းလေးတစ်လုံးဖြစ်ချင်မိ သည်။ သို့မှာသာ ကျွန်တော့်ကို သူတို့အား လုံး ဝိုင်းကြည့်မည်ထင် သည်။

 

 

“ဟယ်” ဖေဖေက ဖုန်းကို ချလိုက်သည်။ သ မီးနှင့် သားကလည်း ဖုန်းကမျက်နှာကိုခွာပြီး ကျွန်မကိုကြည့်သည်။ “ကောင်းလိုက်တာ  မင်းအတန်းက ကလေး ဘယ်ဆိုးလို့လဲ တော်လိုက်တာ။ စာရေးတာ ညက်နေတာပဲ။

 

 

အဲဒီ ကလေးကို အမှတ်ကောင်းကောင်း ပေး လိုက်ပေါ့” ကျွန်မ ငိုချလိုက်မိသည်။ အား လုံးက ကျွန်မကို နားမလည်စွာဖြင့် ကြည့်နေကြသည်။ “အဲဒါ ဘယ်သူထင်လဲ … အဲဒါ ဘယ်သူလို့ ထင်လို့လဲ” “ဘယ်သူလဲ” “ကျွန်မတို့ သားငယ်လေးရှင့် … သားငယ်လေးရေး ထားတဲ့ စာစီစာကုံး” “ဟာ” သားငယ်လေးက ထိုင်ခုံပေါ်တွင် ကွေးကွေးလေး အိပ်ပျော်နေရှာသည်။(I want to be a phone ကို ဆီ လျော်အောင် ဘာသာပြန်ပါသည်)

Credit-တင်ညွန့်

Leave a Reply

Your email address will not be published. Required fields are marked *