ပြည်သူနဲ့တသားတည်းရပ်တည်နေတဲ့ မင်းသမီး မြနှင်းရည်လွင် ရဲ့ဘဝအကြောင်း(ဘယ်နေရာ ရောက်ရောက် သွေးအေးမသွားဘူးဆိုတဲ့ အာဂအမျိုးသမီး)

သူမအနေနဲ့ အခုလိုအောင်မြင်မှုတွေရရှိခဲ့တာဟာ Artist and Flim Production ရဲ့နှ လုံးသားအရင်းခံပြီး ကြိုးစားပေးခဲ့တဲ့ teamwork တွေကြောင့်ပါတဲ့။

 

 

သူမနဲ့အတူကြော်ငြာမှာ တွဲဖက်သရုပ် ဆောင်ခဲ့ပေးတဲ့မောင်လေး ညီမလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲရိုက်ကူးရေးကိုဖြတ်သန်းခဲ့တာဖြစ်ပြီး ဒီစကားလုံးလေး၂လုံးပဲပြောခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်တာမျိူးလည်းသူမက မရှိခဲ့ပါဘူးတဲ့။ ဟုတ်ပါတယ်နော်. အရေအတွက်ထက် အရည်အချင်းပဲလိုတယ်ဆိုတာ မင်းသမီးက သက်သေပြသွားခဲ့ပါပြီ။

 

 

သူမပါဝင်ထားတဲ့နေရာတစ်ခုကို ပရိတ်သတ်တွေက ချစ်စရာကောင်းတဲ့အမြင်နဲ့ မြင်ပေးခဲ့တဲ့အတွက် သူမဘဝရဲ့ အနုပညာမှတ်တိုင်ကောင်းတစ်ခုရောက်ခဲ့ရတယ်လို့ ပြောသွားခဲ့ပြီး နောက်တစ်ခါဒီလိုမျိူး အခွင့် အရေးကောင်းတောင် ရလာနိုင်မယ်မထင်ပါဘူးတဲ့။ အင်တာဗျူးတွေမှာ ပရိတ်သတ်ကိုအမြဲကျေးဇူးတင်တဲ့အကြောင်းထည့်ပြောလေ့ရှိတဲ့ မင်းသမီးမြနှင်းရည်လွင်ရဲ့ ငယ်ဘ ဝဖြတ်သန်းလာတဲ့ အနုပညာလမ်း ကြောင်းကို ကျွန်မတို့နဲ့အတူ ကြည့်လိုက်ရအောင်။

 

 

မြနှင်းရည်လွင်ကို ၁၉၈၇ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့မှာ မွေးဖွားခဲ့ပြီး ကျောင်းပညာ ရေးကိုတော့ သူငယ်တန်းကနေ တစ်တန်းအထိလှိုင်ကျောင်းမှာတက်ခဲ့ပြီး ကမာရွတ် ၂မှာ အထက်တန်းအောင်ခဲ့ပါတယ်။ နောက်မှာတော့ ဒဂုံတက္ကသိုလ်မှာ Psychology အ ထူးပြုဘာသာရပ်ဘွဲ့ကိုရရှိခဲ့ပါတယ်။

 

 

မွေးချင်းမောင်နှမလေးယောက်ထဲမှာ အ ထွေးဆုံးသမီးလေးဖြစ်ပြီးတော့ အလှပြင်ရတာကိုလည်းငယ်ငယ်ထဲက အရမ်းကြိုက်ပါတယ်တဲ့။ ကျောင်းတက်နေစဉ်တစ်လျှောက် ဘင်ခရာအဖွဲ့တွေ၊ အလှမယ်ပြိုင်ပွဲတွေလည်း ပါခဲ့ဖူးပါတယ်တဲ့။ ပုံဆွဲတာကိုလည်း ဝါသနာပါတဲ့သူမက သူများနဲ့မတူပဲ ရယ်စ ရာတွေကိုလည်း ပြောတတ်ပါတယ်တဲ့။

 

 

မဂ်လာပါ ပရိတ်သတ်ကြီးရေ..ဒီတစ်ခေါက်မှာတော့ တည်ငြိမ်တဲ့အလှလို့တင်စားကြပြီး မြန်မာဝတ်စုံတွေကိုသာ အများဆုံးဝတ်ဆင်လေ့ရှိတဲ့ မြန်မာမော်ဒယ်နဲ့သရုပ်ဆောင် မြနှင်းရည်လွင် ခေါ် ဒါပေါ့မင်းသမီးလေး အ ကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

 

 

သူမကိုတော့ အနီရောင်ဝတ်စုံလှလှလေးနဲ့ ဒါပေါ့လို့ ပြောတဲ့သရုပ်ဆောင်တစ်ယောက်လို့ ပရိတ်သတ်တွေက အသိများကြပါတယ်။ ဒါပေါ့မင်းသမီးဆိုတာ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတော့ ရိုးမဘဏ်ကြော်ငြာရိုက်ကူးရင်းနဲ့ မင်းသမီးမြနှင်းရည်လွင်ပြောခဲ့တဲ့ ဒိုင်ယာလော့စကားလုံးလေးပဲဖြစ်ပါတယ်။

 

 

ဒီကြော်ငြာက အရမ်းကိုအောင်မြင်သွားတဲ့အတွက် ပရိတ်သတ်တွေက လူမှုကွန်ယက်ပေါ်မှာ ဒါပေါ့လို့သုံးပြီး စကားပြောလေ့ရှိလာကြပါတယ်။ တစ်ခုခုကိုထောက်ခံတော့မယ်ဆိုရင် မင်းသမီးရဲ့ပုံကိုသာပြပြီး ပြန်ဖြေတာက ပရိတ်သတ်တွေကြားထဲမှာ hit ဖြစ်လာခဲ့ပါတယ်။

 

 

ဒါပေါ့ ဆိုတဲ့စကားလုံးက မြန်မာနိုင်ငံရဲ့ Social Media ဘန်းစကားတစ်ခုအဖြစ် ရေ ပန်းစားကျော်ကြားခဲ့ပါတယ်။ မြနှင်းရည်လွင်က သူမရဲ့ ရိုက်ကူးရေးအမှတ်တရတွေထဲကမှ ဒိုင်ယာလော့အဖြစ်နဲ့ပြောခဲ့ရတဲ့ ဒါ ပေါ့အပြင် ကြော်ငြာရိုက်ကွင်းက တည် းဖြတ်လိုက်တဲ့ တစ်ခြားစကားပြောခန်းတွေရှိပေမယ့် ဒီ”ဒါပေါ့”စကားလုံးလေးက အခုလောက်ပေါက်သွားမယ်လို့မထင်ခဲ့ပါဘူးတဲ့။

 

 

အနုပညာလှုပ်ရှားမှုတွေကိုတော့ ၂၀၁၀ခုနှစ်ကနေ စတင်ခဲ့ပြီးတော့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ့ Ever Golli သီချင်းမှာ ပထမဆုံးပွဲဦးထွက်ပါဝင်ခဲ့ပါတယ်။ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်နဲ့ မိတ်ဆွေတစ်ဦးဖြစ်တာကြောင့် သီချင်းမှာပါဝင်ခွင့်ရခဲ့တယ်လို့ သူမကဆိုပါတယ်။ ၂၀၁၁မှာ ဖက်ရှင်နဲ့ပက်သက်တဲ့ စီးပွားရေးကြော်ငြာဘေလ်ဘုတ်တွေကိုစတင်ရိုက်ကူးခဲ့ပြီး ထိုင်မသိမ်းတွေကို တင့်တင့်ရင့်ရင့်ဝတ်ပြပြီးကြော်ငြာတွေရိုက်ကူးနိုင်ခဲ့တဲ့မင်းသမီးချောပဲဖြစ်ပါတယ်။

 

 

၂၀၁၂ခုနှစ်မှာတော့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ဆုပေးပွဲအကယ်ဒမီဗန်းကိုင်အဖြစ် ပါဝင်ခဲ့ပြီး ၂၀၁၃ခုနှစ်မှာတော့ 8Days မှာရိုက်ကူးခဲ့တဲ့ Snap shotတစ်ပုံမှာ အကျီလည်ဟိုက်ပုံမျက်နှာဖုံးတစ်ပုံပါလာရာကနေ ပရိတ်သတ်တွေဝေဖန်တာကိုခံခဲ့ရပြီး photo model တစ်ယောက်အဖြစ်နဲ့ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပါတယ်။

