ကိုယ်ဝန်ဆောင်နေသော မိန်းမဖြစ်သူနဲ့အတူ သောကတွေ ဝေမျှခံစားပြီး ကိုယ်ဝန်ဆောင် ဝတ်စုံပြည့်နဲ့ ဓာတ်ပုံ ယှဉ်တွဲ ရိုက်ခဲ့သော ချစ်တက်လွန်းသူ အမျိုးသား

Zawgyi


 

 


 

 


 

 


 

 


 

 


 

 


 

 


 

 



Reference : yan

Unicode

ကိုယ်ဝန်ဆောင်နောက်ဆုံးရက်တွေမှာ မိဘတွေက ကလေးမမွေးခင်မှာ အမှတ်တရတွေလုပ်ဖို့ ဓာတ်ပုံရိုက်လေ့ရှိပါတယ် ။

 

 

လူတစ်ဦးစီမှာ စိတ်ကူးတစ်ခုရှိသော်လည်း ယေဘုယျအားဖြင့် သူတို့က မွေးဖွားလာမဲ့ကလေးကိုကြိုဆိုရန် ပြင်ဆင်တဲ့အခါ မိသား စုရဲ့ပျော်ရွှင်မှု၊ အထူးသဖြင့် စိတ်လှုပ်ရှားမှု ခံစားမှုကို ဖြစ်စေပါတယ် ။

 

 

အခုဖော်ပြမယ့် ခင်ပွန်းသည်က စကတ်ဝတ်ထားပြီး သူ့ရဲ့ “ဘီယာဗိုက်”နဲ့ ဇနီးသည်ရဲ့ ကိုယ်ဝန်ဆောင်ဗိုက်ကို နှိုင်းယှဉ်ခဲ့ပါတယ် ။

 

 

မကြာသေးမီက လူမှုကွန်ရက်များမှာ ၎င်းရဲ့ကိုယ်ဝန်ဆောင်ဇနီးသည်ကဲ့သို့ ကြီးမားတဲ့ “ဘီယာဗိုက်” နဲ့ ခင်ပွန်းဖြစ်သူရဲ့ ထူးထူးခြားခြား ဓာတ်ပုံများကို မျှဝေခဲ့ပါတယ် ။

 

 

ဓာတ်ပုံကိုကြည့်လိုက်တော့ ခင်ပွန်းဖြစ်သူရဲ့ 6 pack က sexy ကျတယ်လို့ အင်တာနက်သုံးစွဲသူတွေက လှောင်ပြောင်ရယ်မောနေကြပေမယ့် ဒီ “ဘီယာဗိုက်” ကလည်း သူ့ဇနီးနဲ့ သားသမီးတွေကို အရမ်းချစ်ဖို့ကောင်းစေခဲ့ပါတယ် ။

 

 

ကိုယ်ဝန်ပြီးဆုံးချိန်မှာ ဇနီးသည်နဲ့ နှိုင်းယှဉ်ရုံသာမက ခင်ပွန်းသည်က အလွန်စိတ်ထက် သန်ပြီး သူက တကယ့်ကိုယ်ဝန်ဆောင်အ မျိုးသမီးကဲ့သို့ ဝတ်စုံကိုဝတ်ဆင်ထားပါတယ် ။ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံတွေက လူတွေကို တုန်လှုပ်စေခဲ့ပြီး အခြားမြင် ကွင်းများမှာ ခင်ပွန်းရဲ့မျက်လုံးများက ချစ်ခြင်းမေတ္တာနဲ့ ပြည့်နှက်နေပါတယ် ။

 

 

ယောက်ျားက သူ့မိန်းမကို တကယ်ချစ်လား သိချင်ရင် သူ့မျက်လုံးတွေကို ကြည့်လိုက်ပါ ။၎င်းတို့စုံတွဲရဲ့ ဓာတ်ပုံများက တစ်ဦးနဲ့တစ်ဦး ချစ်ကြိုက်ကြလို့ လက်ထပ်ထားတဲ့ မရေ တွက်နိုင်သောစုံတွဲများကို လှုံ့ဆော်ပေးခဲ့ပါတယ် ။

 

 

ကိုယ်ဝန်ဆောင်မိခင်များရဲ့ ဓာတ်ပုံများက အထူးအဓိပ္ပာယ်ရှိပြီး အလွန်မြင့်မြတ်လှပါတယ် ။ ၎င်းက အမှတ်တရများကို သိမ်း ဆည်းရုံသာမက အလုပ်များစွာ ထမ်းဆောင်တဲ့အခါအမျိုးသမီးများရဲ့ ကြိုးစားမှုနဲ့အနစ် နာခံမှုကိုပြသပါတယ် ။

 

 

ထို့ကြောင့် ခင်ပွန်းတို့အားလုံး သင်တို့ရဲ့ ဇနီးကိုအပြည့်အဝ အမြဲချစ်ပြီး ဂရုစိုက်ကြပါ ။

Credit-JRose (Mckzone daily)

Reference : yan

Leave a Reply

Your email address will not be published. Required fields are marked *