” တံခါးမှူးဒတ္ထ.နှင့် ကျားမာယာ”..မှသည် “ရာဝဏ”….သို့တိုင် (သဘင်လောကရဲ့ မှတ်တိုင်များစွာ စိုက်ထူခဲ့သော ဉီးဝင်ဗိုလ် သို့တမ်းတခြင်း)

Unicode

” တံခါးမှူးဒတ္ထ.နှင့် ကျားမာယာ”..မှသည် “ရာဝဏ”….သို့တိုင် (သဘင်လောကရဲ့ မှတ် တိုင်များစွာ စိုက်ထူခဲ့သော ဉီးဝင်ဗိုလ် သို့တမ်းတခြင်း

 

 

ကျွန်တော်”ဝင်းဗိုလ်” ဇာတ်ရုံအတွင်းကကြို ဆိုပါသည်မင်္ဂလာရှိသောညမှာ*တွေ့ဆုံရတာဝမ်းသာမဆုံးပါသည်

 

 

မြန်မာ့ဇာတ်သဘင်သမိုင်းမှာလှည်းနေလှေအောင်းမြင်းဇောင်းမကျန်မသိသူမရှိတဲ့ဂန္ထဝင်ဇာတ်အဖွဲ့ကြီးတဖွဲ့ကိုပြပါဆိုရင်အရင်ဆုံး *ရွှေမန်းတင်မောင်* ဇာတ်အဖွဲ့ကြီးကိုပြေးမြင်ကြမှာမလွဲပါဘဲ

 

 

ရွှေမန်းတင်မောင်ဇာတ်အဖွဲ့ကို 1932 ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တယ်။ 1969 ခုနှစ်မှာတော့ ရွှေမန်းဦးတင်မောင်ကွယ်လွန်သွားရှာပါတယ်။ ရွှေမန်းတင်မောင်ဇာတ်အဖွဲ့မှရွှေမန်းသဘင်ဇာတ်အဖွဲ့ရယ်လို့ပြောင်းလည်းမှည့်ခေါ်ပြီးခေတ်အဆက် ဆက်ကိုဖြတ် သန်းလာခဲ့တာယနေ့ထိတိုင်ပါဘဲ။

 

 

တကယ်တော့ ရွှေမန်းသဘင်ခုလို နှစ်ပေါင်းများစွာတည်တန့်နိုင်ခြင်းရဲ့အဓိကကျသောပထမဦးဆောင်သူဟာရွှေမန်းကိုဝင်းဗိုလ်ပါဘဲ။ ကိုဝင်းဗိုလ်ဟာညီငယ်များဖြစ်ကြတဲ့ကိုဆန်းဝင်း ကိုဝင်းမောင် ကိုချမ်းသာ ထိုမှတဆင့် သားများ တူများယနေ့မင်းရွှေရောင်တင် ( ပူတူး) လက်ထက်ထိ ဆန်းစစ်ကြည့်သော်ရွှေမန်းသဘင်၏သက်တန်းသည် 89 နှစ်သို့တိုင်ခဲ့ပေပြီ။

 

 

ဒါဂျီလင်ကျောင်းသား…..ဝင်းဗိုလ်

ရုပ်ရှင်မင်းသား……ဝင်းဗိုလ်

ဇာတ်မင်းသား ….ဝင်းဗိုလ်

 

 

ပရိတ်သတ်တွေအံ့သြယူရလောက်အောင်ကြိုးစားခဲ့တဲ့ဖခင်ကြီးကခဲ့တဲ့”လက်ဝဲသုန္ဒရ “အပါအဝင်နောက်ပိုင်းဇာတ်တော်ကြီးများ

“တံခါမှုးဒတ္ထ”လိုအော်ပရာများ

စက်စက်ယိုအောင်လှခဲ့ကခဲ့တဲ့”ကျား

မာယာ”…

အခန်းနားဆုံးတင်ဆက်သွားတဲ့ဆရာချစ်ဦး

ညို

ရဲ့”လင်္ကာဒီပချစ်သူ” ..မှ”ရာဝဏ.”…

ဒါတွေဒါတွေနဲ့သူ သမိုင်းတွင်ခဲ့တယ်မဟုတ်

ပါလား …

ကိုဝင်းဗိုလ်ကတော့ 11. 1. 2016.

ခုနှစ်မှာကွယ်လွန်သွားခဲ့ပါပြီ

 

 

သူ့ရဲ့သမိုင်းကိုမှတ်ကျောက်တင်ရန်အတွက်ညီငယ်များဖြစ်ကြတဲ့ရွှေမန်းဝင်းမောင်ရွှေမန်းချမ်းသာတို့နဲ့ထိုနေ့ကကျွန်မတွေ့ဆုံခဲ့ပါတယ်။

 

 

ကိုဝင်းမောင်နဲ့ကိုချမ်းသာဟာချစ်လှစွာသောသူတို့ရဲ့အကို ..ကျေးဇူးရှင်ကိုဝင်းဗိုလ်နဲ့ပါတ်သက်သ မျှတွေကို လွမ်းရင်း မောရင်း ပြောရင်း နှမြှောရင်း..

တခါတရံဆို့နင့်စွာ*

တခါတရံကြေကွဲစွာ*

တခါတရံလွမ်းဆွတ်စွာ*

တခါတရံကြည်နူးစွာ*…ရသစုံကိုဖွင့်ဟခဲ့ကြသည့် အတွက် ကျွန်မစာရေးသူတယောက်အနေနဲ့ရော တချိန်ကရွှေမန်းသဘင်ရဲ့မင် းသမီးဟောင်းတ ယောက်အနေနဲ့ရော ကျေ းဇူးတင်စွာဂါရဝပြုပါသည်။

 

 

ဘဝစုံရသစုံဖြတ်သန်းခဲ့သောကိုဝင်းဗိုလ် ၏ဘဝနှင့်အနုပညာများကို ရေးသားဖော် ထုတ်ရန်ကြိုးစားခြင်းအတွက် ရွှေမန်းကိုဝင်းဗိုလ်အားရိုသေစွာလက်အုပ်ချီ၍ခွင့်တောင်းပါသည်။

ခွင့်ပြုပေးပါ….

ကောင်းကင်ဘုံမှ

အကိုဆရာရှင့် 😥”

Crd မူရင်းရေးသားသူ

Zawgyi


 

 


 

 


 

 


 

 


 

 




 

 




ယာ”…


ညို



တ်ပါလား …



 

 


 

 


တခါတရံဆို့နင့်စွာ*

တခါတရံကြေကွဲစွာ*

တခါတရံလွမ်းဆွတ်စွာ*


 

 


ခွင့်ပြုပေးပါ….

ကောင်းကင်ဘုံမှ

အကိုဆရာရှင့် 😥”

Crd မူရင်းရေးသားသူ

Leave a Reply

Your email address will not be published. Required fields are marked *