 

 

သူမက အနုပညာအသိုင်းအဝိုင်းရှိတဲ့သူမဟုတ်ပဲ အပြင်လောကကနေအသိမိတ်ဆွေတွေကြောင့်ဝင်လာခဲ့တာကြောင့်ပြင်း ထန်တဲ့ဝေဖန်မှုတွေနဲ့ ညစ်ညစ်ညမ်းညမ်းပြောတာမျိူးတွေကို ခံနိုင်ရည်မရှိဘူးလို့ ပြောပြခဲ့ပါတယ်။ ရုတ်တရက်ကိုယ့်အ ကြောင်းကို သေချာမသိပဲ ဝေဖန်တာကိုမခံနိုင်ခဲ့တာကြောင့် ဒေါသနဲ့ပြောထွက်တဲ့ စ ကားတွေအတွက် အခုအချိန်မှာနောင်တရတယ်လို့ ဆိုပါတယ်။

 

 

အရင် scandal ဖြစ်ခဲ့တဲ့ကာလအားဖြင့်လည်း Facebook တွင်ကျယ်ခါစဖြစ်တာကြောင့် sensitive ဖြစ်နေခဲ့တာလည်း ပါမယ်ဆိုပြီး သူမကပြောပါတယ်။ သူမ အရင်ကခ န္ဓာကိုယ်ပြည့်ပြည့်လေးဖြစ်တာကြောင့် အခုအချိန်မှာတော့ ဝိတ်ချထားပြီး သွယ်ကျလှပတဲ့ခန္ဓာကိုယ်လေးကို ရရှိထားပါပြီ။

 

 

ယောကျားဆန်တတ်ပေမယ့် တစ်ခုခုဆိုတွေးပူတတ်တဲ့အကျင့်လည်းရှိပါတယ်တဲ့။

အရင်က စိတ်ဆတ်တတ်တဲ့အကျင့်တွေကိုလည်း လျှော့ပြီး ဝေဖန်မှုတွေကို အကောင်းဘက်ကနေ မြင်ပြီးတွေးကြည့်ဖို့ ကြိုးစားနေပါတယ်တဲ့။ သူမက ရှိနေတဲ့ နဂိုသွားတက်ပုံ စံကို မကြိုက်လို့ ပြုပြင်ခဲ့ပါသေးတယ်။ သူမက မြန်မာဝတ်စုံတွေ အဝတ်များတယ်ဆိုပေမယ့် ဖက်ရှင်ကျကျလည်းဝတ်တတ်ပါသေးတယ်။

 

 

သူမမှာ အရမ်းချစ်ရတဲ့ခွေးလေးတစ်ကောင်လည်းရှိပါသေးတယ်။ ပါပီလေးကို hello လို့နာမည်ပေးထားပြီး နိုင်ငံခြားသွားရင်အတူ ခေါ်သွားနိုင်ဖို့လည်းလေ့ကျင့်ထားပေးချင်ပါတယ်လို့ဆိုပါတယ်။

မင်းသမီးမြနှင်းရည်လွင်က အမျိူးသားဖြစ်သူဦးမျိူးလွင်နဲ့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလမှာလက်ထက်ခဲ့ပြီး ၂၀၂၀မှာကွာရှင်းခဲ့ပါတယ်။ ခင်ပွန်းဟောင်းဖြစ်သူနဲ့အတူရှိစဉ်တစ်လျှောက်မှာလည်း အနုပညာလုပ်ငန်းတွေကို ဆက်လုပ်ဖို့ အမြဲအားပေးခဲ့ပါတယ်တဲ့။

 

 

၂၀၁၆ခုနှစ်မှာတော့ စက်တင်ဘာလ၂၈ရက်မှာတော့ Designer ကောင်းမြတ်၊ Make up လင်းလင်း တို့ ဖန်တီးပေးတဲ့ Moda Magazine မှာ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်ရွှေမှုန်ရတီနဲ့ အတူရိုက်ကူးခဲ့ပါတယ်။ ၂၀၁၆ နှစ်ဆန်းပိုင်းမှာတော့ ဒါရိုက်တာအကယ်ဒမီ မီးပွားရိုက်ကူးတဲ့ ဧဒင်ရဲ့နတ်သမီးရုပ်ရှင်ဇာတ်ကားကြီးကို စိုင်းစိုင်းခမ်းလှိုင်၊ ပိုင်ဖြိုးသု၊ ဝင့်ယမုံလှိုင်၊ မေဂရေ့ပယ်ရီတို့နဲ့ ပထမဆုံးရုပ်ရှင်ကားကြီးကို ရိုက်ကူးခဲ့ပါတယ်။

 

 

မင်းသမီးက ဗီဒီယိုဇာတ်ကားတစ်ခုမဟုတ်ပဲ ရုပ်ရှင်ကားကြီးကို တန်းပြီးလက်ခံလိုက်ရတဲ့အတွက် သူမအနေနဲ့ စိုးရိမ်တာမျိူးတွေလည်းရှိခဲ့ပါတယ်တဲ့။ ရုပ်ရှင်လောကနဲ့ပက်သက်လို့ သင်တန်းတွေလည်းတက်ထားတာမျိူးမရှိပဲ ရင်းနှီးတဲ့မိတ်ဆွေတွေကနေမိတ်ဆက်ပေးလို့ ဧဒင်ရဲ့နတ်သမီးရုပ်ရှင်ဇာတ် ကားကြီးမှာ ရှေ့နေတစ်ယောက် ကာရိုက်တာကို လက်ခံခဲ့တာပဲဖြစ်ပါတယ်။

 

 

ပရိတ်သတ်ကိုတော့ ရုပ်ရှင်ရိုက်ကူးမှုအပြီး လေးနှစ်အကြာမှာချပြနိုင်ခဲ့တာဖြစ်ပြီး သူမရဲ့ မျက်နှာသွင်ပြင်နဲ့ အံဝင်ခွင်ကျလိုက်ဖက်တဲ့ နေရာဖြစ်တာကြောင့် ပရိတ်သတ်တွေက တကယ့်ရှေ့နေအစစ်တစ်ယောက်အလား ထင်ခဲ့ကြပါတယ်။ ပရိတ်သတ်တွေရဲ့ အား ပေးမှုတုန့်ပြန်သံတွေကို ကြားပြီးတဲ့တစ် လျှောက်မှာ သူမက အနုပညာအလုပ်တွေကို ပြန်လုပ်ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။

 

 

မင်းသမီးက သူမရဲ့ အပြင်ကပုံစံနဲ့မတူပဲ အနုအရွကောင်မလေးနေရာဇာတ်ရုပ်မျိူးကိုလည်း စိန်ခေါ်ကြည့်ချင်ပါသေးတယ်လို့ဆိုပါတယ်။ သူမသဘောကျရတဲ့ ဇာတ်ရုပ်ကတော့ စိတ်မာပြီးဘာမထီတဲ့သူမျိူးနေရာကို သဘောကျတယ်လို့ ဆိုပါတယ်။

၂၀၁၈ခုနှစ်မှာတော့ သူမရဲ့ television series တွေဖြစ်တဲ့ နွေကန္တာဦး၊ ကြမ္မာနွံ့၊ ဇနီးချောများကွန်ရက်၊ အဆိပ်သွေး၊ ဝင်္ကပါရှင်း တမ်း၊ တတိယမြောက်ဆုံမှတ်တို့ကို MRTV 4, Canal Channel တို့မှာရိုက်ကူးခဲ့ပါတယ်။

 

 

၂၀၁၉ခုနှစ်မှာတော့ အဆိပ်သွေး ၂၊ ငွေစ က္ကူ၇ရွက်၊ အခန်းနံပါတ်၊ မြင့်မိုရ်ဝှက်တဲ့ပု စ္ဆာ၊ လိပ်ပြာနှောင်ကြိုး၊ မာယာလှည့်ကွက် ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဆိပ်သွေးဇာတ်လမ်းတွဲမှာ ဗီလိန်နေရာကနေ ပါဝင်ခဲ့ပြီး အရင်ကနဲ့မတူ သူမရဲ့တစ်မူထူးခြားတဲ့သရုပ်ဆောင်နိုင်တာကိုတွေ့ရမှာပါ။

Crd

Leave a Reply

Your email address will not be published. Required fields are marked *