တာယာဟောင်းနဲ့ လမ်းဘေးခွေးလေးတွေအတွက် အိပ်ယာလုပ်ပေးရင်း ချမ်းသာလာသူ စေတနာကောင်းလို့ ကံကောင်းခဲ့ရသူ

လူရယ်လို့ ဖြစ်လာရင် ကြိုးစားရုန်းကန်ကြရတာချည်းပါပဲ။ ဒီလိုမျိုး ကြိုးစားရုန်းကန်ချင်စိတ် ရှိတယ်ဆိုတာ တကယ်တော့ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်အတွက်ပဲ ကိုယ်ကြည့်မယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်မှာ မဟုတ်တော့ပါဘူး။

ဘရာဇီးလ်နိုင်ငံမှ အမာရီဒို ဆေးလ်ဗားကလည်း အသက် (၂၃) နှစ်အရွယ် လူငယ်တဦးပီပီ ကြိုးစားချင်စိတ် အလွန်ပြင်းပြသူတယောက်ပါ။ ဒါပေမယ့် လက်ရှိမှာ သူဟာစူ ပါမားကတ်တခုရဲ့ သာမန်ဝန်ထမ်းသာ ဖြစ်နေရပါတယ်။

 

 

 

သူ ကြိုးစားသလောက် အရာထင်မှာ မဟုတ်တဲ့ ဒီအလုပ်ကနေ ထွက်ပစ်ချင်ပေမယ့် ဘာလုပ်ရမှန်း မသိတာကြောင့် သူ ချီတုံချတုံ ဖြစ်နေခဲ့ရပါတယ်။

 

 

နေ့တိုင်း အလုပ်သွား အလုပ်ပြန်မှာ ကိုယ့်ကိုကိုယ် စိတ်ပျက်နေရတဲ့ အမာရီဒိုဟာ လမ်းဘေးမှာ အိပ်နေကြတဲ့ ပိုင်ရှင်မဲ့ ခွေးလေးတွေကို သတိမထားမိလောက်အောင်တော့ တကိုယ်ကောင်း မဆန်ခဲ့ပါဘူး။ အဲဒီခွေးလေးတွေ နေပူချိန်၊ မိုးရွာချိန်၊ ချမ်းအေးချိန်တွေမှာ ဘယ်လိုများနေပါလိမ့်ဆိုပြီး သနားစိတ်ဝင်ခဲ့ပါတယ်။

 

 

ဒီလိုမျိုး ကိုယ့်ဘဝကိုယ် မေ့ပြီး ခွေးလေးတွေအတွက်ပဲ စဉ်းစားမိတဲ့ အမာရီဒိုတစ်ယောက် ရုတ်တရတ် အကြံတခု ရလာခဲ့ပါတယ်။ အဲဒါကတော့ အသုံးပြု မရတော့တာကြောင့် ဒီအတိုင်း စွန့်ပစ်ထားတဲ့ တာယာဟောင်းတွေနဲ့ ခွေးလေးတွေအတွက် အိပ်ယာတွေ ပြုလုပ်ပေးဖို့ပါ။

 

 

အမှိုက်ထဲကနေ ရွှေထွက်အောင် လုပ်ဖို့ မ လွယ်ကူဘူးဆိုပေမယ့် အလုပ်သွား အလုပ်ပြန်ချိန်မှာ ဖြစ်သလို အိပ်နေရရှာတဲ့ ခွေးလေးတွေကို မြင်ရတိုင်း သူ့ရဲ့ စိတ်ကူးက ပိုမို ပီပြင်လာခဲ့ပါတယ်။ ပိုပြီးတော့လည်း စိတ်အား တတ်ကြွလာခဲ့ပါတယ်။

 

 

ဒီလိုနဲ့ သူဟာ စူပါမားကတ်ဝန်ထမ်းဘဝကနေ ထွက်ပစ်လိုက်ပြီး စွန့်ပစ်တာယာဘီးဟောင်းတွေကို လိုက်ကောက်ပါတော့တယ်။

အဲဒီနောက်မှာတော့ ပိုင်ရှင်မဲ့ လမ်းဘေးခွေးလေးတွေအတွက် အကောင်းဆုံးနဲ့ အလှပဆုံး အိပ်ယာတွေကို ဖန်တီးခဲ့ပါတယ်။

 

 

သူငယ်ချင်း အပေါင်းအသင်းတွေက သူ့ကို အစပိုင်းမှာ နားမလည်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ လက်ရာတွေကို မြင်တွေ့ပြီး အံ့ဩချီးကျူးခဲ့ကြပါတယ်။ သူတို့ခွေးလေးတွေအတွက် အိပ်ယာတွေလည်း မှာယူခဲ့ကြတာကြောင့် အမာရီဒိုတစ်ယောက် ကိုယ်ပိုင်လုပ်ငန်းရှင် ဖြစ်လာခဲ့ပါပြီ။

 

 

အခုချိန်မှာတော့ အမာရီဒိုကို စွန့်ဦးတီထွင် လုပ်ငန်းရှင်တဦးအဖြစ် အားလုံးက သတ် မှတ်ထားလာကြပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေကပါ ဂုဏ်ပြုလာကြပါတယ်။

အလိုလို ဆွေးမြေ့ဖို့ အလွန်ခက်တဲ့ တာယာတွေက ပတ်ဝန်းကျင်အတွက် တကယ့်အ ဆိပ်အတောက်တွေပါ။ ဒါကို အမာရီဒိုက အလှပဆုံး ဖြစ်အောင် ဖန်တီးခဲ့လို့ အားလုံး အံ့အားသင့်သွားရပါတယ်။

 

 

အမာရီဒိုရဲ့ စိတ်ကူးကြောင့် နှစ်နှစ်အတွင်း သူတို့ပတ်ဝန်းကျင်မှာ တာယာဟောင်းအ ဆွေးပေါင်း ထောင်ချီပြီး ဖယ်ရှားနိုင်ခဲ့ကြပါတယ်။ တဖက်မှာလည်း ပိုင်ရှင်မဲ့ ခွေးလေးတွေဟာ သူဖန်တီးပေးထားတဲ့ အိပ်ယာတွေနဲ့ နှစ်ခြိုက်စွာ အိပ်စက်နိုင်ခဲ့ကြပါပြီ။

 

 

ကိုယ်တိုင် ကြိုးစားချင်စိတ်လည်းရှိ၊ နှလုံ းသားလည်း လှတဲ့ အမာရီဒို ဆေးလ်ဗားဟာ ကိုယ်ကျိုးထက် တခြားသူတွေအတွက် စဉ်း စားပေးခဲ့တာကြောင့် လောကကြီးကို အ လှဆင်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး လူငယ်တွေ နောက်ထပ် ပေါ်ပေါက်လာပါစေလို့ ဆု တောင်းရင်း ဂုဏ်ပြုလိုက်ရပါတယ်။

Source: RonProject

Leave a Reply

Your email address will not be published. Required fields are marked *