နာမည်ကြီး Streamer Caster K တစ်ယောက်ပျောက်နေတာ ဒါကြောင့်ကိုး BG ပွဲတွေနဲ့အတူ ပြန်မြင်ချင်လှပါပြီ

Unicode

ဆယ်လကျော်ကြာမြင့်လာပြီဖြစ်တဲ့ တော် လှန်ရေးကာလရှည်ကြီးမှာ ပြည်သူအားလုံးရော P.D.F လူငယ်တွေရော အင်တိုက်အား တိုက်ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

 

 

D Day ကြေငြာလိုက်သည့်နေ့ကစကာ တိုက် ပွဲတွေကလည်း ဆက်တိုက်ပြင်းထန်နေပြီး မြို့ပေါ်နေရာအနှံ့မှာလည်း ပေါ က်ကွဲမှုတွေနဲ့ တာဝါတိုင်ဖောက်ခွဲမှုတွေဖြစ်ပေါ်နေကာ တစ်ဖက်ကလည်း ပြင်းပြင်းထန်ထန် ပ စ်ခတ်နှိမ်နှင်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

 

 

P.D.F ရဲဘော်တွေအနေနဲ့လည်း တောထဲတောင်ထဲတွေမှာ ခက်ခက်ခဲခဲစစ်ပညာသင်ယူနေကြရပြီး လိုအပ်ချက်တွေအများအပြားရှိတာကြောင့် ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သရွေ့ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

 

 

၎င်း P.D.Fရဲဘော်တွေအနေနဲ့လည်း ပြည်သူတွေထောက်ပံ့ပေးတဲ့ ရိက္ခာတွေနဲ့ လောက်ငှအောင်စားသောက်ကြပြီး အရေးတော်ပုံကြီးအောင်မြင်ရေးအတွက် ကြိုးစားနေကြတာတွေ့ရပါတယ်။

 

 

P.D.F ရဲဘော်လေးတွေဟာ မိသားစုသံ ယောဇဉ်တွေ အကုန်ဖြတ်တောက်ကာတော်လှန် ရေးအတွက် ကြိုးစားနေကြတာဖြစ်ပြီအ ရေးတော်ပုံကြီးမှာ အသက်ပေးကြွေလွင့်သွားကြတဲ့ သူရဲကောင်းတွေအတွက် ပူဆွေးနေရတာကလည်း ကာလအတော်ကြာမြင့်ခဲ့ပါပြီ။

 

 

တော်လှန်ရေးအတွက် ယနေ့အချိန်ထိ တိုက် ပွဲဝင်နေကြသူတွေအထဲမှာ လူတန်းစားအ မျိုးမျိုးပါဝင်နေကြတာလည်း တွေ့ရပါတယ်။မတရားမှုကို ဆန့်ကျင်နေကြတဲ့ လူ ငယ်‌တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ Caster Kဟာ ဖေဖော်ဝါရီလကတည်းကစပြီး လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

 

 

အာဏာရှင်လူတစ်စုမှ ရက်စက်စွာ နှိမ်နှင်းခဲ့ပေမယ့်လည်း ကြောက်ရွံ့ခြင်းမရှိဘဲနေ့စဉ်လူထုလှုပ်ရှားမှုတွေမှာ ပါဝင်အားဖြည့်နေကြတာကို အားရဖွယ် မြင်တွေ့ခဲ့ရပါတယ်။

 

 

ပြည်သူတွေအတွက် ဝါသနာပါရာ gaming casterဘဝက‌‌ နေလ က်န.က်ကိုင်နေတဲ့ Caster Mတော့ P.D.F အဖွဲ့ဝင်အဖြစ် လွတ် မြောက်နယ်မြေကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဝါသနာပါရာကိုစွန့်လွှတ်ပြီး ပြည်သူတွေအတွက်ပေးဆပ်ကာ လွတ်မြောက်နယ် မြေတနေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

 

 

အမှန်တရားတစ်ခုအတွက် အိမ်ကိုမပြန်နိုင်သေးဘဲ ပန်းတိုင်ရောက်ဖို့ရှေ့ဆက်လျှောက်လှမ်းနေကြသူများစွာလည်း ရှိနေပါတယ်။

 

 

ဒါ့ကြောင့် ပြည်သူတွေအားလုံး ကိုယ်တတ် နိုင်တဲ့ဘက်ကနေ အရေးတော်ပုံအောင်ဖို့ ကြိုးစားပေးကြဖို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

ခရက်ဒစ်

Zawgyi


 

 


 

 


 

 


 

 


 

 


 

 


 

 


 

 

အမှန်တရားတစ်ခုအတွက် အိမ်ကိုမပြန်နိုင်သေးဘဲ ပန်းတိုင်ရောက်ဖို့ ရှေ့ဆက်လျှောက်လှမ်းနေကြသူများစွာလည်း ရှိနေပါတယ့်ကြောင့် ပြည်သူတွေအားလုံး ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အရေးတော်ပုံအောင်ဖို့ ကြိုးစားပေးကြဖို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *