ရင်၌လွယ်ပြီး မမွေးခဲ့ရပေမဲ့ အမေအိုရဲ့အပူကိုငြိမ်းအေးစေခဲ့သူ လူငယ်များအဖွဲ့ကို လေးစားဂုဏ်ပြုရင်း မိဘကျေးဇူးမျက်ကွယ်ပြု မသိတတ်တဲ့သားသမီး ၈ယောက် ရှက်တတ်ကြပါစေ

သားသမီး ၈ယောက်ရှိသော်လည်း တစ်ယောက်မှပြန်မကြည့်တာကြောင့် ရေသန့်ဗူးရောင်းနေရတဲ့ အဖွားကို အိမ်ဝယ်ပေးလိုက်တဲ့ လူငယ်တစ်ဦး အဖွားအိမ်ပိုင်လေးမှာခေါင်းချနိုင်ပြီပေါ့နော်

 

 

အဖွား အသက် (၇၄)နှစ်စိတ်ဝေဒနာသည် မြေးလေးနှင့် နေပါတယ် သားသမီး (၈) ယောက်ရှိပါတယ်တယောက်မှ မကြည့်ပါ အဖွား အိမ်လစာ တလ (၃)သောင်း နှင့် မီးဖိုး (၁)သောင်း ပေးရပါတယ်တဲ့

 

 

အကြွေးက (၂)သိန်းလောက်ရှိပါတယ်(၁) သောင်းကို နေ့ပြန်တိုး (၃၀၀၀)ကျပ်ပေးရပါတယ်တဲ့ တခါတလေ ရောင်းရသမျှအကြွေး အိမ်လခ ပေးရတာနဲ့ထမင်းမစားရတဲ့ ရက်တွေ ရှိပါတယ် သားရယ် တခါတလေ ရောင်းရသမျှအကြွေး အိမ်လခ ပေးရတာနဲ့ထမင်းမစားရတဲ့ ရက်တွေ ရှိပါတယ် သားရယ်

 

 

မသေထမင်း မသေဟင်းလေး စားပြီ အ သက်ရှင်နေရတာပါ သွားတုန်းကတော့ ရေသန့်ဗူး အား ပေးမလို့ပါ ရောက်သွားတော့ အဖွားက ငိုပြီ ပြောပြရှာတယ် သားရယ်အ ဖွားတို့က သိပ်မကြာခင် လမ်းဘေးရောက်တော့မှာ အိမ်ရှင်ကလဲ ရောင်းတော့မှာတဲ့ရောင်းရင် အဖွားတို့ ဆင်းရမှာ အဖွား ညတိုင်း စိတ်အေးလက်အေး မအိပ်ရဘူးအဖွားမှာ အကြွေးတွေက မီးလိုတောက်လောက်နေရပါတယ်

 

 

အင်းလာ ထ အဖွားအဖွား အိမ်သွားကြည့်ချင်တယ်သားလိုက်လို့ရမလား ?? ရတာပေါ့ သားရယ်.အိမ်ရှင်နဲ့ တွေ့ စကားပြောပြီးအ ဖွားကို အဖွားနမည်နဲ့ စာချုပ်ချုပ်ပြီဝယ်ပေး လိုက်ပါပီ

 

 

အဖွား မှာ ပျော်လို့ မျက်ရည်တွေနဲ့ ဖက်ပြီ ငိုရှာတယ် ခု ဒီအိမ်က အဖွား အိမ်ကြီး ဖြစ်သွားပြီဆိုတော့အဖွား စိတ်အေးလက်အေးအိမ်ပိုင်လေးမှာ ခေါင်းချနိုင်ပြီပေါ့နော်

 

 

အဖွား လမ်းဘေး မရောက်တော့ဘူး ဒါပေါ့ အဖွားရဲ့ ဒါ အဖွားအိမ်ဖြစ်သွားပြီအိမ်စာချုပ်လေး သေချာ သိမ်းထားနော် အဖွား ကျေးဇူးတင်ပါတယ် သားရယ်အဖွားရဲ့ သားမြေးလေး အဖြစ်နေပေးပါနော်

 

 

ဒါပေါ့သားက အဖွားရဲ့သားပဲအမြဲ အဖွားရဲ့ သားနော် (ကျနော်နှင့်အတူ ပူပေါင်းကူညီလှူ ဒါန်းပေးကြတဲ့ (၇)ရက်သားသမီးများအားအဖွားကိုယ်စား ကျေးဇူးတင်ရှိပါတယ် အော် အဖွားရယ်ခုတော့ လုံခြုံသွားပါပြီ

Crd

Leave a Reply

Your email address will not be published. Required fields are marked *