အင်တာဗျူးတစ်ခုမှာ မဖြစ်မနေရှောင်ရှား သင့်တဲ့ အပြောအဆို 18 ချက်(လုံးဝ မလုပ်မိစေနဲ့ )

သင်အလုပ် အင်တာဗျူးဖြေနေစဉ် ဘာတွေပြောသင့်သလဲဆိုတဲ့ အကြံအဉာဏ်များစွာရှိပါတယ်။

 

 

ဘာတွေကို မပြောသင့်သလဲ ဆိုတာကတော့အ လုပ်အင်တာဗျူးနေစဉ် ဘယ်တော့မှ မပြောသင့်သည့် စကားများ

 

 

၁။ စိတ်မကောင်းပါဘူး။ ကားလမ်းပိတ်တာ အ ရမ်းဆိုးတာပဲ။

ရှောင်ကျဉ် နိုင်မည့် နည်းလမ်းများ အနေနဲ့အင် တာဗျူးဖြေရန် ချိန်းဆိုထားသည့် အ ချိန်ထက် ၁၀ မိ နစ်ခန့် စောရောက်အောင် သွားပါ။ကားလမ်းပိတ်ခြင်းနှင့် ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ကြာချိန်များကို ထည့်တွက်ထားပါ။

 

 

၂။ လျှောက်လွှာ ထပ်မယူလာဘူး။ HR ဌာနမှာ အလုပ်လျှောက်လွှာ တစ်စုံ ပေးထားပြီးသားပါ။

HR ဌာနကနေ ရထားပြီးပြီထင်လို့။အင် တာဗျူး သွားတဲ့အခါ သင်နဲ့အတူ အလုပ်လျှောက်လွှာ(CV) အပိုတစ်စုံ ယူသွားရပါမယ်။ဒါမှသာ အင်တာဗျူးမေးမည့်သူက တစ်ယောက်ထက်ပိုလာတဲ့အခါမှာ သင့် အ လုပ်လျှောက်လွှာ (CV) ကို တစ်စုံထက်ပို လို အပ်လာနိုင်ပါတယ်။ကြည့်ရှုရ အဆင်ပြေ လွယ် ကူအောင် ပြင်ဆင်ထားပါ။

 

 

၃။ သင့်မှာဘောလ်ပင်ရှိသလား။

ဘောလ်ပင် အ နည်းဆုံး ၂ ချောင်းလောက် လိုရမယ်ရ ယူသွားပါ။ သုံးလို့ရတဲ့ ဘောလ်ပင်တွေဖြစ်နေပါစေ။

 

 

၄။ အိုး ဖုန်းပိတ်ဖို့ မေ့နေတယ်။

အင်တာဗျူး မရောက်ခင် သင့်ဖုန်းကို ပိတ်ထားပါ။

များသောအားဖြင့် တွေ့တွေ့ချင်း ၅ မိနစ်ကနေ ၁၅ မိနစ်အတွင်းမှာ သင့်ကို အလုပ် ခန့်၊ မခန့် ဆိုတဲ့ ဆုံးဖြတ်ချက်ကို မချနိုင်ပါဘူး။ဒါကြောင့် သင့်ကို အမှတ်လျော့စေမယ့် အပြုအမူတွေကို ရှောင်ကျဉ်ပါ။အကောင်းဆုံး အမှတ်ရစေမယ့် မျက်လုံးချင်း ဆုံပြီးစ ကားပြောပါ။

 

 

၅။ ကျွန်တော်/မ သေချာမသိဘူး။

ဖြစ်နိုင်ချေရှိတဲ့ မေးခွန်းတွေကို ဖြေနိုင်အောင် ကြိုတင်လေ့ကျင့်ထားပါ။ကိုယ့်ကိုကိုယ် မသေချာတဲ့ ပုံစံမျိုး၊ ဒီအလုပ်ကို ဘာကြောင့်ရွေးချယ်သလဲမသိတဲ့ပုံစံမျိုး မဖြစ်အောင် ကြိုးစားပါ။

 

 

၆။ မင်းဒီအလုပ်ကို ဘယ်လိုရလာသလဲ။

အင်တာဗျူးသူသည် သင်နှင့် ရင်းနှီးမှုရှိခဲ့လျှင်လည်း ပုဂ္ဂိုလ်ရေးအနှောက်အယှက်ဖြစ်မည့် မေးခွန်းမျိုး မမေးမိစေရန် ရှောင်ကျဉ်ရမည်။

၇။ ကျွန်တော်/မ အရင်အလုပ်က သူဌေးက တော်တော်ဆိုးတယ်။

အရင် အလုပ်ရှင် မကောင်းကြောင်း ဘယ် တော့မှ မပြောပါနဲ့။အင်တာဗျူးမေးသူမှ သင်တွေ့ဖူးခဲ့တဲ့ အလုပ်ရှင်တွေရဲ့ အမှတ်ရစရာ အကြောင်းတွေ မေးခဲ့ရင်တောင်မှ သင်ကြိုက်တဲ့အချက်တွေကို ရွေးပြောပါ။

 

 

၈။ ကျွန်တော်/မ အိမ်ထောင်ကွဲသွားလို့ ပိုကောင်းတဲ့ အလုပ်တစ်ခုကို ရှာတာပါ။

အလုပ်ရှင်အများစုက သင်ရဲ့ ကိုယ်ရေ းကိုယ်တာနဲ့ လိုအပ်ချက်တွေကို စိတ်ဝင်စားလေ့ မရှိကြပါဘူး။သင်ဒီအလုပ်ကို လိုချင်တာ အလုပ်အပေါ်မှာ ဘယ် လောက်စိတ် ဝင်စားမှု ရှိ၊ မရှိ ကိုပဲ သိချင်တာပါ။

ဒါကြောင့် ဒီအလုပ်က မင်းအတွက် ဘယ် လောက်စိတ်ဝင်စားဖို့ ကောင်းသလဲဆိုတာနဲ့ မင်းဘာတွေ လုပ်ပေးနိုင်သလဲ ဆိုတာကိုသာ ဦးစားပေး ပြောပါ။

၉။ ဘယ်လို အားလပ်ရက်မျိုးတွေ ရမှာလဲ။

ဒီလို မေးခွန်းမျိုးကို အလုပ်ခန့်ပြီလို့ မပြောမချင်း မမေးပါနဲ့။

 

 

၁၀။ ကျွန်တော်/မ ဘာလိုချင်မိခဲ့မှန်းကို မသိဘူး။

သင် အရင်တုန်းက ဘာလုပ်ရမှန်းမသိ၊ ဘယ်အ တွေ့အကြုံကို ယူရကောင်းမှန်းမသိ ဖြစ်ခဲ့ရင် တောင်မှ အကောင်းမြင် အ တွေးနဲ့သာ ပြောပါ။

ဥပမာ။ ။

၁၁။ ကျွန်တော်/မ ဘာကိုမှ အရမ်းမမျှော် လင့်ထားပါဘူး။

အလုပ်ရှင်တွေက သင့်အနေနဲ့ အလုပ်နဲ့ စိန် ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေပြီလား ဆိုတာ သိဖို့လည်းလိုပါတယ်။

၁၂။ ပြောစရာ မရှိပါဘူး။

အလုပ်ရှင်တွေက အင်တာဗျူးမှာ မေးစရာမရှိ တော့တဲ့အခါမှာ ပြောလေ့ပြောထရှိတဲ့ စ ကားတစ်ခွန်းရှိပါတယ်။ဘာသိချင်သေးလဲ။

ဘာပြောစရာရှိလဲ စသည်ဖြင့်ပါ။

 

 

အဲ့ဒီအခါမှာ သင့်အနေနဲ့ ဒီအလုပ်ကို ဘယ် လိုရှာတွေ့တဲ့အကြောင်း၊ ဒီအ လုပ်ကို ဘယ် လောက်အ ထိ မျှော်လင့်ထားကြောင်း၊ ဘာတွေလုပ်ပေးနိုင်မယ်ဆိုတဲ့အ ကြောင်း စတာတွေကို ပြောဖို့ မမေ့ပါနှင့်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *