အကြိမ် ၇၀ မြောက် မယ်စကြာဝဠာပြိုင်ပွဲမှာ အိန္ဒိယအလှမယ် ဟာနက်ဇ်စံဒူဟာ မယ်စကြဝဠာ သရဖူဆု ရရှိ

Unicode

အစ္စရေးနိုင်ငံ၊ ပင်လယ်နီ အပန်းဖြေစခန်း အီလတ်မြို့မှာ ဒီဇင်ဘာ ၁၃ ရက်က ကျင်းပတဲ့ အကြိမ် ၇၀ မြောက် မယ်စကြာဝဠာပြိုင်ပွဲမှာ အိန္ဒိယအလှမယ် ဟာနက်ဇ်စံဒူဟာ မယ်စ ကြဝဠာ သရဖူဆု ရရှိသွားပါတယ်။

 

 

အိန္ဒိယဟာ မယ်စကြဝဠာသရဖူကို နောက် ဆုံးဆွတ်ခူးခဲ့တာ ၂၁ နှစ်ရှိပြီဖြစ်ပြီး ခုတခါ ထပ်ရတာမို့ သရဖူကို တာဝန်ယူဖို့ အခုအ သင့်ဖြစ်နေပါပြီလို့ စံဒူက ပြောပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲ အိုမီခရွန် ကူးစက်မှု ထိန်းချုပ်နိုင်ရေး ကြိုးစားတဲ့အနေနဲ့ ခရီးသွားလာမှု တားမြစ်ပိတ်ပင်အပြီး ကူးစက်နှုန်းမြင့်တက်နေချိန်မှာ ဒီပွဲကို ကျင်းပတာပါ။ စံဒူကတော့ နယ်စပ်တွေကို ဖွင့်ထားနိုင်ရေး ကူညီဖို့ ကမ္ဘာတဝန်းက ပြည်သူတွေ ကာကွယ်ဆေး ထိုးနှံကြဖို့ တိုက်တွန်းခဲ့ပါတယ်။

 

 

ပြိုင်ပွဲမစခင် သီတင်းပတ်တွေအတွင်း မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲဝင်တွေဟာ ခရစ် ယာန်ဘာသာရဲ့ အမြင့်မြတ်ဆုံး နေရာတခုဖြစ်တဲ့ ဂျေရုဆလင်မြို့က Holy Sepulchre ခရစ်ယာန်ဘုရားကျောင်းနဲ့ ဂျူးဝါဒီတွေရဲ့ အနောက်ဘက်တံတိုင်း အပါအဝင် အစ္စရေးနိုင်ငံ အတွင်းက နေရာ အသီးသီးကို လှည့် လည်သွားလာခဲ့တာပါ။

 

 

ခရီးသွား ကန့်သတ်ချက်တွေကြောင့် မယ်စကြဝဠာပြိုင်ပွဲ တက်ရောက်သူတွေနဲ့ မီဒီယာတွေကို ကန့်သတ်ထားခဲ့ရတယ်လို့ အ စ္စရေး ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ပြေ ာထားပါတယ်။

 

 

Crd

Zawgyi

အစၥေရးႏိုင္ငံ၊ ပင္လယ္နီ အပန္းေျဖစခန္း အီလတ္ၿမိဳ႕မွာ ဒီဇင္ဘာ ၁၃ ရက္က က်င္းပတဲ့ အ ႀကိမ္ ၇၀ ေျမာက္ မယ္စၾကာဝဠာၿပိဳင္ပြဲမွာ အိႏၵိယအလွမယ္ ဟာနက္ဇ္စံဒူဟာ မယ္စၾကဝဠာ သရဖူဆု ရရွိသြားပါတယ္။

 

 

အိႏၵိယဟာ မယ္စၾကဝဠာသရဖူကို ေနာက္ဆုံးဆြတ္ခူးခဲ့တာ ၂၁ ႏွစ္ရွိၿပီျဖစ္ၿပီး ခုတခါ ထပ္ရတာမို႔ သရဖူကို တာဝန္ယူဖို႔ အခုအသင့္ျဖစ္ေနပါၿပီလို႔ စံဒူက ေျပာပါတယ္။

 

 

ကို႐ိုနာဗိုင္းရပ္စ္ ဗီဇမ်ိဳးကြဲ အိုမီခ႐ြန္ ကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ေရး ႀကိဳးစားတဲ့အေနနဲ႔ ခရီးသြားလာမႈ တားျမစ္ပိတ္ပင္အၿပီး ကူးစက္ႏႈန္းျမင့္တက္ေနခ်ိန္မွာ ဒီပြဲကို က်င္းပတာပါ။ စံဒူကေတာ့ နယ္စပ္ေတြကို ဖြင့္ထား ႏိုင္ေရး ကူညီဖို႔ ကမာၻတဝန္းက ျပည်သူေတြ ကာကြယ္ေဆး ထိုးႏွံၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။

 

 

ၿပိဳင္ပြဲမစခင္ သီတင္းပတ္ေတြအတြင္း မယ္စၾကဝဠာ အလွမယ္ၿပိဳင္ပြဲဝင္ေတြဟာ ခရစ္ယာန္ဘာသာရဲ႕ အျမင့္ျမတ္ဆုံး ေနရာတခုျဖစ္တဲ့ ေဂ်႐ုဆလင္ၿမိဳ႕က Holy Sepulchre ခရစ္ယာန္ဘုရားေက်ာင္းနဲ႔ ဂ်ဴးဝါဒီေတြရဲ႕ အေနာက္ဘက္တံတိုင္း အပါအဝင္ အစၥေရးႏိုင္ငံ အတြင္းက ေနရာ အသီးသီးကို လွည့္လည္သြားလာခဲ့တာပါ။

 

 

ခရီးသြား ကန႔္သတ္ခ်က္ေတြေၾကာင့္ မယ္စၾကဝဠာၿပိဳင္ပြဲ တက္ေရာက္သူေတြနဲ႔ မီဒီယာေတြကို ကန႔္သတ္ထားခဲ့ရတယ္လို႔ အစၥေရး ခရီးသြားလုပ္ငန္း ဝန္ႀကီးဌာနက ေျပာထားပါတယ္။

 

 

Crd

Leave a Reply

Your email address will not be published. Required fields are marked *