မလိုအပ်ပဲမီတာခတွေ ပိုကျနေတဲ့အချိန်မှာကျွန်မဒီလိုသုံးပါတယ်

မီတာခတွေ ပိုကျနေတဲ့အချိန်မှာကျွန်မဒီလိုသုံးပါတယ်လစဉ် ၅၀၀၀၀ကျော်ကနေ ၂၅၀၀၀ကျော်ပဲကျပါတယ်ကျွန်မအိမ်ရဲ့မီ တာခကလစဉ်ငွေ၅သောင်းနီးနီးကျတဲ့အ တွက်မီတာခတွေတိုးကောက်မယ်သုံးဆ တက်မယ်ဆိုတော့သိန်းချီပေးရတော့မယ်

 

 

ဆိုပြီး စိတ်အတော်ညစ်သွားချိန်မှာအိမ်ကိုမီတာလာဖတ်တဲ့စာရေးလေးကအကြံပေးသွားတာကအစ်မသုံးတဲ့လျှပ်စစ်ဓာတ်အားတွေကို အတတ်နိုင်ဆုံးလျှော့လိုက်ပါတဲ့အ မျိုးသားကတော့သုံးသင့်တာသုံးပါသိပ်စိတ် ညစ်မခံပါနဲ့လို့ပြော

 

 

ပေမယ့်အိမ်တစ်အိမ်မှာအိမ်ရှင်မကအခရာဆိုတာကျွန်မသက်သေပြလိုက်နိုင်တာလေးပြောပြချင်လို့ပါကဲမီတာဖတ်တဲ့စာရေးလေးကမီတာပုံးမှာကျွန်မသုံးတဲ့ယူနစ်ကိုရေးလိုက်ပါပြီအစ်မနောက်လကစပြီးတက်ပြီနော်တဲ့အိုကေပါ။

 

 

ကျွန်မချွေတာရပါမယ်။ငွေရှာရတဲ့အမျို းသားအပေါ် မှာလည်းအားနာသင့်တယ်မ ဟုတ်လားနော်အဲဒီအတွက်ညတိုင်းထွန်းနေကျလမ်းမီးကိုမှောင်ရိပ်သန်းလာမှထွန်းပြီးမနက်၅နာရီထိုးတာနဲ့ပိတ်လိုက်ပါတယ်ခေါင်းရင်းဘက်ကခြံထဲဖွင့်တဲ့မီးလုံးကိုလုံးဝမဖှင့ျတော့ပါဘူးမီးပူကမီတာယူနဈအားအတကျဆုံးလျု့အငျတာနကျမှာ ဖတ်ရတဲ့အ တွက်အိမ်နေအဝတ်အထည်ကိုမီးပူလုံးဝ မတိုက်တော့ပဲ တိုက်တဲ့အခါလည်းအချိန်မဆွဲဘဲ အမြန်တိုက်ပြီးမလိုအပ်ရင် မီးပူခလုတ်ပိတ်ထားပါတယ်ရေစက်မမောင်း

ဘဲမိုးရေနဲ့ ရေတစ်လျောက်သုံးပါတယ်TV ကိုလည်းအရင်ကလိုမကြည့်ချင်ဘဲဖွင့်ထားတာမျိုးမလုပ်ပါဘူးCCTV ကင်မရာကို တစ် နေ့လုံးမဖွင့်တော့ဘဲညမှောင်မှဖွင့်ပြီးမနက်မိုးလင်းတာနဲ့ ပိတ်ပါတယ်တစ်လလုံး Aircon လုံးဝမဖွင့်ပါဘူး။

 

 

သားဖြစ်သူပူအိုက်နေမှာစိုးတာနဲ့ ရေထည့်ပြီးဖွင့်လို့ရတဲ့ ပန်ကာကို တစ်လုံးထပ်ဝယ်လိုက်ပါတယ်။အကျိုးဆက်က ယူနစ်မတက်ဘဲ အများကြီးသက်သာပြီး တစ်နေ့လုံးလည် းဖွင့်ထားနိုင်ပါတယ်ရေပူရေအေးစက်ကို ရေမချိုးခင် ၅မိနစ် အလိုမှ ဖွင့်ပြီး ချက်ချင်း ပြန်ပိတ်ပါတယ်။လူမရှိတဲ့အခန်းတွေမှာမီးချောင်းမီးလုံးတွေ လုံးဝ မထွန်းထားခဲ့ပါဘူးအရင်က အိမ်ရှေ့ဧည့်ခန်းမှာမီးချောင်းနှစ်ချောင်း ထိန်နေအောင်ဖွင့်ခဲ့ပေမယ့် ညနေမှောင်လာမှ တစ်ချောင်းသာထွန်းပါတယ်။

 

 

ညအိပ်မီးလုံး နှစ်လုံးအစား တစ်လုံးကိုပဲ အ ခန်းကူးလျှောက်လမ်းမှာ တစ်ညလုံးထွန်းထားလိုက်ပါတယ်ရေခဲသတ္တာကိုတော့ တောက်လျှောက်ဖွင့်ထားပါတယ်။ထမင်းဟင်း ချက်တာကို ပေါင်းအိုးတစ်လုံးနဲ့ အိုးနီတစ်လုံးပဲသုံးပါတယ်ကော်ဖီဖျောက်သောက်ချိန်လျှပ်စစ်ရေနွေးအိုးကိုခလုတ်တက်တာနဲ့ ချက်ချင်းပိတ်ပါတယ်အရင်လို မီးပလပ်တန်းလန်းနဲ့ မထားခဲ့ပါဘူးအဝတ်လျှော်စက်သုံးတဲ့အခါမှာလည်း အဝတ်များမှသာတစ်ခါစု လျှော်လိုက်ပါတယ်။

 

 

 

အဓိကက ရေကိုလည်း ချွေတာသုံးပါတယ် ရေမောင်းရေတင်ရတဲ့အခါ လျှပ်စစ်အားကို အသုံးပြုရမှာမို့ပါချွေတာတယ်ဆိုတဲ့နေရာမှာစိကုပ်နေတာမဟုတ်ဘဲ ရေကိုသုံးပါမဖြုန်းပါနှင့်ဆိုတာ ကိုလိုက်နာပြီးသုံးတာပါပဲခူးမှာမီးပျက်ချိန်လည်းအရမ်းနည်းသွားပါတယ်အရင်လိုအကြာကြီးမပျက်တော့ပါဘူးပြောချင်တာကအရင်လတွေကကျွန်မနေချင်သလိုနေပြီးလျှပ်စစ်ကို သုံးချင်သလို သုံးပါတယ်တန်ဖိုးလည်းမသိပါဘူးခုတော့

လျှပ်စစ်ကိုဘယ်လိုချွေတာသုံးရမလဲဆိုတာကိုကျွန်နားလည်ပြီ။မီတာဖတ်တဲ့စာရေးလေးကကျွန်မကိုမီတာလာဖတ်တဲ့အချိန်ကအရမ်းကိုအံ့သြသွားပုံနဲ့အစ်မရယ်ယူနစ်တွေကိုတော်တော်ချွေတာလိုက်တာပဲလို့ဝမ်းသာအားရပြောသွားပါတယ်။

 

 

 

ကျွန်မလည်းကိုယ့်ကိုယ်ကို တော်တယ် လို့သတ်မှတ်လိုက်ပါတယ်။အမျိုးသားကလည်း ကျွန်မကို ချီးမွမ်းပါတယ်။ အရမ်းကိုတော်တယ်တဲ့မေ့တ္တာဖြင်မျှဝေတဲ့သဘောပါ။

Leave a Reply

Your email address will not be published. Required fields are marked *