“တောရွာစပါးခင်း” များထဲမှ ဟောလိဝုဒ်ထိ တက်လာခဲ့သော တိုင်းရင်းသားတစ်ဦး(သို့) ဝမ်းဘတ် မင်းသား အကြောင်း

”အောင်မြင်မူဆို လွယ်လွယ်ကူကူလုပ်လိုရတဲ့ အရာမဟုတ်ဘူးဆိုတာက ကျတော်တိုယုံကြည်နေသ၍ ရှုးနိမ့်ခြင်းနဲ့အခက်အခဲတွေဟာ သေသွားလိမ့်မယ်။ “ Tony jaa

 

 


အချိန်အားဖြင့် ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ ထိုင်းနိုင်ငံမှာ အိစံလူမျိုးလေးတယောက်ကို မွေးဖွားခဲ့ပါတယ်။

အီစံပေမယ့် တိုးတက်တဲ့နေရာကတော့ မ ဟုတ်ဘူး။ ကျန်းမာရေးဆေးပေးခန်းတွေနည်း စာသင်ကျောင်းတနည်းတဲ့ နေရာတခုကပါ။

သူမွေးဖွားခဲ့တဲ့နေရာက စူရင်မြိုနယ် အီစံလူမျိုးစု ထိုင်းနိုင်ငံပါ။သာမာန်မိသားစုကဖြစ်တဲ့ သူကဦးလေးနဲ့ ရွာထဲကလူကြီးတချိုကြောင့်ငယ်စဉထဲက မွေထိုင်းလက်ဝှေ့ကို သင်ခွင့်ရခဲ့ပြီး ၈ နှစ်သားကတည်းက ၄ ပေအမြင့်ကအရာဝတ္ထုတွေကို ကန်နိုင်တဲ့အထိ တော်ခဲ့တဲ့ကလေးတယောက်ပါ။

 

 


ပညာရေးထက် လက်ဝှေ့ကိုပဲစိတ်ဝင်စားခဲ့တဲ့ ဒီကလေးဟာ မွေထိုင်းစိတ်ဝင်စားတတ်ခဲ့ပါတယ်။ ငယ်စဉ်ထဲက လေ့ကျင့်သင်ယူခဲ့ပြီး သူအပျော်ဆုံးအချိန်က ရွာက TV ရှိတဲ့အိမ်မှာ TV သွားကြည့်ရတဲ့အချိန်ပေါ့။ ဘရုစ်လီ၊ ဂျက်ကီချမ်း၊ ဂျက်လီတိုဟာသူ့ဘဝရဲ့အရူးသွပ်ဆုံး Hero တွေဖြစ်ခဲ့ပြီး ထိုအချိန်ထဲကသရုပ်ဆောငပညာကို စိတ်ဝင်စားခဲ့ပါတယ်။

ဒါပေမယ့် ဒီတောသားလေးအဖို မင်းသားဖြစ်နိုင်လောက်တဲ့လမ်းစကအလှမ်းဝေးလန်း အားကြီးခဲ့ပါတယ်။ အလယ်တန်းကျောင်းသားဘဝမှာတော့ မြိုနယ်ပေါင်းစုံမွေထိုင်းပြိုင်ပွဲတွေထိုင်းဘုရင်မွေးနေ့ အ ထိမ်းအမှတ်လက်ဝှေ့ပြိုင်ပွဲတွေမှာ သူဝင်ပြင်ခဲ့ပါပြီ။ ထူးထူးခြားခြားပဲ ဒီကလေးဟာ နှစ်တိုင်းအံ့အားသင့်စရာ ထိုးကွက်တနဲ့ လူပြောများလာခဲ့တယ်။

 

 

သူဒီလိုလက်ဝှေ့ပညာကို ကျွမ်းကျင်လာဖို ပြိုင်ပွဲတွေထိုးသတ်ဖိုအထိ ဖခင်ကမထင်ထားခဲ့သလို ခွင့်လဲမပြုခဲ့ပါဘူး။ ဘာကြောင့်ခုလို လူသတ်ကွင်းကြိုးဝိုင်းထဲ ဒီကလေးရောက်သွားရလဆို သူ့သူငယ်ချင်းကြောင့်ပါပဲ။ သူနဲ့ငယ်စဉ်ထဲက ညီကိုလိုခင်ခဲ့လက်ဝှေ့အတူကျင့်ခဲ့တဲ့ တရွာထသားချီလာဟာ မိခင်ကျန်းမာရေးကြောင့် တရားမဝင်လက် ဝှေ့ပွဲဝင်ထိုးရင်း ငွေရှာရာက ခြေထောက်အ ချိုးခံလိုက်ရမူက သူ့ကိုနာကျည်းစေခဲ့တာပါပဲ။

သူဝင်ပြိုင်တယ် ဖခင်နဲ့အကြီးအကျယ် ပြသနာဖြစ်တယ်။ကျောင်းထုတ်လိုက်ပြီး ရွာကဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ပိုလက်တယ်။ ဒါပေမယ့်မရဘူး ဖခင်ရဲ့လယ် ကွင်းထဲ ကျောင်းနားရက်တွေ စပါးစိကကူရင်း အားတဲ့အချိနလက်ဝှေ့ကျင့်တယ်။


 

 


သူဒီဘုန်းကြီးကျောင်းကသင်ခဲ့ရတဲ့မွေထိုင်းပညာတွေထဲလူ ၁၀၀၀မှာတယောက်သင်ဖိုခက်ခဲပြီး အန္တရယ်များတဲ့ပညာရပ် ၃ခုပါခဲ့တယ်။ ဒါတွေက physical inmost ပညာရပ်တွေပါပဲ။ ဒီအထဲမှာ တချက်အကန်ခံရရုံနဲ့ အသက်ပျောက်နိုင်တဲ့ Competition ကန်ချက်လဲ ပါဝင်ခဲ့ပါတယ်။

Competition Kick တွေဟာ မခုခံနိုင်ရင် တန် းသေတတ်တဲ့အထိ ပြင်းထန်သလို တော်ရုံလေ့ကျင့်မူနဲ့ မရနိုင်တဲ့ မွေထိုင်းနဲ့ မြန်မာ့ရို းရာ လက်ဝှေ့ကန်ချက်တွေထဲလည်း ပါဝင်တဲ့ကန်ချက်တွပါ။

အထက်တန်း ကျောင်းသားဘဝမှာတော့ သူဟာတကယ့် တန်းဝင်တဲ့ လကဝှေ့ပွဲတွေကို ထိုးဖိစိတ်ဝင်စားသွားခဲ့ပါပြီ။အသက် ၁၅ နှစ်သာရှိသေးတာကြောင့် ဘုန်းကြီးကခွင့်မပြုခဲ့သလို ဖခင်ကလဲကြေကွဲခရပါတယ်။

ပညာရေးကိုပဲ ပြီးဆုံးအောင်သင်စေချင်တဲ့အတွက် သူ့ကိုဖခင်ကချော့တခါခြောက်တလှည့် ပြောခဲ့ရတယ်။ ဒီလိုနဲ့တရက် သူတိုရွာကို မြိုကရိုက်ကူးရေးအဖွဲတခု ရောက်လာတယ်။ ထိုအချိန်သူတိုရွာမှာလဲ လက်ဝှေ့ပွဲကျင်းပနေချိန်ပေါ့။

သူ့ကိုတွေ့သွားတာကတော့ ထိုင်းအက်ရှင်ဒါရိုက်တာကြီး Panna Rittikrai ပါပဲ။ သူအံ့သြသွားတယ်။ ဒီကလေးကသူရိုက်ကူးနေ ကျ ရုပ်ရှင်ကားတွေထဲက စတန့်မင်းသားတွေထက်တောင်တော်နေတာကြောင့် ဒီက လေးကို သူမြိုကိုခေါ်သွားပြီးရုပ်ရှင်ပညာ သင်ပေးဖိဆုံးဖြတ်လိုက်တယ်။

အဲ့ကလေးကတော့ တခြားသူမဟုတ်ဘူး နောင်တချိန်မှ ာထိုင်းနိုင်ငံကနေ ကမ္ဘာ့ No.5 အက်ရှင်မင်းသားအဖြစ် ကမ္ဘာကျော်မင်း သားတဦးဖြစ်လာမယ့် ကျတော်တိုအားလုံးသိကြတဲ့ ဝမ်းဘတ်လိုခေါ်တဲ့ Tony Jaa ပါပဲ။

 

 

” ပထမဆုံးကျတော်တိုဆုပ်ကိုင်ခွင့်ရမှာကအိမ်မက်တွေပါ။ဒီအိမ်မက်တွေကပင်ပန်းလိုမလုပ်ချင်လိုလွှတ်ချလိုက်မယ်ဆိုကျတော်တိုခပ်ညံ့ညံ့လူပဲဖြစ်သွားလိမ့်မယ်။

” Tony jaa

 

 

Panna Rittikrai ဟာ Tony Jaaကို မြိုပေါ်ခေါ်သွားတော့အထက်တန်းကျောင်းသားနောက် ဆုံးနှစ်ပဲရှိပါသေးတယ်။ဖခင်ဖြစ်သူကမထည့်ချင်ပေမယ့်သားဖြစ်သူဒီလက်ဝှေ့လောကထဲမဝင်သွားဖိုဒီတလမ်းပဲရှိတော့တယ်။ဒါပေမယ့် Tony ဟာ Panna Rittikraiနဲ့လိုက်သွားခဲ့ပြီးအထက်တန်းအောင်အောင်ချင်းပဲအီစံပြည်နယ်ရဲ့နာ မည်ကြီးကောလိပ်

Maha Sarakham College မှာ Physicalမေဂျာကိုထပ်မံတက်ခွင့်ရခဲ့ပါတယ်။ ဒီကျောင်းက အရှေ့တောင် ထိုင်းဒေသမှာ အကြီးဆုံးဖြစ်ပြီးကျောင်းသားဦးရေ၃သောင်းကျော်တက်ရောက်တဲ့ကျောင်းကြီးပါ။ဒီကျောင်းကလက်ဝှေ့အသင်းဟာလည်းနိုင်ငံဂုဏ်ဆောင်အားကစားသမားတွေထွက်ခဲ့ပြီး fighterတွေတော်တော်များတဲ့ကျောင်းပေါ့။

Tony ဒီကိုစရောက် ရောက်ချင်းပဲ ၁၂ ယောက်တယောက်ချပွဲနဲ့ဒီဘဲလေးကကျောင်းမှာနာမည်ကြီးသွားတယ်။ဒီလို case ကရုပ်ရှင်မင်းသားထဲ IP manကြီးစား သောက်ဆိုင်မှာအုပ်စုလိုက်နဲ့တယောက်ချပြီးအုပ်စုလိုက်ဆေးရုံပိုလိုက်ရတဲ့ case တစ်ခုပဲရှိသေးတယ်။ဒါကမင်းသားမဖြစ်ခင်ထဲကတကယ်တတ်တကယ်လေ့ကျင့်ထားခဲ့တဲ့သူတွေဆိုတာကိုပြသမူတခုပါပဲ။

ဒါနဲ့တင်မပြီးဘူး Tony ဟာ ဒီကောလိပ်ကနေတဆင့်မွေထိုင်းလက်ဝှေ့ပြိုင် ပွဲကြီးကိုတက်ပြိုင်ခဲ့ပြီး ရှုးပွဲမရှိ ၅အုပ်စုနိုင်ခဲ့သူပါ။ထူ းခြားမူကတော့ Tony ဟာ အဲဒီအချိန်ထိထိုင်းစကားကိုသေချာမတတ်သူပါ။မြန်မာမှာဆိုတိုင်းရင်းသားစကားပဲတတ်ပြီး အများသုံးဗမာစကားမတတ်သလို ပါပဲ။

“ဆုတောင်းတိုင်းသာအရာရာအဆင်ပြေမယ်ဆို ကျတော် ဆယ်ကျော်သက်ဘဝထဲကနာမည်ကြီးမင်းသားတယောက်ဖြစ် နေလောက်ပြီ။ ”

Tony Jaa

တချိုBlogsတွေမှာTonyဟာ ၁၄နှစ်သားထဲက စတန့်သမားတယောက်အဖြစ်ထိုင်းမှာနာမည်ကြီးခဲ့တယ်လိုရေးသားမူတွေဖတ်ရတယ်။interviewဖြစ်တဲ့ retro Crush interview မှာတော့ Tony ဟာ၁၅ နှစ်ကျော်မှ Panna Rittikrai ရဲ့ပံ့ပိုးမူနဲ့တချိုကားလေးတွေမှာပဲအစားထိုးစတန့်အဖြစ်ပါခဲ့သူပါ။

 

 

ကောလိပ် တက်ရင်းTonyဟာ ၄နှစ်လောက် Panna ရဲ့သင်ကြားပံ့ပိုးမူနဲ့မွေထိုးနဲ့သရုပ် ဆောင်ပညာကိုသင်ယူခဲ့ပါတယ်။ဒီကြားထဲကြိုကြားကြိုစားလူစားထိုးစတန့်များသာပါခွင့်ရခဲ့ပြီးအသက်၂၀ကျော်ထိဘာကားမှမရိုက်ခဲ့ရပါဘူး။

ဒီလိုနဲ့short film လေးတစ်ခုထိုင်းရုပ်သံလိုင်းမှာပြသခဲ့မူကTony ကိုထိုင်းရုပ်ရှင်လောကကအံ့အားသင့်စေခဲ့တဲ့အက်ရှင်သ ရုပ်ဆောင်လေးတဦးဖြစ်သွားခဲ့စေတာပါပဲ။

ဒီ short film ကြောင့်ပဲTony ဟာ၁၉၉၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Spirited Killerကားမှာ စတင်ပါဝင်ခွင့်ရခဲ့တာပါပဲ။ ဒီshort film အတိုလေ းကိုကြည့်ရူမိလိုက်သူတွေထဲဒါရိုက်တာကြီးတယောက်လဲပါဝင်ခဲ့တယ်။

သူကတော့နောင် တချိန်မှာ Tony ကို Ong Bak ဆိုတဲ့နာမည်နဲ့ ကမ္ဘာကျော်အောင်မြေတောင်မြှောက် ရိုက်ကူးပေးလာမယ့်ဝမ်းဘတ်ကားဒါရိုက်တာကြီး Prachya Pinkaew ပါပဲ။ဒါပေမယ့်သူကတန်းမခေါ်ခဲ့ပါဘူး။

