မနက်ဖြန် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် Silent Strike တွင် ပြည်သူအားလုံးပါဝင်ပေးကြရန် ဒေါက်တာတေဇာဆန်း တိုက်တွန်း

Unicode

မနက်ဖြန် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် Silent Strike တွင် ပြည်သူအားလုံးပါဝင်ပေးကြရန် ဒေါက်တာတေဇာဆန်း တိုက်တွန်း

 

 

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တနိုင်ငံလုံးအ တိုင်းအတာဖြင့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ပြုလုပ်ကြမည်ဖြစ်ရာ အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ပြီး အာဏာရှင်ဆန့်ကျင်ရေးအမှတ်အသား လက် (၃) ချောင်းထောင်ကာ ဓာတ်ပုံမှတ် တမ်းတင်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ မျှဝေဖော်ထုတ်ကြဖို့ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ယ နေ့ တိုက်တွန်းလိုက်သည်။

 

 

ပြည်သူတွေ သွေးမအေးဘူးဆိုတာကို ဖော် ထုတ်ပြသရေး၊ တိုင်းပြည်မှာ လူ့အခွင့်အ ရေးဆိတ်သုဉ်းနေတာကို ဖော်ညွှန်းရေး၊ တော်လှန်ရေးအဆက်ဆက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်းကို ဂုဏ်ပြုအောက်မေ့ရေးစသည့် ရည် ရွယ်ချက်များဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ Silent Strike တွင်ပါဝင်ကြဖို့ ဖြစ်ကြေင်း ဒေါက် တာတေဇာဆန်းက ဆိုသည်။

 

 

“ကမ္ဘာပေါ်မှာ အကျယ်လောင်ဆုံး “အသံ” က “တိတ်ဆိတ်ငြိမ်သတ်ခြင်း အသံ” ပါပဲ၊ တနိုင်ငံလုံးအဆင့် Silent Strike ဆိုတာ တော် ရုံတန်ရုံ လူထုအနေအထား၊ တော်ရုံတန်ရုံ တော်လှန်စိတ်၊ တော်ရုံတန်ရုံ နိုင်ငံမျိုးမှာ လုပ်လို့ မရနိုင်ပါဘူး။ ပြည်သူ့အင်အား၊ပူး ပေါင်းပါဝင်မှု၊ စုစည်းညီညွတ်မှုတွေ အင် မ တန်အားကောင်းပါမှ၊ ပြည်သူ ညီမှ အောင် မြင်နိုင်မယ့် အမျိုးပါ။

 

 

သို့သော် အခု ကျနော်တို့ ဒါကို လုပ်ကြမယ်။

မြန် မာပြည်သူတွေရဲ့ တော်လှန်စိတ် တော်လှန်သွေးကို လုံးဝ ယုံကြည်လို့၊ စိတ်ချလို့၊ အားကိုးလို့ အခုလို Silent Strike ကို နှိုးဆော်ဆင်နွှဲကြတာပဲ ဖြစ်တယ်” ဟု ဒေါက်တာတေဇာဆန်းက လူမှုကွန်ရက်မှတဆင့် တိုက် တွန်းနှိုးဆော်သည်။

ခရက်ဒစ်

Zawgyi

မနက်ဖြန် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် Silent Strike တွင် ပြည်သူအားလုံးပါဝင်ပေးကြရန် ဒေါက်တာတေဇာဆန်း တိုက်တွန်း

 

 

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တနိုင်ငံလုံးအ တိုင်းအတာဖြင့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ပြုလုပ်ကြမည်ဖြစ်ရာ အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ပြီး အာဏာရှင်ဆန့်ကျင်ရေးအမှတ်အသား လက် (၃) ချောင်းထောင်ကာ ဓာတ်ပုံမှတ် တမ်းတင်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ မျှဝေဖော်ထုတ်ကြဖို့ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ယနေ့ တိုက်တွန်းလိုက်သည်။

 

 

ပြည်သူတွေ သွေးမအေးဘူးဆိုတာကို ဖော် ထုတ်ပြသရေး၊ တိုင်းပြည်မှာ လူ့အခွင့်အ ရေးဆိတ်သုဉ်းနေတာကို ဖော်ညွှန်းရေး၊ တော်လှန်ရေးအဆက်ဆက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်းကို ဂုဏ်ပြုအောက်မေ့ရေးစသည့် ရည် ရွယ်ချက်များဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ Silent Strike တွင်ပါဝင်ကြဖို့ ဖြစ်ကြေင်း ဒေါက် တာတေဇာဆန်းက ဆိုသည်။

 

 

“ကမ္ဘာပေါ်မှာ အကျယ်လောင်ဆုံး “အသံ” က “တိတ်ဆိတ်ငြိမ်သတ်ခြင်း အသံ” ပါပဲ၊ တနိုင်ငံလုံးအဆင့် Silent Strike ဆိုတာ တော် ရုံတန်ရုံ လူထုအနေအထား၊ တော်ရုံ တန်ရုံ တော်လှန်စိတ်၊ တော်ရုံတန်ရုံ နိုင်ငံမျိုးမှာ လုပ်လို့ မရနိုင်ပါဘူး။ ပြည်သူ့အင်အား၊ပူ းပေါင်းပါဝင်မှု၊ စုစည်းညီညွတ်မှုတွေ အင်မ တန်အားကောင်းပါမှ၊ ပြည်သူ ညီမှ အောင် မြင်နိုင်မယ့် အမျိုးပါ။

 

 

သို့သော် အခု ကျနော်တို့ ဒါကို လုပ်ကြမယ်။

မြန် မာပြည်သူတွေရဲ့ တော်လှန်စိတ် တော်လှန်သွေးကို လုံးဝ ယုံကြည်လို့၊ စိတ်ချလို့၊ အားကိုးလို့ အခုလို Silent Strike ကို နှိုးဆော်ဆင်နွှဲကြတာပဲ ဖြစ်တယ်” ဟု ဒေါက်တာတေဇာဆန်းက လူမှုကွန်ရက်မှတဆင့် တိုက် တွန်းနှိုးဆော်သည်။

ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *