ဘွဲ့ဝတ်စုံသမိုင်း ဒီလိုဆိုတာ ဝတ်သာဝတ်ခဲ့ဘူးပြီး မသိခဲ့ဘူးပဲ

ဘွဲ့ဝတ်စုံသမိုင်း ဘွဲ့နှင်းသဘင်ကျင်းပခြင်း၊အခမ်းအနားတွင်ဝတ်စုံဝတ်ဆင်ခြင်းကို၁၂ရာစုနှင့်၁၃ရာစုခေတ်ကတည်းကစ တင်ခဲ့သည်။

 

 

ထိုသို့ပွဲတက်ဝတ်စုံအခမ်းအနားဖြင့်စီစဉ်ကျင်းပခြင်းအားတက္ကသိုလ်များကစတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ပညာတတ်များအဖြစ်သတ်မှတ်ခြင်းခံကြရသောကျောင် းသားကျောင်းသူများနှင့်ဆရာ၊ဆရာမများ သည်တစ်သားတည်းဖြစ်သည်ဆိုသောသ ဘောကိုဖော်ကျူးရန်အလို့ငှာတူညီဝတ်စုံကိုဝတ်ဆင်ကြခြင်းဖြစ်သည်ဟုလည်းသတ် မှတ်ခဲ့ကြသည်။

 

 

၁၃၂၁ခုနှစ်ကကိုလံဘီယာတက္ကသိုလ်သည်ဒေါက်တာဘွဲ့၊သာမန်ဘွဲ့နှင့်လက်မှတ်များကိုဘွဲ့ဝတ်စုံဝတ်ဆင်ပြီးတက်ရောက်ယူမှသာထုတ်ပေးရမည်ဟုသတ်မှတ်ထားခဲ့သည်။၁၄ရာစုလယ်နှောင်းပိုင်းတွင်အချို့သောကောလိပ်အဆင့်ကျောင်းများတွင်ဘွဲ့ယူအခမ်းအနား၌ဝတ်ဆင်သောဝတ်စုံကိုဝတ်ရုံရှည်ဝတ်ဆင်မှုအားကန့်သတ်တားမြစ်ခဲ့ကြောင်းလည်းတွေ့ရသည်။

 

 

အင်္ဂလန်မင်းဆက်အဋ္ဌမမြောက်ဟင်နရီလက်ထက်တွင်အောက်စ်ဖို့ဒ်တက္ကသိုလ်နှင့်ကင်းဘရစ်ခ်ျတက္ကသိုလ်များတွင်ဘွဲ့ဝတ်စုံကိုစံတစ်ခုအနေနှင့်သတ်မှတ်ခဲ့သည်။ယင်းစံသတ်မှတ်ချက်အရသေးကွေးလွန်းသည့်ဘွဲ့ဝတ်စုံများဝတ်ဆင်ခြင်းကိုလက်မခံခဲ့ပေ။၁၈၀၀ပြည့်နှစ်လောက်တွင်မှမိမိသင်ယူခဲ့သည့်ဘာသာရပ်အလိုက်အရောင်များကိုခွဲ ခြားရန်သတ်မှတ်ခဲ့သည်။

 

 

သို့သော်ထိုသို့အရောင်ခွဲခြားမှုကိုအမေရိကန်ပြည်ထောင်စုလောက်သာကျင့်သုံးခဲ့ကြောင်းတွေ့ရသည်။ဥရောပအဖွဲ့အစည်းများတွင်ဘွဲ့ဝတ်စုံနှင့်ပတ်သက်ပြီးအမျိုးမျိုးသတ်မှတ်သုံးစွဲကြကြောင်းတွေ့ရသည်။ရှေးခေတ်ကဘွဲ့ဝတ်စုံကဲ့သို့သောဝတ်ရုံများကိုခရစ်ယာန်ဘုန်းတော်ကြီးများသည်ကျောင်းတော်များတွင်ဝတ်ဆင်လေ့ရှိသည်။