Tonyဟာရုပ်ရှင်လောကထဲမအူမလည်နဲ့ ဗီ ဒီယိုကားသာသာ ၄ ၅ ကားနဲ့ ၉နှစ်လောက်တိုင်ပတ်နေခဲ့ပါသေးတယ်။ ရုပ်ကလဲမချောတဲ့အပြင်ဆုံးထိုင်းရုပ်ရှင်လောကထဲကတန်းဝင်မင်းသားတွေလိုသရုပ်ဆောင်ပညာကလည်းထင်သလောက်မရှိတဲ့အတွက်ဘာမွေထိုင်းပဲတတ်တတ်သူနေရာမရခဲ့ပါဘူး။

”ကျတော်ဒီလောကထဲစဝင်တော့သိမ်ငယ်စ ရာတွေသူများထက်ပို များတယ်။အထူးသ ဖြင့်ရုပ်ရည် အရပ်အမောင်းပေါ့။ဒါပေမယ့်ကျတော်ကိုယ့်ကိုယ်ကိုယ်တခါမှမသိမ်ငယ်ခဲ့ဘူး။သိပ်ငယ်မူကကျရှုးမူကိုဦးဆောင်စေတယ်။”Tony Jaa

၂နှစ်လောက်အချိန်ယူခဲ့ပြီးပြင်ဆင်ရိုက်ကူးခဲ့တဲ့ထိုင်းကားတကား။ကျတော်တို အလယ် တန်းအရွယ်မှာတရုတ်ဆို ဂျက်ကီချမ်း ဂျက်လီ Hollywoodဆိုအာနိုးရမ်ဘိုစသဖြင့်ပဲနိုင် ငံခြားရုပ်ရှင်ကိုရင်းနှီးခဲ့တယ်။ဒီအထဲမှာထိုင်းရုပ်ရှင်ကားတွေပါဖိုထားကိုယ်တွေနိုင် ငံနဲ့ရုပ်ရှင်လောကထဲထိုင်းကားတွေဟာသိပ်မစီးဝင် စိတ်ဝင်စားစရာသိပ်မပေးနိုင်သေးဘူး။

 

 

Tony ကလည်း Nuk leng klong yaoကားရိုက်ပြီး၂နှစ်လောက်ဘာကားမှမရိုက်ရချိန်။

Nuk leng klong yao ကလည်းသာမာန်ဗီဒီယိုကားသာသာဆိုတော့သူမင်းသားထဲအောက် တန်းကမင်းသားအဆင့်ပဲရှိသေးတယ်။

BaaRam-eweထုတ်လုပ်ရေးကဒီဝမ်းဘတ်ကားကို၂၀၀၂ခုနှစ်စထဲကတခြားအက်ရှင်မင်းသားတဦးနဲ့ ၂ပတ်လောက်ရိုက်ခဲ့သေးတယ်။မင်းသားဖြစ်သူထိခိုက်ဒဏ်ရာရပြီးနောက်ပိုင်းအက်ရှင်စတန့်ခန်းတွေကပိုဆိုးလာမှာကြောင့်ဒီကားကိုနားခဲ့တယ်။ဒီကားကမွေထိုင်းကိုကမ္ဘာတခွင်Promote လုပ်ချင်တဲ့ BaaRam-eweထုတ်လုပ်ရေးရဲ့အရင် းအနှီးဒေါ်လာတစ်သန်းထိရင်းမယ့်ကားဖြစ်နေတယ်။

 

 

ဒါရိုက်တာ Prachya Pinkaewကဒီကားကိုသူတချိန်ကတွေ့ထားတဲ့ကောင်လေးတဦးကိုပြန်သတိရသွားတယ်။သူကတော့Tonyပါပဲ။Tonyဟာဝမ်းဘတ်ကိုရိုက်ဖိုပြင်ဆင်မူမျာ းစွာလုပ်ခဲ့ရသလိုဒီကားဟာထိုင်းရုပ်ရှင်ကိုကမ္ဘာထိတိုးဖိုစတင်လုပ်လာတဲ့ လက်နက် ကြီးတခုပါပဲ။အစိုးရကလဲဒီဝမ်းဘတ်ကိုရိုက်ရာမှာတချိုသဘောတူညီမူတွေကိုဖွင့်ပေးခဲ့တယ်။ထူးခြားမူကဒီကားကိုထိုင်းဘု ရင်ရဲ့သမီးသီရိဒုံကိုယ်တိုင်အားပေးခဲ့တာပါပဲ။ရိုက်ကြတယ်။

Tony ခါးရိုးအက်တယ်။နားတယ် ပြန်ရိုက်တယ်။လက်တွေကွဲဇာတ်ရံတွေမတော်တဆထိပြီးကျိုးပဲ့တယ်။ဒီနေရာမှာမြန်မာကလူကြမ်းတွေကိုပြန်တွေးမိပြီးလေးစားမိလေရဲ့။မင်းသားသိန်း၇၀လူကြမ်း၂သိန်းပဲရတဲ့မြန်မာလူကြမ်းတွေခဗျာမတော်တဆမူ ကျို းပဲ့မူတွေအတွက်အာမခံချက်မရှိဂုဏ်ပြုမယ့်ပရိတ်သတ်မရှိ အမုန်းပဲပြန်ရတာတောင်သူတိုအနုပညာကိုချစ်တဲ့စိတ်က အ လေးပြုစရာပါပဲ။

ခင်ဗျားတိုတော့မသိဘူးကျုပ်ဘဝရဲ့မြန်မာရုပ်ရှင်လောကမှာ No.1အလေးစားဆုံးပု ဂ္ဂိုလ်တွေကဗီလိန် နဲ့လူကြမ်းကြီးတွေပါပဲ။စိုင်းအောင်တင့် ခင်စိုးပိုင် ကမ္ဘာရှား ကိုကိုဦးတကယ့်အသည်း ရောကျောက်ကပ်ပါ စွဲတဲ့ idolတွေပေါ့ဗျာ။

ဒီဝမ်းဘတ်ကားမှာလည်းဒီလိုပဲမင်းသားနဲ့အြို​ြင်ချရတဲ့လူကြမ်းတွေအဖိုကျိုးပဲ့မူတွေများခဲ့တယ်။ခေါင်းကွဲတယ်ဆေးသိပ်ပြီးခေါင်းစည်းနဲ့ပြန်ချကြတယ်။ဒါရိုက်တာက နားပါပြောတာတောင်ကိုယ့်နိုင်ငံကိုကမ္ဘာသိစေဖိုယုံကြည်မူတခုထဲနဲ့ဒီကားကိုအသေ အကြေရိုက်ကူးခဲ့ကြတယ်။

 

 

ဝမ်းဘတ်ဇာတ်အိမ်တော့ပြောစရာလိုတော့မယ်မထင်ဘူးဘုရားခိုးမူတွေမှောင်ခိုဂိုဏ်းတွေကိုပွဲကျောင်းသားဆန်ဆန်တောသားတဦးကချေမှုန်းတဲ့ကားပေါ့ဗျာ။တော်လှန်ရေးဆန်တယ်စည်းလုံးမူတွေပြထားတယ် ကြက် သီးထစရာမျိုးချစ်စိတ်တွေပါတယ်။US UK ထိအကုန်ထိုးဖောက်တယ်။Hollywood အက်ရှင်းမင်းသား တွေပြာပါလေရော။

ထိုင်းရှောင်လင်ကားတွေပြာပါလေရော။

ဟောင်ကောင်မှာတလတိတိရုံမချရဘူးဒု တိယ တတိယအကြိမ်ထိပြန်ပြခဲ့ရတယ်။ဒီကားကဟောင်ကောင်ရုပ်ရှင်လောကမှာပ ထမ ဆုံး No.1အောင်မြင်သွားတဲ့ထိုင်းရဲ့ပ ထမဆုံးကားပါ။Bollywood’ထိပြခွင့်ရတယ်။ဂျပန် ကာဝါဆာကီရုပ်ရှင်ပြပွဲမှာဒီကားကVoting တစ် ဖြစ်ခဲ့တယ်။

မြန်မာ အဟဲ ထိုအချိန်ကဗီဒီယို ရုံတွေလျံသွားတဲ့ထိုင်းကားပေါ့ဗျာ။ဒါတင်မကဘူး 20th Century Foxကပါဒီဝမ်းဘတ်ကို Promoteလုပ်ခဲ့တယ်။ပထမအပတ်ပြသမူ ၂၀၀၃ ခုနှစ် ဇန်နဝါရီလ ၂၁ကနေ ၂၈ရက်နေ့ မှာတင်ဒီကားကအရင်းကြေသွားတယ်။ဒီဝမ်းဘတ်ကထိုင်းရုပ်ရှင် Generation တွေအတွက်လမ်းစဖွင့်လိုက်တဲ့ကားပါပဲ။

” ကြောက်စရာတွေကိုကြောက်နေတတ်ရင်ကျတော်တိုဘယ်တော့မှရှေ့ရောက်မှာမ ဟုတ်ဘူး။ ကြိုတွေးထားမူတွေကို ရင်ဆိုင်လိုက်ခြင်းကပိုသက်တောင့်သက် သာရှိလာလိမ့်မယ်။ ”

Tony Jaa

Ong Bak ကားအပြီးမှာတော့ Tony ကိုဝမ်းဘတ်လိုတကမ္ဘာလုံးသိသွားခဲ့ပါပြီ။ရုပ်မချောဘူးအရပ် ၅ပေ၆ ဗလသိပ်မရှိတဲ့ အ သားညိုလေး၊ ဒါပေမယ့် No.1 Actorအဖြစ်လူငယ်ထဲထိုင်းမှာသူနေရာတန်းရသွားတယ်။တစ်ကားပြီးတကားထွက်လာတယ်။

ဝမ်းဘတ်၂မ လာခင်သူ့ကိုနောက်တကြိမ်ကမ္ဘာကျော်ဦးမယ့် ကားတကားထပ်ထွက်လာတယ်။ အဲ့ဒါကတော့ Tom-Yum-Goong ပါပဲ။သူ့ကျေးဇူးရှင်ဒါရိုက်တာ Prachya Pinkaew ကပဲရိုက်ခဲ့တဲ့၅သန်း ပဲရင်းပြီး ၂၈ သန်းနီးပါးပြန်ရခဲ့တဲ့ကားပါ။

 

 

ဝမ်းဘတ် ၁ ထက်ပိုအောင်မြင်တဲ့ဆင်တွေစီးပြီးစပယ်ရှယ်ဝုန်းဒိုင်းကြဲထားတဲ့မာဖလာနဲ့ကိုရုပ်ဆိုးကားပေါ့ ဗျာ။လန်ထွက်သလားတော့မမေးနဲ့ခုန်ချတဲ့အခန်းတွေကြိုးမသုံးဘူးစတန့်ခန်းတွေလူစားမထိုးဘူး။Tony ကိုယ်တိုင်ဒီကားမှာစတန့်နည်းပြအ ဖြစ်ပါ ဝင်ကူညီပြီးလူကြမ်းတွေကိုကူညီပေးခဲ့ တယ်။

အမှတ်တရတခုကရိုက်ဖို Rehersal လုပ် တုန်းကအကောင်းတကယ်လဲရိုက်ရောသူအထိုးခံရလိုနှာခေါင်းရိုးပြုတ်သွားတယ်။ဒူး လေးပွန်းလက်လေးထိမှာစိုးလိုလူစားထိုးတဲ့မင်းသားထဲမပါတဲ့အပြင်တကယ်အလုပ်ခံအထိုးခံရတဲ့မင်းသားပေါ့ဗျာ။

 

 

သူ့ကားတွေကြည့်ရင်း တခါတလေ သူ့သ တင်းလေးတွေတက်လာရင်ဖတ်ဖြစ်တယ်။

နာမည်ကသာမင်းသားဒီကောင့်အလုပ်ကလဲမစားသာပါလားပေါ့။လက်ဝှေ့ပွဲတောင်တပွဲထိုးပြီးနားလိုရတယ်၊ဒင်းကတကားလုံးအထိုးခံရအခန့်မသင့်လိုစတန့်လုပ်ရင်လဲသေမယ့်စတန့်တွေခြင်းလုပ်ရမင်းသားရောဟုတ်သေးရဲ့လားပေါ့လေ။

ဒီကားမရိုက်ခင် Tonyဟာ ဆိုင်ကယ်စတန့်အလွတ်ခုန်စတန့်တွေကိုထပ်မံသင်ယူခဲ့သေ းတယ်လိုသိရတယ်။ နောက်တကားက ရှေ့ ကမအောင်မြင်ခဲ့တဲ့The Bodyguard ရဲ့အ ဆက် 2 ။

ဒီကားမှာTony ကသူ့ရွာဘာသာစကားအီစံဘာသာနဲ့ပြောဖိုဒါရိုက်တာကိုတောင်းဆိုခဲ့တယ်။ဒီကားလည်းအောင်မြင်တယ်။ဒီကားအပြီးမှာတော့ Tony ကိုဒါရိုက်တာ Panna Rittikraiကကမ်းလှမ်းမူတခုလုပ်ခဲ့ပါတော့ တယ်။

ဒါကတော့ ဝမ်းဘတ် 2 ကို မင်းကိုယ်တိုင် ဒါ ရိုက်တာလုပ်ရိုက်ဆိုပြီးပြောလိုက်တယ်။

Tony ငြင်းခဲ့တယ်။ သူဒီလိုကားကိုဒါရိုက် တာလုပ်ရအောင်အဆင့်မရှိဘူးပေါ့။ဒါပေမယ့်ဆရာရဲ့မြှောက်ပေးမူကြောင့်ဒီကားကိုသူတို၂ယောက်ပေါင်းရိုက်ခဲ့ကြတယ်။၁၁လအထိရိုက်ခဲ့ရတယ်။ဆင်စီးပြီးခေါင်းစည်းနဲ့ကားပေါ့။

ရှေ့က’၁ထက်၃ဆလောက်ထိခိုက်တယ်ပင် ပန်းကြတယ်။ဒီ ကြားထဲ Tony ချုပ်လိုက်ရတဲ့ဒဏ်ရာချုပ်ချက်၁၂ချက်ထိရိုက်ခဲ့တယ်။

၂၀၀၈ခုနှစ်ကုန်ခါနီးမှရုံတင်ခဲ့ကြတယ်။ထိုင် းရဲ့ No.1ကားအဖြစ်ယနေ့ထိအထင်ကရဖြစ်စေတဲ့ကားပါပဲ။တစ်ကမ္ဘာလုံးပြသခဲ့ပြီးဝမ်းဘတ်ဟာလဲကမ္ဘာကျော်မင်းသားဖြစ် လာခဲ့တယ်။

ဝမ်းဘတ်1-2-3 ကိုတဆက်ထဲထပ်ထုတ်ခဲ့တယ်။ဝမ်းဘတ် 1.2.3 ဟာဒေါ်လာသန် း ၂၀၀နီးပါးအမြတ်ငွေရခဲ့ပါတယ်။ထိုနောက်မှာတော့ Tony ဟာအာရှတင်မကပဲ Hollywood ထိတက်ရိုက်လာဖိုထိုင်းမင်း သားထဲကပထမဆုံး Hollywood မင်းသားဖြစ်လာခဲ့ပါတော့တယ်။

ဝမ်းဘတ် 3အပြီးမှာတော့Tom Yum Goong 2 ထပ်မံထွက်ခဲ့ပြီး Hollywood ကားတွေမှာ Tonyဟာဟာဝင်တိုးခဲ့ပါတော့တယ်။A Man Will Riseလိုကားရုရှားအာနိုးကြီး Dolph Lundgrenနဲ့ထိုင်းလူကုန်ကူးမူကား F&F 7 စတဲ့နာမည်ကြီးကားတွေမှာTonyဟာ ထိုင်းလူ မျိုးဂုဏ်ကိုဆောင်ခဲ့ပါတယ်။

 

 

”ကျတော့်ရဲ့အပင်ပန်းဆုံးအချိန်တွေကအက်ရှင်သရုပ်ဆောင်မလုပ်ရပဲနားနေရတဲ့အားလပ်ရက်တွေပေါ့ဗျာ။ ” Tony Jaa

”အခုချိန်အောင်မြင်နေလိုပျော်သလားဆိုအဖေရဲ့လယ်ကွင်းထဲကJaaအအဖြစ်နဲ့နေခဲ့ရတဲ့အချိန်တွေလောက်မပျော်ဘူး။အောင် မြင်မူကအပူအပင်များလှတယ်။ဒီအပူတွေကိုလျော့စေဖိုအခုကျတော့်ငယ်ဘဝကလိုဖြစ်ခဲ့တဲ့ကလေးတွေကိုမွေထိုင်းသင်ပေးရင်းပဲ ပျော်စရာရှာနေရတာပေါ့။ ” Tony Jaa

Tony Jaa ရိုက်ခဲ့တဲ့ ထိုင်း Hollywood ကားတကားချင်းစီတော့ပေရှည်မနေတော့ဘူးဒီဆယ်စုနှစ်ကျော်အတွင်းကမ္ဘာအထိအောင် မြင်လာတဲ့သူ့ကားတွေကိုလဲအားလုံးကြည့်ဖူးပြီးသား ဖြစ်မှာပါ။ထိုင်းဟေ့ဆိုတာနဲ့ပီးမ က်မင်းသားလိုတော့မပြောနဲ့ဝမ်းဘတ်က No.1ပါ၊ငွေကြေးအောင်မြင်မူကမ္ဘာထိတိုးမူအရပေါ့။

ဝမ်းဘတ်သာလမ်းမဖောက်ခဲ့ဘူးဆိုလက်ရှိထိုင်းFancyကားသရဲကားတွေကလမ်းစတက်ဖိုရင်လေးစရာပါ။စီနီယာကောင်းပေါ့ဗျာ။၂၀၁၂ခုနှစ် မေလမှာတော့ဒီတောသားဟာသူမင်းသားမဖြစ်ခင်ထဲကချစ်တဲ့တဲ့ချစ်သူလေး Piyarat နဲ့လက်ထပ်ခဲ့ပါတယ်။

သူတိုRSကလဲထိုင်းမှာနာမည်ကြီးပါတယ်။

နှစ်အကြာကြီးတွဲခဲ့သူအောင်မြင်လာခဲ့တာတောင်ဒီမိန်းမကိုပဲသူယူတယ်။ဒါကရှာရွန်ခန်း ကြီးနဲ့တူတဲ့အချက်ပေါ့။

Tony ဟာအာရှတင်မကပဲကမ္ဘာထိပါဆုတွေလည်းရထားသူပါ။ထိုင်းရုပ်ရှင်ဆု/Online Film Critics Societyဆု /Top Awards/ Deauville Asian Film Festival Award နဲ့တခြားဆုတွေလဲရရှိထားသူဖြစ်နေပါပြီ။

 

 

360° ကန်ချက်၂ဆင့်ကန်နိုင်သူ၆ပေအမြင့်ကပစ္စည်းကိုအလွတ်ကန်နိုင်သူ Competitationကန်ချက်ကိုကျွမ်းကျင်သူ ကမ္ဘာ့ကိုယ်ခံပညာအမြင့်ဆုံးမင်သား၅ဦးထဲပါဝင်သူ ကမ္ဘာ့ထိခိုက်ဒဏ်ရာအရဆုံးအက်ရှင်းမင်းသား၃ဦးထဲသူ့ idolကြီးဂျက်ကီချမ်းတိုဘရုစ်လီတိုနဲ့ပါဝင်ထားသူပါ။

 

 

Tony Jaa တဖြစ်လဲဝမ်းဘတ်ဟာလက်ရှိမှာတော့အားလုံးမျှော်နေကြတဲ့ကား xXx ကားမှာမင်းသားကြီး Vin Dieselအပြင် Deepika Padukone/IP Man ကြီး Donnie Yen နေမာတိုနဲ့အတူ Talonနေရာကနေပါဝင်လာမှာဖြစ်ပါတယ်။ဒါ့အပြင်ဒီကားရဲ့အက်ရှင်နည်းပြအကူအဖြစ်လဲTonyကပါဝင်ကူညီထားပါတယ်။Vin Diesel တောင်သူသင်ပေးနေတယ်ကြားတယ်။

ထိုင်း တရုတ်၊အိန္ဒိယ၊ကိုရီယား၊ဘရာဇီး၊ရု ရှားအစုံအလုံစုပေါင်းပြီးရိုက်ထားတဲ့ကားပါပဲဗျာအံ့သြစရာပါ။သူရဲ့နောက်ဆုံးကား ၃ ကားကတော့ Master Z: The Ip Man Legacy ၊The Gate နဲ့ Monster Hunter တိုပဲဖြစ်ပါတယ်။

ဆယ်စုနှစ်တစုစာလောက်သာမာန်မင်းသားကနေယခုဆယ်စုနှစ်တစုအတွင်း Hollywood’ထိကမ္ဘာကျော်လာတဲ့ ဒီဝမ်းဘတ်ဟာသူ့နိုင်ငံထိုင်းအတွက်ရောအီစံနယ်စွန်ကတိုင်းရင်းသားတွေအတွက်ပါတကယ်ဂုဏ်ယူစရာကောင်းတဲ့ဗုဒ္ဓဘာသာတောသားလေး တစ်ယောက်ပါပဲဗျာ။

စာရေးသူသုံးသပ်ချက်

Tony ဟာအီစံနယ်အစွန်တောရွာတခုကသာမာန်တောသားလေးပါ။Tony ဟာဖခင်ရဲ့စ ပါးခင်းထဲငယ်စဉ်ထဲကလက်ဝှေ့လေ့ကျင့်ခဲ့သူပါ။Tony ဟာ၁၀နှစ်သားမှာဘုန်းကြီ းကျောင်းကသင်ကြားပေးမူကြောင့်မွေထိုင်းကိုတဖတ်ကမ်းတတ်ခဲ့သူပါ။Tony ဟာအ သက်၂၅နှစ်ထိထိုင်းစကားကိုသေချာမပြောတတ်ပဲအီစံဘာသာစကားပဲတတ်သူပါ။

Tony ဟာမွေထိုင်းလက်ဝှေ့မှာရှုးပွဲမရှိခဲ့သူပါ။Tony ဟာ လူစားမထိုးတဲ့ ထိုင်းရဲ့တယောက်ထဲသောအက်ရှင်မင်းသားပါ။

Tony ဟာ၂၁ရာစုအာရှရဲ့Top 10ဝင်မင်း သားတဦးပါ။Tony ဟာOng Bak ၃ကားနဲ့တင်အာရှရဲ့Top 20ကားထဲအသင်အငယ်ဆုံးActorဖြစ်ဝင်ခဲ့သူပါ။

Tony ဟာကမ္ဘာ့အဆင့် No.5 Action မင်း သားဖြစ်သလို ဒီ၅ဦးထဲအသက်အငယ်ဆုံးပါ။Tony ဟာ၂၁ရာစုမင်းသားတွေထဲကမ္ဘာ့No.1အက်ရှင်မင်းသားပါ။Tony ဟာထိုင်းရဲ့ No.1မင်းသားအဖြစ်၂၁ရာစုသူ့ကားတွေကစံချိန်ဝင်ခဲ့သူပါ။

Tony ဟာလက်ရှိမှာဂျက်ကီချမ်းရဲ့သိုင်းသင်တန်းကျောင်းမှာနည်းပြအဖြစ်ယာထားခြင်းခံရသူပါ။Tony ဟာဗန်ဒိန်းအကြိုက်ဆုံးအာရှလူငယ်မင်းသားပါ။ Tony ဟာယနေ့ချိန်ထိအီစံလူမျိုးစုကိုမမေ့တဲ့အပြင်ဘုန်းတော်ကြီးသင်ကျောင်းတွေပါလှူတန်းပေးနေသူပါ။

Credit ; ထက်ဝန

Leave a Reply

Your email address will not be published. Required fields are marked *