ဘမျိုးဘိုးတူ စိတ်ထားလေးနဲ့ မြင်သူတိုင်း မျက်ရည်ဝဲရတဲ့ ဖခင်နဲ့အတူ တောထဲတောင်ထဲမှာ တော်လှန်နေတဲ့ မင်းမော်ကွန်းသားလေး

Unicode

မြင်သူတိုင်း မျက်ရည်ဝဲရတဲ့ ဖခင်နဲ့အတူ တောထဲတောင်ထဲမှာ တော်လှန်နေတဲ့ မင်းမော်ကွန်းသားလေး

 

 

ပရိသတ်အချစ်တော် မင်းမော်ကွန်းကတော့ ရုပ်ရှင်ဇာတ်လမ်းတွေမှာရော နှင်းဆီအငြိမ့်မှာရော အောင်မြင်ခဲ့တာကြောင့် ပြည်သူတွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်။

 

 

မင်းမော်ကွန်းကတော့ အနုပညာမှာလည်း ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နိုင်သလို အနုပညာသက်တမ်းတစ်လျှောက်မှာလည်း နာမည်ပျက်မရှိအောင် နေထိုင်ခဲ့သူဖြစ်ပါတယ်။

 

 

အနုပညာလောကမှာလည်း ဖခင်ဖြစ်သူ ဦးဇင်ဝိုင်းကိုလည်း လူတိုင်းကလေးစားအား ကျရသလို သားဖြစ်သူ မင်းမော်ကွန်းကလည်း အမှန်တရားဘက်ကို ရဲရဲဝင့်ဝင့်နေရဲသူလည်း ဖြစ်ပါတယ်။

 

 

ပြည်သူတွေရဲ့အတူ ခံစားချက်တွေထပ်တူကျခဲ့သူဖြစ်တဲ့အပြင် ဖခင်ဖြစ်သူ အဖမ်းခံရတဲ့အခါမှာလည်း နောက်ဆုတ်မသွားတဲ့အ ပြင်ရှေ့ကိုသာဆက်လက်ရပ်တည်ခဲ့ပါတယ်။

 

 

အဖေဖြစ်သူရော သားဖြစ်သူပါ ရဲရင့်ပြတ် သားစွာ ရှိနေခဲ့ကြ လို့လည်း ပြည်သူတွေလည်း အားအင်တွေအပြည့်ရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူးနော်.. မင်းသားမင်းမော် ကွန်းကတော့လူကိုယ်တိုင်လည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး လူများနည်းတူ လူမှု့ကွန်ယက်စာမျက်နှာထက်ကနေလည်း ဆက် လက်ပြီးတော်လှန်နေဆဲပဲ ဖြစ်ပါတယ်။

 

 

ဒီနေ့လေးမှာတော့ မင်းမော်ကွန်းရဲ့ သမီးလေး လေပြေသွေးရဲ့ Instagram story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ဒါကတော့ လက်သုံးချောင်းထောင်ပြီး အရေးတော်ပုံအောင်ရမည် ဆိုပြီး တက်ကြွစွာ အော်နေတဲ့ သားဘုန်း ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

 

 

ကဲ ပရိသတ်ကြီးလည်း မင်းမော်ကွန်းရဲ့ သားလေးဗီဒီယိုကို ကြည့်ပြီး ချစ်ပေးကြပါအုံးနော်။

Credit

Zawgyi


 

 


 

 


 

 


 

 


 

 


 

 



 

 


Credit

Leave a Reply

Your email address will not be published. Required fields are marked *