သိန်းထောင်ချီ တန်ဖိုး ရှိတဲ့ ရေဆင်အကြောင်း သိကောင်းစရာ (ရေဆင် ရရင် ထီပေါက်စရာ မလိုတော့ပါ)ဘယ်လိုအသုံးပြုလဲသိချင် ဝင်သာဖတ်ပြီး ဝေမျှပါ

သိန်းထောင်ချီ တန်ဖိုး ရှိတဲ့ ရေဆင်အ ကြောင်း သိကောင်းစရာ (ရေဆင် ရရင် ထီ ပေါက်စရာ မလိုတော့ပါ)

 

 

ဆင်သမားတစ်ယောက် ဆင်စီးရင်း ချောင်းနိမ့်တစ်ခုကိုဖြတ်ရာတွင် ဒုက္ခနှင့် လှလှ တွေ့နေသည်။ ဆင်ကိုချွန်းနှင့်ဘယ်လို ဆွဆွ၊ ပါး စပ်မှအော်ပြီးဘယ်လို လှန့်လှန့် ဆင်က ချောင်းကိုမဖြတ်၊ ချောင်းစပ်တွင်သာရပ်၍ တဝူးဝူးအော်နေသည်။

ဘာကြောင့်ပါလိမ့်… မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်တဝိုက်နှင့် ထိုင်းနိုင်ငံအတွင်း သစ်တောနယ်မြေတချို့တဝက်တွင် ဆင်သမားများ(ဆင်စခန်းတွင်အလုပ်လုပ်ကိုင်သူများ၊ ဆင်ဦးစီးများ)အကြား အ ပြောများတဲ့ ဒဏ္ဍာရီဆန်ဆန် သတ္တဝါတစ်မျိုးရှိပါတယ်။

 

 

ထိုသတ္တဝါဟာ ကြီးကြီးမားမားအကောင်မျိုးမဟုတ်တဲ့အပြင် အသွင်သဏ္ဍာန်မှာ ချစ်စရာပင်ကောင်းပါသေးတယ်။ ဒါပေမဲ့လျှော့တွက်လို့မရပါ။ ပါးစပ်ရာဇဝင်တွေအ ရ ဒီအကောင်ကြောင့်လူသေမှုများရှိခဲ့တဲ့အ ပြင် ဆင်တစ်ကောင်လုံးကိုပါ တုန်းခနဲလဲသွားစေနိုင်လောက်အောင် အဆိပ်ပြင်းပါတယ်တဲ့။

 

 

အထူးဆန်းဆုံးအချက်က သူတို့ဟာ ကုန်းသ တ္တဝါတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ဆင်တွေနဲ့ တထေရာတည်းတူပြီး လက်တဆုပ်သာသာအရွယ်အစားပဲ ရှိပါတယ်။

ဟုတ်ပါတယ်၊ သူတို့ကတော့အများက ရေဆင်လို့သိကြတဲ့ ချစ်စရာ ဒဏ္ဍာရီဆန်ဆန်သတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။ ရေဆင်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရတယ်ဆိုတဲ့ မျက် မြင်သက်သေတွေရဲ့ အချက်အလက်တွေကိုကြည့်ရအောင်

 

 

၁၉၇၀၊ သြဂုတ်လ ၁၃ ရက်၊ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာမှာ ရေဆင်နှစ်ကောင်ဖမ်းမိတဲ့ သတင်း ပါလာခဲ့ပါတယ်။ သံတွဲမြို့မှာနေတဲ့ တိကုဆရာဝန် ဦးဘမြိုင်ဟာပေါက်တောမြို့ ၊ ဘရွန်ဂါကျွန်းအုပ်စုထဲမှာပါတဲ့ ဆံတော်ရှင်ကျွန်းတောင်ဘက်ကမ်းမှာ

ရေဆင်အမတစ်ကောင်၊တောင်ကုတ်မြို့၊ မဒင်ကျွန်း၊ ငဆောက်ကျေးရွာ အနောက်ဘက် မှာရေဆင်အထီးတစ်ကောင် ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းပါ။နောက်တစ်ခုက ရဲဘော် သုံးကျိပ်ဝင် ဗိုလ်တာရာကိုယ်တိုင် ပျဉ်းမနား၊ တောင်တွင်းကြီးနယ်၊ ပဲခူးရိုးမအ နောက် ဘက် သစ်တောအတွင်း

 

 

ကျောက်ရေအိုင်တစ်ခုမှ ရေဆင်အရှင် တစ်ကောင်ဖမ်းမိခဲ့တယ်ဆိုတဲ့ သတင်းလဲ ထွက်ခဲ့ပါသေးတယ်။ဒါ့အပြင် ရေဆင်ကိုမြင်တယ်၊ဖမ်းမိတယ်ဆိုတဲ့သတင်းတွေကလဲစိတ်ဝင်စားသူတွေရဲ့နားမှာ ကွက်စိပ်ကြားနေရပါတယ်။

 

 

ကျွန်တော် စာရေးသူကိုယ်တိုင် ရေဆင်ဖမ်း မိခဲ့တဲ့ အမည်မဖော်လိုသူတစ်ယောက်ဆီက မေးမြန်းရရှိတဲ့ အချက်အလက်တွေကို တင် ပြပါမယ်။သူဟာ မြန်မာပြည်အနှံ့ခရီးသွားလာတတ်သူဖြစ်ပြီး ဆင်စခန်းတချို့နှင့်လဲ အဆက်အသွယ်ရှိဖူးသူဖြစ်ပါတယ်၊

သူပြောပြတဲ့စကားအရ ကချင်ပြည်နယ်ဘက်မှာ ရေဆင်အထီးနှင့် အမအရှင်နှစ်ကောင်ဖမ်းမိခဲ့ပြီး၊ ကန်ထဲထည့်ထားရာက နှစ်ရက်၊ သုံးရက်နေတော့ သေသွားတယ်လို့ဆိုပါတယ်။

ရေဆင်အထီးမှာ မီးခြစ်ဆံချောင်းခန့်အစွယ်ရှိပြီး အထက်အောက်အံသွားပါပါတယ်။

ဆင်ထီးကဲ့သို့အင်္ဂါလဲ ပါတယ်လို့ဆိုပါတယ်။ ရေဆင်အမကတော့ အစွယ်မပါပေမဲ့ အထက်အောက် အံသွားတွေပါပါတယ်၊ အ ရောင်မွဲခြောက်ခြောက်ရှိပြီး ဆင်မအင်္ဂါပါတယ်လို့ ဆိုပါတယ်။

 

 

တစ်ခုရှိတာက ရေဆင်ရဲ့ခြေထောက်တွေက ဆင်ခြေထောက်နဲ့မတူပဲ ခြေချောင်းငယ်လေးတွေပါပြီး ကြွက်ခြေထောက်နဲ့တူပါတယ်။ ရေဆင်ကိုဖမ်းတဲ့အခါ ငှက်ပျောတုန် းကိုဆင်ချီးသုတ်ပြီး ရေဆင်ရှိမယ်ထင်တဲ့နေရာမှာချလိုက်ရင်

ရေဆင်က အစွယ်နဲ့ပြေးထိုးပြီးငှက်ပျောတုံးမှာ စိုက်ပါလာတယ်လို့ဆိုပါတယ်၊ ရေဆင်တွေဆင်ကိုဘယ်လောက်မုန်းလဲဆိုတာသိ သာပါတယ်။ဒါ့အပြင် အဲ့ဒီလူရဲ့စမ်းသပ်ပြချက်အရ ရေဆင်အသေခြောက်ကို ဆင်တွေ နားယူသွားတဲ့အခါ ဆင်ဟာ နောက်ကိုတအားဆုတ်ပါတော့တယ်၊

ဆင်တွေက ရေဆင်ကိုတအားကြောက်ပါတယ် တချို့ဆင်ဦးစီးတွေဆို ရေဆင်အ စွယ်ကိုဆွဲကြိုးလုပ်ပြီး ဝတ်ထားရင် ဘယ်ဆင်မဆို အဲ့ဆင်ဦးစီးကိုကြောက်ကြပါတယ် ခိုင်းသမျှလုပ်ပေးတတ်ပါတယ်။

 

 

ရေဆင်အစွယ်ဟာ တန်ဖိုးအရမ်းကြီးပြီး ထိုင်းက လူဆိုးဂိုဏ်းခေါင်းဆောင်တချို့ဟာ ရေဆင်စွယ်ကို အန္တရာယ်ကင်းအ ဆောင်အဖြစ် ဆောင်ထားတတ်ကြတယ်လို့ သိရပါတယ်။

 

 

ဟုတ်ပါပြီ၊ ဒါကတော့ရေဆင်အကြောင်း အ ပေါ်ယံအမြင်တွေပါ အခုရေဆင်ကို ရှုထောင့်တစ်ခုကနေ ကြည့်ရအောင် လက်တစ်ဆုပ်သာသာရှိတဲ့ အရွယ်ရောက်ပြီးသားဆင်ဆိုတာ တွေးကြည့်ရင်တော်တော် အံ့သြဖို့ကောင်းပါတယ်

ဒါ့အပြင်ရေမှာပါနေတယ်ဆိုတော့ ပိုပြီးစိတ်ဝင်စားဖို့ကောင်း နေပြီပေါ့။ အခုကျွန် တော်တို့ ဒဏ္ဍာရီတွေခဏမေ့ထားပြီး ရိုးရိုးလေးစဉ်းစားကြည့်ရအောင်…ရေဆင်ကိုပုံ သဏ္ဍာန်အရ ကြည့်မယ်ဆို

အမွှေးတွေပါဝင်ပြီး ကြွက်လို၊ ဆင်လို ပုံရှိတာကြောင့် သွေးနွေးသတ္တဝါ၊ နို့တိုက်သ တ္တဝါ အဖြစ်သတ်မှတ်လို့ရပါတယ်။ အုပ်စုဖွဲ့နေတတ်တဲ့အကျင့်ရှိပါတယ်။ ရေညှိရေမှော်တွေစားပါတယ်။

Charle Darwin ရဲ့ ဆင့်ကဲပြောင်းလဲမှုသီအို ရီကိုထောက်ပြီးပြောပါမယ်။ ရေမှာအကြာကြီးနေနိုင်တဲ့ကြွက်တွေကိုမြင်ဖူးကြပါသ လား။ တချို့ကြွက်မျိုးစိတ်တွေဟာ ရေမှာအကြာကြီး ငုပ်နိုင်ကြပါတယ် အရမ်းအေးတဲ့ဒေသတွေက

 

 

ခဲနေတဲ့ရေခဲကန် မျက်နှာပြင်တွေအောက်က ရေခဲရေတွေထဲမှာ အကြာကြီး ငုပ်လျှိုးသွား လာနိုင်တဲ့ကြွက်မျိုးစိတ်တွေတောင် ရှိပါသေးတယ်။ဒီကြွက်တွေက ရေကန်တွေ၊ အိုင်တွေနားမှာ နေကြပြီး ရေကန်ထဲက

ပိုးမွှားလေးတွေ၊ပုစဉ်းသားလောင်းတွေ၊ အ ပင်တွေ နဲ့ ငါးသေးသေးလေးတွေကို ဖမ်းဆီးစားသောက်ကြပါတယ်။ သူတို့အတွက်အစာအရင်းအမြစ်ဟာ ကုန်းမှာထက်ရေမှာ ပိုများနေတာကြောင့်တစ်ကြောင်း၊ သူတို့ကို အန္တ ရာယ်ပြုမယ့် သတ္တဝါတွေဟာ ရေထဲမှာအ လွန်နည်းတာကြောင့် တစ်ကြောင်းကြောင့်

ကုန်းကနေ ရေကိုတဖြည်းဖြည်းပြောင်းလာကြပါတယ်။ဒီလိုနဲ့ အလေ့အကျင့်တွေ၊ စားသောက်နေထိုင်မှုစရိုက်တွေ တဖြည်းဖြည်းလိုက်ပြောင်းလာပြီး ရေမှာနေနိုင်တဲ့ မျိူးစိတ်အဖြစ်ဆင့်ကဲပြောင်းလဲလာကြပါတယ်။ ကြွက်ကနေ ရေဆင်ပုံကို

ဘယ်လိုဆင့်ကဲပြောင်းလဲမလဲ ကြွက်ဟာ ရေမှာအနေများတဲ့အခါ ရေမျက်နှာပြင်ကိုတက်ပြီး ခဏခဏအသက်ရှူရပါတယ်၊ဒီအတွက် သူတို့နှာတံဟာ ပိုပြီးအဆင်ပြေပြေ အသက်ရှူနိုင်ဖို့၊ ရေမျက်နှာပြင်အထက်ထိ မတက်ပဲ အသက်ရှူနိုင်ဖို့အတွက် ရှည်ထွက်လာပြီး

 

 

ဆင်နှာမောင်းတစ်ခုအသွင် ဆင့်ကဲ ပြောင်း လဲလာတာဖြစ်ပါလိမ့်မယ်၊ဒါ့အပြင် နှာ မောင်းထွက်ရခြင်းရည်ရွယ်ချက်မှာ ရေညှိရေမှော်ပင်တွေကို လွယ်ကူစွာ နှုတ်ယူစားသောက်နိုင်ဖို့ နဲ့ အခြားသောရည်ရွယ်ချက်တွေ ရှိပါလိမ့်ဦးမယ်။

ကမ်းပါးနံရံမှာ တွင်းတွေတူးဖို့၊ ရေညှိရေမှော်တွေထိုးကော် စားဖို့ ကုန်းပေါ်မှာထက်ရေမှာက သွား၊အစွယ်ကိုအသုံးချရမှု များတာကြောင့် အစွယ်ဟာသာမာန်ထက်ရှည်ထွက်လာမယ်။

ဒါ့အပြင် ပြင်ပအန္တရာယ်တွေကို ကာကွယ်ဖို့အစွယ်တွေ ရှိထားရပါလိမ့်မယ်၊ အမတွေကတော့ မျိုးပွားဖို့ကိုပိုအားစိုက် ရတဲ့အ တွက် တိုက်ဖို့ခိုက်ဖို့၊ အစာရှာဖို့ဆိုတာသူတို့အဖို့ ပဓါနမဟုတ်တာကြောင့် အစွယ်မရှိတာဖြစ်ပါလိမ့်မယ်။

ကြီးမားကျယ်ပြန့်တဲ့ နားရွက်တွေက ရေကူးဖို့လွယ်အောင် ဆင့်ကဲပြောင်းလဲလာမယ်၊ ခြေချောင်းလေးတွေကြား အဆက်ကလေးတွေဖြစ်လာပြီး ရေကူးဖို့အသုံးဝင်လာမယ်။

အတွင်းပိုင်းက အဆုတ်ရဲ့ လေဝင်နိုင်စွမ်းကောင်းလာမယ်။

တခြားပြောင်းလဲမှုတွေလဲရှိမယ်။ ဒါက ကြွက်တစ်ကောင် ရေဆင်ပုံစံဘယ်လိုပြောင်းလာ နိုင်သလဲဆိုတဲ့ ဖြစ်နိုင်ချေတွေပေါ့။

ဒါကတော့ ရေဆင်အပေါ်ကျွန်တော့် အမြင်သက်သက်ပါ ဒဏ္ဍာရီတွေ ဘာတွေညာတွေ မပါပဲနဲ့ပေါ့။

ဘာကြောင့်ရေဆင်တွေက ဆင်တွေကိုရန်လိုလဲ၊ ဆင်တွေကရေဆင်တွေကို ဘာလို့ကြောက်လဲ ဆိုတဲ့ မေးခွန်းတွေနဲ့ရေဆင်စွယ်က အဆိပ်အကြောင်းကတော့ ဆက်စဉ်းစားဖို့ ပြသနာတွေပေါ့ဗျာ။

ကဲပါ အခုဖော်ပြခဲ့တာတွေကတော့ ရေဆင် အကြောင်းကို ထုံးစံအတိုင်း ယူဆချက်လေးတွေ၊ ဖြစ်နိုင်ချေလေးတွေညှပ်ပြီးဖော်ပြ ခဲ့တာပါ ကျေးဇူးတင်ပါတယ်။

Crd မူရင်းစာရေးသူ

Leave a Reply

Your email address will not be published. Required fields are marked *