 

 

နောက်ပိုင်းတွင်ပညာရှင်များအနေနှင့်တက္ ကသိုလ်၊ကောလိပ်များတွင်ပညာသင်ယူသူရောသင်ကြားသူပါဝတ်ဆင်ကြသည်။ယခင်ကနေ့စဉ်ဝတ်ဆင်ခဲ့ကြသော်လည်းနောက် ပိုင်းတွင်ပညာသင်နှစ်တစ်နှစ်ကုန်ဆုံးသည့်အထိမ်းအမှတ်အခမ်းအနားများတွင်သာဝတ်ဆင်ကြတော့သည်။နောက်ပိုင်းကျမှပ ညာသင်နှစ်အားလုံးပြီးဆုံးချိန်ဘွဲ့လက် မှတ်ယူချိန်၌ဝတ်ဆင်ရန်သတ်မှတ်ခဲ့သည်။

 

 

မြန်မာနိုင်ငံပထမဆုံးဘွဲ့မြန်မာနိုင်ငံ၏ ပ ထမဆုံးဘွဲ့နှင်းသဘင်အခမ်းအနားကို၁၉၂၁ခုနှစ်၊နိုဝင်ဘာလ၂၈ရက်နေ့တွင်ရန်ကုန်မြို့၊ရွှေတိဂုံဘုရားလမ်းပေါ်ရှိဂျူဗလီဟော(ယခုတပ်မတော်ပြခန်းနေရာ)တွင်ကျင်းပခဲ့သည်။ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းဘွဲ့ နှင်းသဘင်ခန်းမကိုဆောက်လုပ်ခြင်းမပြုရသေးသောကြောင့်ထိုစဉ်ကမင်းပွဲစိုးပွဲအ ခမ်းအနားကြီးများကျင်းပရာဂျူဗလီဟောတွင်လာရောက်ကျင်းပခဲ့ရခြင်းဖြစ်သည်။

 

 

ဘွဲ့နှင်းသဘင်အခမ်းအနားသို့ထိုစဉ်ကတ က္ကသိုလ်အဓိပတိဖြစ်သူ၊မြန်မာနိုင်ငံ၏ ဒုတိ ယဘုရင်ခံဆာရက်ဂျီနယ်ကရက်ဒေါက်ကိုယ်တိုင်တက်ရောက်ခဲ့သည်။အဓိပတိဆာရက်ဂျီနယ်ကရက်ဒေါက်နှင့်အတူတက္ ကသိုလ်ဆီးနိတ်အဖွဲ့ဝင်အားလုံးသည်သတ် မှတ်ထားသည့်အရောင်အသွေးမျိုးစုံဖြင့်ချုပ်လုပ်ထားသောဘွဲ့ဝတ်ရုံကြီးများကိုဝတ်ဆင်ကာအခမ်းအနားကိုတက်ရောက်ခဲ့ကြသည်။

 

 

ဘွဲ့ယူမည့်ပုဂ္ဂိုလ်များကလည်းနိုင်ငံတကာစံအတိုင်းသတ်မှတ်ထားသည့်ဘွဲ့ဝတ်စုံများ၊အရောင်လည်ပင်းစွပ်(Hood)များကိုဝတ် ဆင်ပြီးခမ်းနားစွာနေရာယူခဲ့ကြသည်။ဝိဇ္ဇာဘွဲ့ယူမည့်သူများသည်ပန်းနုရောင်ပန်းဖွားများပါသည့်Hoodများနှင့်သိပ္ပံဘွဲ့ယူမည့်သူ များသည်အစိမ်းနုရောင်Hoodများကိုဘွဲ့ဝတ်စုံအနက်ရောင်ပေါ်တွင်လွှမ်းခြုံကာဝတ် ဆင်ထားကြသည်။

 

 

အမျိုးသားများသည်ပန်းရောင်ခေါင်းပေါင်းများကိုဘွဲ့ဒေါက်ချာခေါင်းဆောင်းများအ စားဝတ်ဆင်သူရှိသကဲ့သို့အနက်ရောင်ဒေါက်ချာခေါင်းဆောင်းနှင့်နိုင်ငံခြားဝတ်စုံဝတ်ကာတက်ရောက်သူများလည်းရှိကြသည်။အခမ်းအနားတွင်ဘွဲ့ရပုဂ္ဂိုလ်အားလုံးကိုအဓိပတိကြီးက“ဘွဲ့ရပုဂ္ဂိုလ်များ၏ ကိုယ်ကျင့်တရားနှင့်အညီနေ့စဉ်ကျင့်ကြံနေ ထိုင်မည်လော”ဟုမေးခွန်းကိုအားလုံးကရို သေကျိုးနွံစွာဖြင့်နေထိုင်မည်ဖြစ်ကြောင်းဖြေကြားပြီးမှယူနီဗာစီတီကောလိပ်နှင့်ဂျပ်ဆင်ကောလိပ်တို့ကပေးအပ်သည့်ဘွဲ့များကိုလက်ခံယူကြရသည်။

 

 

ဘွဲ့ဝတ်စုံသမိုင်းအထောက်အထားများအရဘွဲ့ဝတ်စုံများကိုအလယ်ခေတ်တက္ကသိုလ်များတွင်ဝတ်ဆင်ခဲ့ကြောင်းတွေ့ရသည်။ခ ရစ်ယာန်ဂိုဏ်းထိပ်တန်းတာဝန်ယူထားသောပုဂ္ဂိုလ်များသည်မိမိတို့အဆင့်အတန်းအ လိုက်ဘွဲ့ဝတ်ရုံကြီးများကိုဝတ်ဆင်ကာအ ခမ်းအနားများသို့မဟုတ်အစည်းအဝေးများသို့တက်ရောက်ကြရသည်။

 

 

တရားသူကြီးများသည်ခြေကျင်းဝတ်အထိရှည်သောဝတ်ရုံကြီးများကိုဝတ်ဆင်ကာတက်ရောက်လေ့ရှိသည်။ယခင်အလယ် ခေတ်အခမ်းအနား၊အစည်းအဝေးများ၊တ ရားစီရင်ရေးများကျင်းပသည့်ခန်းမနေရာသည်များသောအားဖြင့်အေးစက်ပြီးလေ တိုက်သည့်နေရာများဖြစ်သောကြောင့်ဝတ် ရုံကြီးများဝတ်ဆင်ခဲ့ရာမှအစဉ်အလာအ ဖြစ်ဝတ်ရုံများကိုဝတ်ဆင်ခဲ့ကြဟန်တူပါ သည်။

 

 

ဘွဲ့ဦးထုပ် ဘွဲ့ဦးထုပ်ကို၁၅ရာစုနှစ်လောက်ကတည်းကပညာတတ်အထိမ်းအမှတ်အနေနှင့်ဆောင်းခဲ့ကြခြင်းဖြစ်သည်။သမိုင်းအ ထောက်အထားများအရဘွဲ့ဦးထုပ်ကိုပါ မောက္ခများသာဆောင်းရန်သတ်မှတ်ခဲ့ကြောင်းလည်းတွေ့ရသည်။နောက်ပိုင်းတွင်မှပန်းဖွားများ၊အရောင်များပြောင်းကာခမ်း နားစေရန်စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

 

 

ဘွဲ့ဦးထုပ်၏မူလအဓိပ္ပာယ်မှာ“ဒေါက်တာ” ဘွဲ့အတွက်ရည်စူးကာစီစဉ်ခဲ့ကြခြင်းဖြစ် သည်။ပြင်သစ်သမိုင်းပညာရှင်ဂျက်ကက်လီဂေါ့ဖ်ကဒေါက်တာဘွဲ့စာမေးပွဲအတွက်အ သေးစိတ်ပြင်ဆင်ထားပုံကိုသူ၏ “IntellectualsinMedievalTimes”စာအုပ်တွင်အောက်ပါအတိုင်းရေးသားထားသည်။“

