လက်တွေ့ဘဝ တာဇံလို့ လူသိများတဲ့ကောင်လေးရဲ့ မယုံနိုင်လောက်တဲ့ပြောင်းလဲမှု နဲ့ ကျောင်းသွားနေပြီဖြစ်တဲ့ ပုံရိပ်များ

Zawgyi

Zanziman Ellie အမည္ရွိေကာင္ေလးတစ္ဦးဟာ သူ႔႐ြာသူ႐ြားသားမ်ားရဲ႕ ဖယ္က်င္ျခင္းကိုခံခဲ့ရၿပီး သူ႔႐ြယ္တူကေလးမ်ားကလည္း သူ႔ရဲ႕ပုံမွန္မဟုတ္ေသာအသြင္အျပင္ေၾကာင့္ သူ႔အား ေလွာင္ေျပာင္ခဲ့ၾကတာေၾကာင့္ သူဟာ ေတာထဲသို႔ဝင္ကာ ၂၂ ႏွစ္ၾကာေနထိုင္ခဲ့ပါတယ္။

 

 

Zanziman Ellie ၏မိခင္ဟာ ကေလးေမြးရန္ ၅ ႀကိမ္တိုင္တိုင္ပ်က္ကြက္ခဲ့ၿပီးေနာက္ သူ႔ ကို ေမြးဖြားလာခဲ့ပါတယ္။ ဝမ္းနည္းစရာေကာင္းတာက Ellie ဟာ သူ႔ရဲ႕ဦးေခါင္းဟာ တင္းနစ္ေဘာလုံးအ႐ြယ္အစားေလာက္သာရွိၿပီး ပုံမွန္မဟုတ္တဲ့ မ်က္ႏွာအသြင္အျပင္ေတြေၾကာင့္ ေမြးရာပါမသန္စြမ္းျဖစ္လာခဲ့ပါတယ္။

 

 

အ႐ိုးရွင္းဆုံးအရာေတြကို ဆက္သြယ္မေျပာဆိုႏိုင္ျခင္း သို႔မဟုတ္ သတိမျပဳမိႏိုင္ျခင္းတို႔ေၾကာင့္ Ellie ဟာ ႐ြာရွိအျခားကေလးမ်ားကဲ့သို႔ ေက်ာင္းမတက္ႏိုင္ခဲ့ပါဘူး။

 

 

“ Ellie က ေလွာင္ေျပာင္ျခင္းရဲ႕သားေကာင္ျဖစ္ခဲ့တယ္ ၊ သူ႔သူငယ္ခ်င္းေတြက သူ႔ကို “ေမ်ာက္” ဒါမွမဟုတ္ “godzilla” လို႔ မၾကာခဏေခၚဆိုေၾကာင္း Zanziman ရဲ႕မိခင္က ၂၀၂၀ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ Afrimax TV မွ မွတ္တမ္း႐ုပ္ရွင္တစ္ခု၌ ေျပာၾကားခဲ့ပါတယ္။

 

 

ထို႔ျပင္ သူဟာ လူအမ်ားရဲ႕အၾကည့္ေတြမွ ေရွာင္ ရွားပုန္းေအာင္းႏိုင္ရန္ ေတာထဲသို႔မၾကာခဏထြက္ေျပးခဲ့ရပါတယ္။ Zanziman ဟာ ျမက္နဲ႔ေတာထဲကအသီးေတြကိုသာစားၿပီး တစ္ပတ္ကို ကီလိုမီတာ 200 ေက်ာ္ ေျပးရတဲ့အခါေတြလည္းရွိခဲ့သလို သူ႔ကို အိမ္ေခၚျပန္ဖို႔ ညတိုင္းသြားရွာခဲ့ရေၾကာင္းလည္း မိခင္ျဖစ္သူက ေျပာၾကားခဲ့ပါတယ္။

 

 

 

မွတ္တမ္း႐ုပ္ရွင္ၿပီးတဲ့ေနာက္မွာ Afrimax TV က Zanziman ႏွင့္ သူ႔မိခင္အတြက္ Go FundMe တြင္ရန္ပုံေငြရွာခဲ့ၿပီး ၎တို႔ကိုကမာၻတစ္ဝွမ္းလုံးက ေကာင္းမြန္စြာလက္ခံေပးခဲ့ၾကပါတယ္။ ယခုအခ်ိန္တြင္ Zanziman ရဲ႕ ရန္ပုံေငြမ်ားဟာ သူ႔အား Ubumwe Community Center ပိုင္ ခ်ိဳ႕တဲ့ေသာကေလးမ်ားအတြက္ ေက်ာင္းတစ္ေက်ာင္းတြင္ ေက်ာင္းထားေပးႏိုင္ခဲ့ပါတယ္။

 

 

သူဟာ ယခုအခါ ေက်ာင္းဝတ္စုံကိုဝတ္ထားတဲ့ က်န္းမာေရးႏွင့္ညီၫြတ္ေသာအစားအစာမ်ားကိုစားသုံးၿပီး အိပ္ယာေပၚေတြသာအိပ္စက္တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးျဖစ္လာၿပီျဖစ္ပါတယ္။

 

 

“ ကြၽန္မသားေလး ေက်ာင္းတက္တာကိုျမင္ရ ေတာ့ အရမ္းဝမ္းသာမိတယ္ ၊ လူေကာင္းေတြက ကြၽန္မနဲ႔ ကြၽန္မသားအတြက္ အိမ္တစ္လုံးေဆာက္ေပးၿပီးသြားၿပီဆိုေတာ့ ကြၽန္မရဲ႕ဝမ္းနည္းမႈက အခုသက္သာသြားၿပီ ” လို႔ မိခင္ျဖစ္သူက ေက်းဇူးတင္စကားေျပာၾကားခဲ့ပါတယ္။

 

 

လက္ရွိမွာ Zanziman ရဲ႕ဘဝဟာ အရင္တုန္းကနဲ႔ လုံးဝမတူေတာ့သလို လမ္းမေပၚထြက္တိုင္း သူ႔ကို လူေတြက ႀကိဳဆိုၾကၿပီး လူေတာ္ေတာ္မ်ားမ်ားကလည္း သူနဲ႔အတူ ဓာတ္ပုံ႐ိုက္ဖို႔ေတာင္းဆိုလာၾကပါတယ္။

Credit-Mia (Mckzone daily)

Reference : everytruenews24

Unicode

Zanziman Ellie အမည်ရှိကောင်လေးတစ်ဦးဟာ သူ့ရွာသူရွားသားများရဲ့ ဖယ်ကျင်ခြင်းကိုခံခဲ့ရပြီး သူ့ရွယ်တူကလေးများကလည်း သူ့ရဲ့ပုံမှန်မဟုတ်သောအသွင်အပြင်ကြောင့် သူ့အား လှောင်ပြောင်ခဲ့ကြတာကြောင့် သူဟာ တောထဲသို့ဝင်ကာ ၂၂ နှစ်ကြာနေထိုင်ခဲ့ပါတယ်။

 

 

Zanziman Ellie ၏မိခင်ဟာ ကလေးမွေးရန် ၅ ကြိမ်တိုင်တိုင်ပျက်ကွက်ခဲ့ပြီးနောက် သူ့ကို မွေးဖွားလာခဲ့ပါတယ်။ ဝမ်းနည်းစရာကောင်းတာက Ellie ဟာ သူ့ရဲ့ဦးခေါင်းဟာ တင်းနစ်ဘောလုံးအရွယ်အစားလောက်သာရှိပြီး ပုံမှန်မဟုတ်တဲ့ မျက်နှာအသွင်အပြင်တွေကြောင့် မွေးရာပါမသန်စွမ်းဖြစ်လာခဲ့ပါတယ်။

 

 

အရိုးရှင်းဆုံးအရာတွေကို ဆက်သွယ်မပြေ ာဆိုနိုင်ခြင်း သို့မဟုတ် သတိမပြုမိနိုင်ခြင်းတို့ကြောင့် Ellie ဟာ ရွာရှိအခြားကလေးများကဲ့သို့ ကျောင်းမတက်နိုင်ခဲ့ပါဘူး။

 

 

“ Ellie က လှောင်ပြောင်ခြင်းရဲ့သားကောင်ဖြစ်ခဲ့တယ် ၊ သူ့သူငယ်ချင်းတွေက သူ့ကို “မျောက်” ဒါမှမဟုတ် “godzilla” လို့ မ ကြာခဏခေါ်ဆိုကြောင်း Zanziman ရဲ့မိခင်က ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလတွင် Afrimax TV မှ မှတ်တမ်းရုပ်ရှင်တစ်ခု၌ ပြောကြားခဲ့ပါတယ်။

 

 

ထို့ပြင် သူဟာ လူအများရဲ့အကြည့်တွေမှ ရှောင် ရှားပုန်းအောင်းနိုင်ရန် တောထဲသို့မ ကြာခဏထွက်ပြေးခဲ့ရပါတယ်။

Zanziman ဟာ မြက်နဲ့တောထဲကအသီးတွေကိုသာစားပြီး တစ်ပတ်ကို ကီလိုမီတာ 200 ကျော် ပြေးရတဲ့အခါတွေလည်းရှိခဲ့သလို သူ့ကို အိမ်ခေါ်ပြန်ဖို့ ညတိုင်းသွားရှာခဲ့ရကြောင် းလည်း မိခင်ဖြစ်သူက ပြောကြားခဲ့ပါတယ်။

 

 

မှတ်တမ်းရုပ်ရှင်ပြီးတဲ့နောက်မှာ Afrimax TV က Zanziman နှင့် သူ့မိခင်အတွက် Go FundMe တွင်ရန်ပုံငွေရှာခဲ့ပြီး ၎င်းတို့ကိုကမ္ဘာတစ်ဝှမ်းလုံးက ကောင်းမွန်စွာလက်ခံပေးခဲ့ကြပါတယ်။ ယခုအချိန်တွင် Zanziman ရဲ့ ရန်ပုံငွေများဟာ သူ့အား Ubumwe Community Center ပိုင် ချို့တဲ့သောကလေးများအတွက် ကျောင်းတစ်ကျောင်းတွင် ကျောင်းထားပေးနိုင်ခဲ့ပါတယ်။

 

 

သူဟာ ယခုအခါ ကျောင်းဝတ်စုံကိုဝတ်ထားတဲ့ ကျန်းမာရေးနှင့်ညီညွတ်သောအစားအ စာများကိုစားသုံးပြီး အိပ်ယာပေါ်တွေသာအိပ်စက်တဲ့ အသက် ၂၂ နှစ်အရွယ်အမျို းသားတစ်ဦးဖြစ်လာပြီဖြစ်ပါတယ်။

 

 

“ ကျွန်မသားလေး ကျောင်းတက်တာကိုမြင်ရ တော့ အရမ်းဝမ်းသာမိတယ် ၊ လူကောင်းတွေက ကျွန်မနဲ့ ကျွန်မသားအတွက် အိမ်တစ်လုံးဆောက်ပေးပြီးသွားပြီဆိုတော့ ကျွန်မရဲ့ဝမ်းနည်းမှုက အခုသက်သာသွားပြီ ” လို့ မိခင်ဖြစ်သူက ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

 

 

လက်ရှိမှာ Zanziman ရဲ့ဘဝဟာ အရင်တုန်းကနဲ့ လုံးဝမတူတော့သလို လမ်းမပေါ်ထွက်တိုင်း သူ့ကို လူတွေက ကြိုဆိုကြပြီး လူတော်တော်များများကလည်း သူနဲ့အတူ ဓာတ်ပုံရိုက်ဖို့တောင်းဆိုလာကြပါတယ်။

Credit-Mia (Mckzone daily)

Reference : everytruenews24

Leave a Reply

Your email address will not be published. Required fields are marked *