ထိန်းသိမ်းရခတ်ခဲပြီး စိတ်ဆတ်တက်တဲ့ ခက်ရွတ်ရွတ် ကလေးတွေကို လိမ္မာသွားစေမယ့် နည်းလမ်း (၈) ခု

ဆတ်ဆတ်ထိမခံ ခပ်စွာစွာ ကလေးတွေကို လိမ္မာသွားစေမယ့် နည်းလမ်း (၈) ခု

 

 

ကလေးတချို့က ငယ်ရွယ်စဉ်မှာ ဆတ် ဆတ်ထိမခံ စွာတတ်ကြပါတယ်။ ငယ်ရွယ်စဉ်မှာ သိပ်ပြီးတော့ ကိစ္စမရှိပေမယ့် အ သက်ကြီးလာတဲ့အထိ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ ဆတ်ဆတ်ထိမခံဖြစ်နေရင် အဆင်မပြေပါဘူး။ အဲဒါကြောင့် ဆတ်ဆတ်ထိမခံတဲ့ ခပ်စွာစွာကလေးလေးတွေကိုဘယ် လိုပြောပြရမလဲဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

 

 

၁။ ကြင်ကြင်နာနာ ဆက်ဆံပါ။

သင့်ကလေးက လူကြားထဲမှာ ဂျီကျနေရင် ကလေးကို မဆူသင့်ပါဘူး။ ကလေးရဲ့ဘေးမှာ ထိုင်ပြီး ဂျီကျရတဲ့ အကြောင်းရင်းကို သေချာမေးပါ။ ပြဿနာရဲ့ အဖြေကို မြန်မြန် မပေးလိုက်ပါနဲ့။ နောက်ပြီး လူကြားထဲ ရောက်တဲ့အခါ စိတ်ခံစားကို ဘယ်လိုထိန် းချုပ်ရမလဲ ဆိုတာ ကြင်ကြင်နာနာ သင်ပြပေးပါ။

 

 

၂။ အဆင်ပြေကြောင်းပြောပြပါ။

ကလေးတွေက လူကြားထဲမှာ ငိုယိုအော်ဟစ်နေရင် လူကြီးတွေက တစ်နေရာရာကို ခေါ်ပြီး ဆူတတ်ကြပါတယ်။ အဲဒီအခါ ကလေးတွေရဲ့ခံစားချက်က အရေးမကြီးဘူးလို့ သူတို့စိတ်ထဲမှာ ဖြစ်သွားပါတယ်။ အဲဒါကြောင့် ကလေးတွေရဲ့ ခံစားချက်ကို အသိအမှတ် ပြုပေးပြီး အဆင်ပြေကြောင်း ရှင်းပြပါ။

 

 

၃။ ရွေးချယ်စရာ နည်းလမ်းတွေကို အကြံပေးပါ။

ခပ်စွာစွာ ကလေးတွေက တခြားကလေးတွေကို အနိုင်ယူတတ်ကြပါတယ်။ အဲဒီအခါ ကြာလာရင် စွာပြီး အနိုင်ကျင့်တဲ့ကလေးနဲ့ ဘယ်သူမှ ဆော့ချင်တော့မှာ မဟုတ်ပါဘူး။

 

 

“သားကို သူများက ဒီလိုလုပ်သွားရင် သားဘယ်လို ခံစားရမလဲ” စသဖြင့် ကိုယ်ချင်းစာတတ်အောင် သင်ပေးလို့ရပါတယ်။ က လေးအချင်းချင်း ရန်ဖြစ်တော့မယ် ဆိုရင် ရှောင်ထွက်လာလို့ ရကြောင်း၊ စိတ်တည်ငြိမ်သွားအောင် အသက်ဝဝရှူပြီး ၁၀ အထိ ရေလို့ရကြောင်း ပြောပြပေးပါ။

 

 

၄။ စိတ်ရှည်ရှည်ထားပြီး ကလေးရဲ့ကိုယ်ပိုင်အချိန်ပေးပါ။

စိတ်ဆတ်တဲ့ ကလေးတွေက တစ်ယောက် တည်း နေရတာကို ပိုကြိုက်ပါတယ်။ အဲဒါကြောင့် သူ့စိတ်ကြိုက် စာဖတ်လို့ရအောင်၊ ကစားလို့ရအောင် ကိုယ်ပိုင်အချိန်ပေးသင့်ပါတယ်။

 

 

၅။ ကြောက်စိတ်တွေ ပျောက်အောင် ကူညီပေးပါ။

ကလေးကြောက်တဲ့ အရာတွေကို ရဲရဲရင်ဆိုင် ခိုင်းတာက ကြောက်စိတ်ဖျောက်နည်း တစ်ခုပါပဲ။ ဒါပေမယ့် မိဘတွေအနေနဲ့ စိတ်ရှည်ဖို့တော့ လိုအပ်ပါတယ်။

 

 

မှန်ကန်တဲ့ နည်းလမ်းကို အသုံးပြုတဲ့အခါ ကလေးတွေရဲ့ကြောက် စိတ်က ပျောက်သွားပါတယ်။ ဒါပေမယ့် သူတို့ အမှားလုပ်ထားလို့ ဒဏ်ပေးတဲ့အနေနဲ့ ကြောက်တဲ့အရာတွေကို ထိတွေ့ခိုင်းတယ်လို့ ကလေးတွေစိတ်ထဲ မခံစားမိဖို့တော့ အ ရေးကြီးပါတယ်။

 

 

၆။ အိမ်မွေးတိရစ္ဆာန်

ဆတ်ဆတ်ကြဲ ကလေးတွေအတွက် အိမ်မွေးတိရစ္ဆာန်လေးတွေက အကောင်းဆုံး သူ ငယ်ချင်းတွေပါ။ ခွေးလေးတွေ၊ ကြောင်လေးတွေ မွေးထားတဲ့အခါ သူတို့ရဲ့စိတ်တွေလည်း နူးညံ့လာပြီး ကြင်နာလာတတ်ပါတယ်။

 

 

၇။ သင့်အိမ်မှာ ကလေးအတွက် သီးသန့်နေရာကို ဖန်တီးပေးပါ။

ဆတ်ဆတ်ထိမခံတဲ့ ကလေးတွေက ပတ် ဝန်းကျင်ကို ပိုမိုသဘောပေါက် နားလည်လွယ်ပါတယ်။ သင့်အိမ်မှာ ကလေးအတွက် သီးသန့်နေရာလေးတွေ လုပ်ထားပေး သင့်ပါတယ်။ အဲဒီနေရာကို သူစိတ်ရှုပ်လာတဲ့ အခါ တိုင်း အနားယူတဲ့အနေနဲ့ အသုံးပြုနိုင်ပါတယ်။

 

 

၈။ သင့်ရဲ့ စည်းကမ်းတွေကို ညင်ညင်သာသာ ရှင်းပြပါ။

သင့်ကလေးက စွာနေလို့ သူ့အတွက် စည်း ကမ်းသီးသန့် ချမှတ်ထားတာမျိုးက အဆင်မပြေပါဘူး။ အဲဒါကြောင့် သင့်အိမ်မှာ လူတိုင်း လိုက်နာရမယ့်စည်းကမ်းတွေကို ပြောပြပါ။ အဲဒီအခါ ကလေးအတွက် တရားမျှတသလို သူလည်း လိုက်နာသွားနိုင်ပါတယ်။

Zombie (lovemedia)

Leave a Reply

Your email address will not be published. Required fields are marked *