အဖွား ဒီနေ့ ဆေးသွားထိုးလို့ ရပြီ တဲ့လား အဖွားရယ် စိတ်ထားမြင့်မြတ်လှတဲ့ လူငယ်အဖွဲ့လေးကိုလဲ အဖွားနှင့်ထပ်တူ ကျေးဇူးတင်မိပါတယ်

Unicode

ကျေးဇူး အများကြီးတင်ပါတယ် အဖွား ဒီနေ့ ဆေးသွားထိုးလို့ ရပြီ

 

 

အဖွားရေ ခြေသုပ်ခုံတွေ ဘယ်လိုရောင်းပါသလဲ ဗျ တခု 500 Ks ပါ သားရယ် ဟုတ် အ ဖွား ဘယ်နှခုရှိလဲ အဖွား (၁၈) ခု ရှိပါတယ် သားရယ်

 

 

ဟုတ် အဖွား ဒါဆို အားလုံး (၉၀၀၀)ကျပ်ပေါ့နော်…ဒါနဲ့ အဖွား အသက် ဘယ်လောက်ရှိပြီလဲ ? အဖွား (၉၃)နှစ် ရှိပါပြီ သားရယ် အဖွား ဒါတွေ အကုန်ရောင်းရရင် ဘာလုပ်မှာလဲ ဟင် ??

 

 

အဖွား နေမကောင်းဘူး သားရယ်…အဖွား ဆေးထိုးချင်တာ အဲ့ဆေးလေး ထိုးမှ အဖွားနေလို့ရတာ ဒါတွေ အကုန် ရောင်းရပြီဆို အ ဖွား ပြန်ပြီ ဒီနားက ဆေးခန်းလေးမှာ ဆေးဝင်ထိုးမယ် သား ဟုတ် အဖွားက ဘာဖြစ်လို့လဲ ??

 

 

အဖွား အဆုတ်မှာ အနာဖြစ်နေတာ သားရယ်…ဆရာဝန်က အဲ့ဆေးလေးထိုးပေးရင် အဖွားနေလို့ကောင်းသွားတယ်။ ခုလဲ အဲ့ဆေ းလေးထိုးဖို့ အ ဖွား လာရောင်းနေတာ ဒါဆိုအဖွား သား အကုန် ယူမယ်ဗျာ။

 

 

ဟာ…တကယ်ကြီးလား တကယ်ကြီးပေါ့…ရော့ အဖွား 50,000 Ks နော် သားရယ် အ များကြီးပဲ…ခြေသုပ်ခုံဖိုးပဲ ပေးပါ အဖွား ဆေးထိုးရရင် ရပြီ ဆေးလဲ ထိုး…လိုအပ်တာတွေလဲ ဝယ်…အာဟာရရှိတာလေးတွေလဲ စားနော်။

 

 

ကျေးဇူးတင်ပါတယ် သားရယ်…အဖွား အ ပြန် ဆေးထိုးလို့ရပြီ…အဖွား နေလို့ ကောင်းတော့မှာ ဟုတ် အဖွား ဂရုစိုက်ပြန်နော်။

(အပြန်ထိ ကားပေါ်ထိ တာ့တာပြပြီကျေးဇူး တင်ကြောင်းတွေ တဖွဖွ ပျော်နေရှာတယ်…အဖွား အရမ်းပျော်နေတယ် )

 

 

အဖွား အပြုံး အလှဆုံးပါပဲ။ ခြေသုပ်ခုံများအား ဘုရားသို့ ပြန်လည် လှူဒါန်းပေးခဲ့ပါ သည်။လှူ ဒါန်းပေးတဲ့ လူငယ်လေးတွေ ကျန်းမာချမ်းသာပါစေ။

Crd

Zawgyi


 

 


 

 


 

 


 

 


 

 


 

 


 

 


Crd

Leave a Reply

Your email address will not be published. Required fields are marked *