ခါးနာနေရက်နဲ့ သမီးလေးနှစ်ယောက်ကို ချီပြီး ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ အကြောင်းပြောပြလာတဲ့ ချစ်သုဝေ (သနားလိုက်တာ ခေတ်နဲ့သစ်လေးတို့ရယ်)

ခါးနာနေရက်နဲ့ သမီးလေးနှစ်ယောက်ကို ချီပြီး ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ ချစ်သုဝေ

 

 

သရုပ်ဆောင် ချစ်သုဝေကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အနုပညာအ လုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ရှေ့ဆက်လျှောက်လှမ်းနေတဲ့ ပြည်သူချစ် မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။

 

 

သမီးလေးနှစ်ယောက်မွေးဖွားပြီးနောက် ပိုင်းမှာတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခြင်းမရှိတော့ဘဲ သီချင်းဘက်ကိုသာ ဇောက်ချလုပ်ကိုင်ဖြစ်နေတာလည်း ဖြစ်ပါတယ်။

 

 

အဆိုတော်သရုပ်ဆောင် ချစ်သုဝေဟာ မြန် မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်စဉ်ကြုံတွေ့ခဲ့ရတဲ့နေ့ကစပြီးသမီးလေးနှစ်ယောက်ကို ချီကာ ထွက်ပြေးခဲ့ရကြောင်း၊

 

 

(၈၈) အရေးအခင်းတုန်းက သူက(၄) နှစ်အ ရွယ်ဖြစ်ခဲ့သလိုအခုအာဏာသိမ်းခံလိုက်ရချိန်မှာလည်း သမီးလေးနှစ်ယောက်က (၄) နှစ်အရွယ်လေးတွေဖြစ်တာကြောင့်သမီးလေးတွေအတွက် စိတ်မကောင်းအတော်လေးဖြစ်မိကြောင်း၊

 

 

မိဘနှစ်ပါးရဲ့ တော်လှန်ရေးစိတ်ဓါတ်ပြင်း ထန်မှုကြောင့်သမီးလေးတွေ ဒုက္ခတွေနဲ့ရင် ဆိုင်နေရကြောင်းတွေကို ပြောပြလာပါတယ်။

 

 

ဘယ်ကိစ္စမဆို ပြည်သူတွေနဲ့ တစ်သား တည်းရပ်တည်ပေးတဲ့အတွက်လည်း အား လုံးရဲ့ ချီးကျုးမှုတွေကို ရရှိထားနေတာလည်း ဖြစ်ပါတယ်။

 

 

ချစ်သုဝေဟာ လက်ရှိမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောမပြတတ်အောင်ကို ဝမ်းနည်းနေတာလည်း ဖြစ်ပါတယ်။

 

 

ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီလုပ်ကိုင် ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *