တက္ကစီဆရာလေးရဲ့ မွန်မြတ်လှတဲ့ စိတ်ထားလေး ဒါကြောင့် လူကြီးသူမတွေ ပြောကြတာပေါ့ ရိုးသားမှုဂုဏ် စားမကုန်လို့

Unicode

မနေ့ကအဖြစ်ပျက်လေးပေါ့ ရိုးသားမှုအ တွက် ဂုဏ်ပြုချင်လို့ပါ။

 

 

မနေ့ကအိမ်က အဖေမွေးနေ့မလို့ညီမနှစ်ယောက်ကျောက်မြောင်းကိုဖုန်းသွားဝယ်ကြတယ် ပြန်လာတော့ကျောက်မြောင်းဘက်ကနေတက္ကစီဌားစီးလာကြတာ လက်မှာထဲအထုတ်တွေနဲ့လက်တွေကမအား အမကလည်းပိုက်ဆံအိတ်နဲ့ဖုန်းကိုအိတ်ထဲထည့်တာဘဲ ‌ချော်ကျပြီးကားပေါ်မှာကျန်ခဲ့ရော

 

 

အိမ်ကအမကပိုက်ဆံအိတ်မေးကြတော့ အိတ်တွေထဲရှာတာမတွေ့ ဖုန်းဆိုင်ကိုပိုက် ဆံအိတ်ကျန်ခဲ့လား ဖုန်းဆက်မေးကြရော လူတွေကပြာယာကိုခတ်ပြီးဖုန်းတွေဆက် ပထမကဖုန်းကဝင်တယ်မကိုင်ဘူး နောက် ထပ်ဆက်မှကိုင်တော့ ညီမရေ ညီမဖုန်းနဲ့ပိုက်ဆံအိတ်ကားပေါ်ကျန်ခဲ့တယ်နော် အစ် ကိုပုဇွန်တောင်ဘက်ရောက်သွားလို့အိမ်အ ထိလာပေးမယ်နော် ခဏစောင့်ဆိုပြီးဖုန်းချလိုက်ရော

 

 

ခဏလောက်ကြာတော့အိမ်ရှေ့ကိုတက္ကဆီလေးရောက်လာပြီးဖုန်းနဲ့ပိုက်ဆံအိတ်လေးလာ‌‌ပေးတာ ပျော်လိုက်တာလွန်ရော ပိုက်ဆံအိတ်နဲ့ဖုန်းလေးလာပေးရင်းနဲ့အဲ့အစ်ကိုပြောတာ ကားမောင်းနေလို့စက်သံနဲ့ပထမဖုန်းလာတာမသိလို့srryပါလို့‌တောင်‌ပြောသွား‌ သေးတယ် ရိုးသားလိုက်တာရှင့် အဲ့အစ်ကိုမောင်းတဲ့ကားကအရမ်းကြီးလည်းကောင်းနေတာမဟုတ်ပေမဲ့သူရဲ့ရိုးသားမှုကိုအသိမှတ်ပြုပါတယ်အစ်ကို

 

 

ပိုက်ဆံအိတ်လာပေးတော့အစ်ကိုအတွက်ကျေးဇူးဆပ်တာကိုတောင်မနည်းပေးယူရတယ် လူဆိုတာရိုးသားနေပါစေ နွားလှည်း စီးနေရင်တောင်ဘဝကစိတ်ချမ်းသာရတာမျိုး ဒီခေတ်ကာလကြီးမှာရိုးသားကြိုးစားတဲ့အစ်ကိုနဲ့တွေ့ရတာညီမတို့အတွက်ကံ ကောင်း မှုတစ်ခုပါရှင့်

 

 

အခါအခွင့်ကြုံခဲ့ရင်အဲ့အစ်ကိုကားလေးဌားစီးပြီးလူသားချင်းကူညီကြပါနော် အဲ့အစ်ကိုပုံလေးနဲ့ကားပုံလေးအောက်မှာပြပေးထားတယ်နော် ရိုးသားကြိုးစားတဲ့အစ်ကိုဒီထက်မကားဆွဲကောင်းပြီးကားအသစ်လေးလည်းလဲနိုင်ပါစေရှင့်။

Courtesy – Lay Nwe

Zawgyi


 

 


 

 


 

 


 

 


 

 


Courtesy – Lay Nwe

Leave a Reply

Your email address will not be published. Required fields are marked *