မြင်သူတိုင်း ဝမ်းနည်းကြေကွဲရပေမဲ့ ချီးကျုးခြင်းခံရတဲ့ခွေးမလေး(ခွေးလေးဖြစ်နေပေမယ့် မိခင်စိတ်ဓာတ်လေးက လေးစားစရာ တစ်ချို့လူတွေထက်သာတယ်)

Unicode

တရုတ်လို “ရတနာလေးပါး” လို့အဓိပ္ပါယ်ရတဲ့ Si Bao အမည်ရှိခွေးမလေးရဲ့နာမည်ကို သခင်ဖြစ်သူက ပေးခဲ့တာဖြစ်ပါတယ်။ သို့ ပေမဲ့ Si Bao ရဲ့သခင်မှာ အခြားမြို့သို့ပြောင်းရွှေ့သွားတဲ့အခါ သူမက အိုးမဲ့အိမ်မဲ့အဖြစ် ထိုနေရာ၌သာကျန်ရစ်ခဲ့ရပါတယ်။

 

 

Si Bao ဟာ စွန့်ပစ်ခံရပြီးသိပ်မကြာခင်မှာ သူမအတွက် ကြေကွဲဖွယ်မတော်တဆမှုတစ်ခုပါထပ်ပြီးဖြစ်ပွါးခဲ့ပါတယ်။ သူမဟာ အမြန်ရထားတစ်စီးရဲ့ရှေ့မှာပြေးလွှားနေခဲ့ပြီးနောက် သူမရဲ့ခြေနှစ်ချောင်းစလုံးကို ဆုံးရှုံးသွားခဲ့ရပါတယ်။

 

 

ယခုအခါ Si Bao ဟာ သူမရဲ့ရှေ့ခြေ ထောက်နှစ်ချောင်းကိုသာအသုံးပြုနိုင်တော့သလို ဘဝက သူမကိုလုံးဝမစာနာခဲ့ပေမဲ့ သူ မဟာ အခုချိန်ထိ အသက်ရှင်ကာ ခိုင်မြဲစွာ တည်ရှိနေဆဲဖြစ်ပါတယ်။ ထို့ပြင် ယခု Si Bao ဟာ ခွေးပေါက်လေးကောင်တောင်မွေးခဲ့ပြီး ၎င်းတို့ကို သူမကိုယ်တိုင်သာ ဂရုစိုက်ပေးနေပါတယ်။

 

 

Si Bao ရဲ့ပတ်ဝန်းကျင်မှာ ကြင်နာတတ်တဲ့ဒေသခံများအမြဲရှိနေတတ်သလို Si Bao က ခွေးလေခွေးလွင့်ဖြစ်ပေမဲ့လည်း သူမက လူ အများနှင့်ဆက်သွယ်ရန် ဘယ်တော့မှမကြောက်လန့်နေပါဘူး။

 

 

ဝမ်းသာစရာကောင်းတာကတော့ ကြင်နာတတ်တဲ့လူတစ်ယောက်က Si Bao နှင့်သူမရဲ့ကလေးများကို မွေးစားရန်ဆုံးဖြတ်လိုက်တာပါဘဲ။ အဆိုပါကြင်နာတတ်တဲ့လူတစ်ယောက်ရဲ့လူနေမှုဘဝက မကောင်းမွန်ပေမဲ့လည်း Si Bao နှင့်သူမရဲ့ကလေးများကိုထောက်ပံ့ပေးနိုင်တဲ့စွမ်းရည်တော့ရှိပါသေးတယ်။

 

 

Si Bao ဟာ လမ်းများပေါ်မှာ သူမရဲ့သန်မာတဲ့ရှေ့ခြေထောက်နှစ်ချောင်းဖြင့် ထော့နဲ့ထော့နဲ့လျှောက်ပြီး သူမရဲ့ကလေးများကိုစောက်ရှောက်နေတဲ့ပုံက မြင်ရသူတိုင်းကို အလွန်ဝမ်းနည်းကြေကွဲစေပါတယ်။

 

 

သူမက ခွေးတစ်ကောင်သာဖြစ်ကောင်းဖြစ်နိုင်တယ် ၊ဒါပေမဲ့ မိခင်တစ်ယောက်အနေနှင့် သူမရဲ့ကလေးတွေအတွက် သူမတတ်နိုင်သ မျှလုပ်ပေးနေတဲ့ သူမရဲ့အပြုအမူများက ချီ းကျူးလေးစားထိုက်သည်မှာအသေအချာပါ ဘဲ။

 

 

Si Bao နှင့် သူမရဲ့ခွေးပေါက်လေးတွေက ၎င်းတို့ရဲ့မိသားစုသစ်နဲ့အတူ ပျော်ရွှင်စွာနေသွားနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ဗျာ။

Credit

Mia (Mckzone daily)

Reference : gtgoodtimes

Zawgyi


 

 


 

 


 

 


 

 


 

 


 

 


 

 


Credit

Mia (Mckzone daily)


Leave a Reply

Your email address will not be published. Required fields are marked *