နိုင်ငံတော်သီချင်းကြားတိုင်းဘာလို့ကြက်သီးထလဲဘယ်သူရေးခဲ့လဲမသိတဲ့ကလေးတွေအတွက်

Unicode

နိုင်ငံတော်သီချင်းSkynetမှာလာသွားတယ်စကားရည်လုပွဲကကလေးတွေကိုမေးခွန်းမေးတယ်”နိုင်ငံတော်သီချင်းကိုဘယ်သူရေးတာလဲ”တဲ့ကလေးကဖြေတယ်”ဝိုင်အမ်ဘီဆရာတင်”တဲ့ကလေးအသိလေးနဲ့ဖြေရှာတာကိုး..skynetရဲ့presenterကပြန်ထောက်ရှာပါတယ်”ဝိုင်အမ်ဘီအေဆရာတင်”ပါတဲ့သေ

 

 

လိုက်ပါတော့လို့သာကိုယ့်နဖူးကိုယ်ရိုက်လိုက်မိတော့တယ်..မေးသူရဲ့အဖြေကိုနား ထောင်တော့အဖြေကလဲဆရာတင်ပါပဲတဲ့တကယ်တော့ဝိုင်အမ်ဘီဆရာတင်ရေးခဲ့တာ”တို့ဗမာ”သီချင်းပါမြန်မာနိုင်ငံတော်သီ ချင်းမဟုတ်ပါဘူး..အားလုံးလိုလိုအမှတ်မှားနေကြတာလေးသိစေချင်လို့ဖတ်ထားမှတ် ထားတာလေးပြန်တင်ပေးပါရစေသိပြီးသူလဲတော်တော်များမှာပါ..ဘယ်သူမဆိုကိုယ့်နိုင်ငံတော်သီချင်းသမိုင်းလေးတော့ကွဲ ကွဲ

 

 

ပြားပြားသိထားစေချင်ပါသေးတယ်နိုင်ငံ တော်သီချင်းရှင်းတမ်းမြန်မာ့တေးဂီတသ မိုင်းတွင်စွမ်းအင်အထက်မြက်ဆုံးသောတေးတစ်ပုဒ်(သို့မဟုတ်)လူတိုင်းသီဆိုရန်တေးသွားနှင့်သံစဉ်ပါခက်ခဲလှသောတေးတစ်ပုဒ်သည်ယနေ့”နိုင်ငံတော်သီချင်း”ဟုသတ်မှတ်ထားသည့်သီချင်းတစ်ပုဒ်ဖြစ် သည်။

 

 

သီချင်းရေးစပ်တဲ့သူကစိန်မြမောင်ဖြစ်ပြီးဦးနုရဲ့တာဝန်ပေးချက်အရဦးနုရဲ့အိမ်မှာပဲရေးစပ်ခဲ့တယ်လို့သိရပါတယ်။ပထမဆုံးသီဆိုသူကတော့ရွှေညာမောင်ဖြစ်ပါတယ်။မြန် မာနိုင်ငံလွတ်လပ်ရေးရသည့်၁၉၄၈ ဇန်န ဝါရီ၄ရက်နေ့မှာနိုင်ငံတော်အလံကိုလွှင့်တင်ရမှာဖြစ်သည့်အတွက်ထိုနေ့တွင်နိုင်ငံတော် အ

 

 

လံတင်အခမ်းအနားမှာသီဆိုဖို့သီချင်းတစ်ပုဒ်လိုအပ်လာပါတယ်။သည့်အတွက်ထိုစဉ်ကနိုင်ငံတော်ဝန်ကြီးချုပ်ဦးနုကလွတ်လပ် ရေးအလံတင်အခမ်းအနားမှာသီဆိုဖို့သီ ချင်းတစ်ပုဒ်ရေးရန်ဆရာရွှေတိုင်ညွန့်အားခေါ်လာပေးရန်ဦးစိန်မြမောင်ကိုပြောဆိုခဲ့ပါတယ်။

 

 

ဦးစိန်မြမောင်ကဆရာရွှေတိုင်ညွန့်ကွယ်လွန်သွားပြီဖြစ်သည့်အတွက်မရှိတော့ကြောင်းအကြောင်းပြန်ကြားခဲ့ရာဦးနုကတခြားတေးရေးဆရာများနှင့်တိုင်ပင်ရေးသားပေးရန်ဦးစိန်မြမောင်အားထပ်မံတာဝန်ပေးအပ်လိုက်ပြန်ပါတယ်။ဦးစိန်မြမောင်ကဆရာစိန်ဝေလျှံ၊ဒဂုန်ဆရာတင်၊စောင်းဦးဘသန်း၊ဂီတာဦးစိန်အောင်နှင့်ဆရာရန်နိုင်စိန်တို့ကိုလိုက် လံခေါ်ဆောင်ခဲ့ရပါတော့တယ်။

 

 

သူတို့အား လုံးစုဝေးရောက်ရှိလာပြီးသီချင်းရေးစပ်ဖို့တိုင်ပင်ရာ၊ဆရာဦးစိန်ဝေလျှံနှင့်စောင်းဦးဘသန်းတို့တစ်ယောက်နှင့်တစ်ယောက်စကားများရန်ဖြစ်ကြရာမှသီချင်းရေးဖို့အစီအစဉ်ပျက်ပြားခဲ့ရပါတော့တယ်။

 

 

နောက်ထပ်သီချင်းရေးစပ်ဖို့မည်သူ့ကိုမျှစည်းရုံး၍မရပဲဖြစ်ခဲ့ရပြီးအကြောင်းစုံကိုဦးစိန်မြမောင်ကဦးနုထံတင်ပြရာဦးနုကဦးစိန်မြမောင်တစ်ယောက်တည်းရေးနိုင်ကရေးပေးစေလိုကြောင်းပြောကြားတာဝန်ပေးအပ်လိုက်တာဖြစ်ပါတယ်။နိုင်ငံတော်တာဝန်ဖြစ်သည့်အတွက်ဦးစိန်မြမောင်ကရဲဝံ့စွာတာဝန်ယူ၍”တရားမျှတ၊လွတ်လပ်ခြင်းနဲ့မသွေ” အစချီ”ကမ္ဘာမကြေ”သီချင်းကိုဦးနုအိမ်တွင်တစ်ယောက်တည်းရေးသားစပ်ဆိုခဲ့ရတာဖြစ်ပါတယ်။

 

 

ထိုသို့ရေးသားစပ်ဆိုရာ၌ဝိုင်အမ်ဘီအေဆ ရာတင်၏”ဒို့ဗမာ”သီချင်းသံစဉ်စာသားများကိုအခြေခံ၍”တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ”အစချီ၊ပထမခြေဆင်းပိုဒ်နှင့်”ကမ္ဘာမကြေ”ဒုတိယသံပြိုင်တို့ကိုရက်ပိုင်းအတွင်းပြီးစီးအောင်ရေးသားခဲ့နိုင်ပါတယ်။သီချင်းအစအဆုံးတစ်ပုဒ်လုံးကိုဆရာဇော်ဂျီဦး ဆောင်သောအကဲဖြတ်အဖွဲ့ကသီချင်းစာသားများ၊တစ်လုံးချင်းအသေးစိတ်စိစစ်ပြီးသီချင်းကိုအတည်ပြုခဲ့ကြတာဖြစ်ပါတယ်။

 

 

အကဲဖြတ်အဖွဲ့ကအတည်ပြုပြီးနောက်ဝန် ကြီးအဖွဲ့နှင့်လွှတ်တော်အဖွဲ့နှစ်ရပ်စလုံးကပါထပ်ဆင့်အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။

 

 

ဤသို့အဆင့်ဆင့်အတည်ပြုပြီးသော”ကမ္ဘာမကြေ”သီချင်းကိုမြန်မာ့အသံမှဒါရိုက်တာဦးခင်ဇော်ကမြန်မာနိုင်ငံသို့ခေတ္တရောက်ရှိနေသောအမေရိကန်တီးဝိုင်းတစ်ခု၏အကူ အညီဖြင့်အသံသွင်းခဲ့တာဖြစ်ပြီးသီချင်းသီဆိုသူကအဆိုတော်ရွှေညာမောင်ဖြစ်ပါတယ်ခင်ဗျာ။

 

 

ဤသို့ဖြင့်”တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ…တို့ပြေ၊တို့မြေ….များလူခပ်သိမ်းငြိမ်းချမ်းစေဖို့….ခွင့်တူညီမျှ….ဝါဒဖြူစင်တဲ့ပြည်…တို့ပြည်….တို့မြေ…ပြည်ထောင်စုအ မွေအမြဲတည်တံ့စေ…အဓိဋ္ဌာန်ပြုပေ ….ထိန် းသိမ်းစို့လေ….””ကမ္ဘာမကြေ…မြန်မာပြည်…တို့ဘိုးဘွားအမွေစစ်မို့…ချစ်မြတ်နိုးပေ…ပြည်ထောင်စုကိုအသက်ပေးလို့တို့ကာကွယ်မလေ…ဒါတို့ပြည်…ဒါတို့မြေ…တို့ပိုင်တဲ့မြေ …..တို့ပြည်….တို့မြေ….အကျိုးကို……ညီညာစွာတို့တတွေ…ထမ်းဆောင်ပါစို့လေ…တို့တာဝန်ပေ….အဖိုးတန်မြေ”..ဟူသောဤ” က မ္ဘာမကြေ”သီချင်းသည်-မြန်မာ့လွတ်လပ် ရေးနေ့အလံတင်အခမ်းအနားတွင်ယူနီယံဂျက်အလံဖြုတ်ချ၍မြန်မာနိုင်ငံတော်အလံလွင့်ထူရမည့်အချိန်၌သီဆိုရမည့်နိုင်ငံ တော်သီချင်းဖြစ်လာပါတော့တယ်။

 

 

လွတ်လပ်ရေးနေ့ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ပေး အပ်ရာတွင်ဦးစိန်မြမောင်သည်ဤကမ္ဘာမကြေသီချင်းဖြင့်ဝဏ္ဏကျော်ထင်ဘွဲ့ကိုထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပြီးဦးစိန်မြမောင်ကသူမကွယ်လွန်မီဤကမ္ဘာမကြေသီ ချင်းကိုသူရေးစပ်ခဲ့ကြောင်းခိုင်မာသောအ ထောက်အထားတို့ဖြင့်တင်ပြနိုင်ခဲ့သဖြင့်ယနေ့နိုင်ငံတော်ကသူ့အားဝိဇ္ဇာထူးချွန်ဆု (ဒုတိယအဆင့်)ချီးမြှင့်ပေးအပ်ခဲ့ခြင်းကိုခံခဲ့ရသောလေးစားထိုက်တဲ့ပုဂ္ဂိုလ်ကြီးဖြစ်ခဲ့ပါတယ်။

 

 

ရေးသူ..ဦးစိန်မြမောင်သီဆိုသူ..ဦးရွှေညာမောင်”ကမ္ဘာမကြေ”နိုင်ငံတော်သီချင်းဖြစ်ပါသည်..

Credit: Ka Kyi

Leave a Reply

Your email address will not be published. Required fields are marked *