စာမေးပွဲအောင်မြင်သည့်ကျောင်းသားတစ်ဦးသည်လက်မှတ်ရပညာတတ်တစ်ဦးဖြစ်သွားသည်။

 

 

သူသည်ဒေါက်တာသို့မဟုတ်ပါရဂူဘွဲ့ကိုသူသင်ကြားခဲ့သည့်ဘာသာရပ်အတွက်ကျွမ် းကျင်သူအဖြစ်သတ်မှတ်ခြင်းခံရသော် လည်း မာစတာဆိုသည့်အမှန်တကယ်ကျွမ်း ကျင်မှုရှိမရှိကိုပြည်သူ့ထံဆင်းကာအစစ်ဆေးခံရမည်ဖြစ်သည်။သို့ဖြစ်ရာသူ့ကိုခမ် းနားထည်ဝါသည့်ဘုရားကျောင်းကြီးတစ်ကျောင်းသို့ခေါ်ဆောင်ခြင်းခံရမည်။

 

 

ထိုကျောင်းတွင်သူသည်မိန့်ခွန်းများပြောကြားရမည်။သူပြောကြားမည့်အကြောင်း အရာများသည်သူတတ်ကျွမ်းလေ့လာထားသည့်ပညာရပ်များနှင့်ပတ်သက်သည့်အ ကြောင်းအရာများသာဖြစ်သည်။ထိုအချိန်တွင်နားထောင်နေသည့်ပရိသတ်ထဲကကျောင်းသားများသည်သူ့ကိုသိလိုသမျှထမေးမည်။

 

 

ဆွေးနွေးမှုများပြုလုပ်မည်။သူကထိုသူတို့ ၏အမေးများကိုချက်ကျလက်ကျပြန်လည်ဖြေဆိုရှင်းလင်းပြရန်လိုသည်။ထိုသို့အောင် မြင်စွာဖြေဆိုရှင်းလင်းနိုင်ပြီဆိုလျှင်တက္က သိုလ်ကသူ့ကိုမာစတာဘွဲ့နှင်းအပ်မည်ဖြစ် သည်။ဘွဲ့အပ်နှင်းရာတွင်သူ့ကိုပါမောက္ခထိုင်သည့်ကုလားထိုင်တွင်ထိုင်စေပြီးရွှေလက်စွပ်တစ်ကွင်း၊စာအုပ်တစ်အုပ်နှင့်ခေါင် းဆောင်းရန်ဒေါက်ချာဦးထုပ်ကိုပေးအပ်ချီ းမြှင့်လေ့ရှိသည်”ဆိုသည်မှာရှေးခေတ်မာစတာဘွဲ့ယူသည့်သူတစ်ဦး၏အခမ်းအနားဖြစ်သည်။

 

 

၁၉၅၉ခုနှစ်ကအမေရိကန်ဘွဲ့ဝတ်စုံဝတ် ဆင်မှုနှင့်အခမ်းအနားကျင်းပရေးကော်မတီကဘွဲ့ယူစဉ်ဘွဲ့ဝတ်စုံဝတ်ဆင်မှုကိုအောက်ပါအတိုင်းသတ်မှတ်ခဲ့သည်။ဘွဲ့အခမ်းအ နားကျင်းပစဉ်နှင့်ဘွဲ့လက်မှတ်ပေးအပ်စဉ်တွင်ဘွဲ့ဦးထုပ်ကိုတောက်လျှောက်ဝတ်ဆင်ထားရမည်။ဘွဲ့ယူသူများသည်ဆုတောင်းသည့်အခါသို့မဟုတ်နိုင်ငံတော်သီချင်းတီး မှုတ်နေစဉ်အခါတွင်သာဦးထုပ်ကိုချွတ်ခွင့်ရှိသည်။

 

 

နိုင်ငံတော်သီချင်းသို့မဟုတ်ဆုတောင်းမှုပြီးဆုံးလျှင်ဦးထုပ်ကိုပြန်ဆောင်းရမည်။

ပန်းဖွားကိုမည်သည့်ဘက်သို့ချမည်ဟုသတ်မှတ်ထားခြင်းမရှိ။ကိုယ့်ကျောင်းနှင့်ကိုယ့်ပုံစံအတိုင်းသာဖြစ်သည်။ဘယ်ထား သည်ဖြစ်စေ၊ညာထားသည်ဖြစ်စေသတ် မှတ်ထားသည့်အတိုင်းသာဖြစ်သည်။အ ထက်ပါအချက်များကိုကြည့်ခြင်းအားဖြင့်ဘွဲ့ဝတ်စုံများကိုအမြတ်တနိုးသတ်မှတ်ဝတ်ဆင်ကြောင်းထင်ရှားလှသည်။ဘွဲ့အပ် နှင်းခြင်းဘွဲ့နှင်းသဘင်အခမ်းအနားဖြင့်သာရရှိသောဘွဲ့များကိုအပ်နှင်းချီးမြှင့်လေ့ရှိသည်။

 

 

ဘွဲ့ယူမည့်ကျောင်းသားကျောင်းသူများ သည်သတ်မှတ်ထားသည့်ပညာရပ်များကိုသင်ယူပြီးမြောက်ကြောင်းအစစ်ဆေးခံယူပြီးဖြစ်ရမည်။ဘွဲ့မယူမီဘွဲ့ယူမည့်သူသည်သတ်မှတ်ထားသည့်အတန်းသို့မဟုတ်စာ သင်နှစ်ကိုအောင်မြင်ပြီးသူဖြစ်ရသည်။ထို သို့သတ်မှတ်အရည်အချင်းများနှင့်ပြည့်စုံသူများကိုဘွဲ့များအပ်နှင်းချီးမြှင့်သောပွဲကိုဘွဲ့နှင်းသဘင်အခမ်းအနားနေ့ (GraduationDay)အဖြစ်သတ်မှတ်ကာအပ် နှင်းချီးမြှင့်လေ့ရှိသည်။

 

 

ဘွဲ့အပ်နှင်းချီးမြှင့်ခြင်းကိုတက္ကသိုလ်နှင့်ကောလိပ်များတွင်ကျင်းပပြုလုပ်လေ့ရှိသည်။တက္ကသိုလ်အဓိပတိသို့မဟုတ်ကျောင်းအကြီးအကဲများကဘွဲ့လက်မှတ်များကိုပေးအပ်ချီးမြှင့်လေ့ရှိသည်။ဘွဲ့လက်မှတ်မှတ်ပေးရာတွင်အဓိပတိသည်တစ်ဦးချင်းအားပေးသကဲ့သို့အုပ်စုလိုက်၊အ ဖွဲ့လိုက်ပေးအပ်ချီးမြှင့်ခြင်းများလည်းရှိတတ်သည်။

 

 

အုပ်စုလိုက်ချီးမြှင့်သည့်ဘွဲ့လက်မှတ်များကိုမိမိတို့သက်ဆိုင်ရာကျောင်းများရောက်မှကျောင်းအုပ်ကြီးများကသီးခြားပြန်ပေး အပ်ခြင်းများလည်းရှိတတ်သည်။နိုင်ငံတ ကာတွင်မိမိတို့ကျောင်းအလိုက်ဘွဲ့နှင်း သ ဘင်အခမ်းအနားများကျင်းပပြီးချိန်တွင်ဘွဲ့နှင်းသဘင်အထိမ်းအမှတ်ပါတီပွဲများလည်းကျင်းပလေ့ရှိသည်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *