တော်လှန်ရေးအတွက်ပေးဆပ်ရင်း အိမ်နဲ့ဝေးနေကြတဲ့ သူရဲကောင်းအားလုံးအတွက် “ပြန်လာမယ်မေမေ” သီချင်းဖန်တီးခဲ့တဲ့ R ဇာနည်(အမေချစ်သားများ ဘေးကင်းကြပါစေ)

Unicode

တော်လှန်ရေးအတွက်ပေးဆပ်ရင်း အိမ်နဲ့ဝေးနေကြတဲ့ သူရဲကောင်းအားလုံးအတွက် “ပြန်လာမယ်မေမေ” သီချင်းဖန်တီးခဲ့တဲ့ R ဇာနည်

 

 

နိုင်ငံကျော် အဆိုတော် R ဇာနည် ကတော့ ပ ရိ သတ်တွေရဲ့ နှလုံးသားကို အစဉ်ထာဝရ ပိုင်ဆိုင်ထားနိုင်သူ အဆိုတော်တစ်ယောက်ပါပဲ။ လက်ရှိမြန်မာ့နိုင်ငံရေးအရှုပ်အထွေးတွေမှာလည်း R ဇာ နည်ဟာ တရားသောဓမ္မဘက်ကနေ ရပ်တည်ပြီး ပြည်သူတွေဘက်ကနေ ရဲရဲဝံ့ဝံ့ရှိနေခဲ့တာပဲဖြစ်ပါတယ်။

 

 

လက်ရှိမှာလည်း ပြည်သူတွေနဲ့တစ်သား တည်းရပ်တည်နေလျက်ရှိတဲ့ R ဇာနည်က သူကျွမ်းကျင်တဲ့ အနုပညာနဲ့ ပြည်သူတွေအ တွက် ရန်ပုံငွေရှာ ဖွေပေးနေလျက်ရှိတာပဲဖြစ်ပါတယ်။

 

 

ဒီတစ်ခေါက်မှာလည်း R ဇာနည်က သူရဲ ကောင်းအားလုံးအတွက် သီချင်းသစ်တစ်ပုဒ်ဖန်တီးပေးဖြစ်ခဲ့ကြောင်း “”နောက်ဆုံးဖြစ်ရမယ် ”ဆိုတဲ့သီချင်းကို ဒီဇင်ဘာ (၁၀) ရက်နေ့ အသံတိတ်သပိတ် မှာ ဖြန့်ချီခဲ့ပါတယ်။ ဒီတခေါက်မှာတော့ ”ပြန်လာမယ်မေမေ” ဆိုတဲ့သီချင်း ကို တော်လှန် ရေးအ တွက်ပေးဆပ်ရင်း အိမ်နဲ့ဝေးနေကြတဲ့ သူရဲ ကောင်းအားလုံးအတွက် ခရစ္စမတ်အမှီ ခွန် အားပေးလိုက်ပါတယ်။

 

 

C2D ရဲ့ထုံးစံအတိုင်း ရရှိငွေတွေကို တော် လှန်ရေးတပ်သားတွေအတွက်အသုံးပြုမှာဖြစ်လို့ သီချင်းလေး နားထောင်ရင်း အားပေးလိုက်ရအောင်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက် နှာမှာပြောလာပါတယ်။

 

 

ရန်ပုံငွေအတွက် Latt Thone Chaung Page ကနေ ဖြန့်ချီထားတာဖြစ်လို့ တင်ထားတဲ့ Lyrics Video ကို C2D က တင်ထားတဲ့ link ကနေပဲ ကြည့်ရှုမှ အလှူရန်ပုံငွေထဲပါဝင်မှာမို့လို့ ပရိသတ်ကြီးအ တွက် R ဇာနည်တင်ထားတဲ့ မူရင်း Link လေးကိုပဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: R ZAR NI’s fb

Crd to Myanmar Celebrities

Zawgyi


 

 


 

 


 

 


 

 


 

 


Source: R ZAR NI’s fb


Leave a Reply

Your email address will not be published. Required fields are marked *